တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ

အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသားပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မေသန်းနု
သတင်းကြားရုံတင် မဟုတ်ဘဲ မျက်မြင်ကိုယ်တွေ့သွားပြီး လှူရမယ်၊ အားပေးစကားလည်း ပြောရမယ်ဆိုတော့ ပိုပြီးလိုက် ချင်တယ်။ ဟိုမှာကျတော့လည်း တချို့က ဒဏ်ရာသေးတာရှိသလို တချို့ကလည်း ဒဏ်ရာကြီး တယ်။ အဲဒီလို တွေ့မြင်ရတော့ သနားဖို့လည်းကောင်းတယ်။ ဆုံးပါးသွားတဲ့ စစ်သည်မိသားစု တွေအတွက်လည်း တော်တော်စိတ်မကောင်း ဖြစ်ရတယ်။ ဒဏ်ရာကြီးတဲ့သူတွေဆိုရင် အရမ်းသိချင်လို့ ကိုယ်တိုင်လည်း မေးဖြစ်တယ်။ သူတို့တွေကို အားပေးစကား ပြောရတာလည်း အရမ်းပီတိဖြစ်ရပါတယ်။
ချစ်စနိုးဦး
စစ်သားတွေကို တွေ့တဲ့အချိန်မှာ စိတ်မကောင်းဘူး။ သူတို့က တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက် တိုက်ရတာဆိုတော့ လေ။ တချို့ဆိုဒဏ်ရာတွေ တော်တော်ပြင်းပြင်းထန်ထန်ရတယ်။ အမှန်အတိုင်း ပြောရရင် ဘာမှမဖြစ်ဘဲ အေးအေးချမ်းချမ်းလေး ဆို ကောင်းတာပေါ့။ ဒါပေမဲ့ မဖြစ် မနေ တိုက်ရတယ်ဆိုတော့လည်း သူတို့ကို လေးလည်း လေးစား တယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်ပါ တယ်။ ဒဏ်ရာရတဲ့ စစ်သားတွေ အတွက်တင် မဟုတ်ဘဲ ကျဆုံး သွားတဲ့ စစ်သားတွေအတွက် လည်း စိတ်မကောင်းပါဘူး။ သူ တို့အတွက်လည်း အရမ်းဂုဏ်ယူ ပါတယ်။
ခွန်းဆင့်နေခြည်
ဒဏ်ရာရတဲ့ ရဲဘော်တွေကို လည်း တစ်ဦးချင်းစီ အစည်းအရုံးကိုယ်စားပြုပြီး အလှူငွေထည့် ထားတဲ့ စာအိတ်တွေလှူခဲ့တယ်။ အဲဒီမှာ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကိုကြည့်ပြီး တော်တော် လေး စိတ်မကောင်း ဖြစ်မိပါ တယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း တစ်ယောက်သာ ဖြစ်ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ခံစားပြီး စိတ်မကောင်းဖြစ်လို့ မျက်ရည်တွေ ဘာတွေတောင်ကျတယ်။ အန်တီဝါ(၀ါဝါအောင်) တို့ဆိုလည်း ငိုတယ်။ နိုင်ငံအတွက် ဆိုပေမယ့် သူတို့တွေလုပ်ရတာ တွေကို ကိုယ်ချင်းစာပြီး လူသား ချင်း စာနာထောက်ထားစွာနဲ့ လှူဒါန်းတဲ့သဘောပါ။
ဟန်သီ
ပြင်ဦးလွင် ဆေးရုံမှာ ဒဏ် ရာရရှိထားတဲ့သူတွေကို အားပေး စကားတွေ ပြောဖြစ်တယ်။ သူတို့ ကို  ကြည့်ရတာ အရမ်းစိတ်မ ကောင်း ဖြစ်တယ်။ ကိုယ့်နိုင်ငံအ တွက် အရဲစွန့်တိုက်တဲ့အတွက် အရမ်းလည်း ကျေးဇူးတင်တယ်။ ကိုယ်တိုင်သွားလှူရတဲ့အတွက် ပီတိလည်း ဖြစ်တယ်။ သူတို့ကို အားပေးဖြစ်တာကတော့ ဘယ် တော့မှ အားမလျှော့ကြပါနဲ့။ အ မြန်ဆုံးနေကောင်းပါစေလို့ ဆု တောင်းပေးခဲ့တယ်။ နောက်ပြီး ဒီတိုက်ပွဲတွေ မြန်မြန်ပြီးပါစေလို့  လည်း ဆုတောင်းဖြစ်တယ်။
မင်းဦး
ဒဏ်ရာရတဲ့ လူတွေနဲ့ စစ်ဘေးရှောင်တဲ့ လူတွေကိုသွားလှူ တာ။ ကျွန်တော်တို့သွားတဲ့အ ချိန် မေမြို့စစ်ဆေးရုံမှာ တပ်မတော်သားတွေက နည်းနည်း တော့ သက်သာနေကြပါပြီ။ ဒါပေမဲ့သူတို့ဖြစ်ထားတာကလည်း တော်တော်ဆိုးဆိုးရွားရွား   ဖြစ်ထားတာလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်စစ် ဆိုတာကတော့ မဖြစ်ရင် အ ကောင်းဆုံးပေါ့။ ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်ရင်တော့ အကောင်ဆုံး ပဲ။ အဲဒါကြောင့် မြန်မာပြည်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် စစ်တွေ မဖြစ်ပါစေနဲ့လို အားလုံးက ဆုတောင်းနေကြတာပါ။
လူမင်း
ရုပ်ရှင်သည် ပြည်သူ့အ တွက်ဆိုတဲ့အတိုင်း တပ်မတော် သားတွေဆိုတာကလည်း ပြည်သူ တွေက မွေးဖွားပေးလိုက်တဲ့ ပြည်သူ့သားသမီးတွေပဲဆိုတော့ သူတို့အသက်တွေပေးရတယ်။ ခန္ဓာကိုယ်တွေ ပေးလှူရတယ်။ ဒဏ်ရာတွေရတယ်ဆိုတာ အင် တာနက်စာမျက်နှာတွေ၊   ဖေ့စ် ဘွတ်ခ်စာမျက်နှာတွေမှာ တွေ့ရ၊ ဖတ်ရ၊ သိရတဲ့အခါ အနုပညာရှင် အနေနဲ့လည်း အဲဒီအပေါ်မှာ ၀မ်း နည်းကြောင်းတွေ ရေးထားတာ တွေ့ရတယ်။ အဲဒါကြောင့် အား လုံးစုစည်းပြီး အလှူငွေ လှူတယ် ဆိုတာထက် ကိုယ်တိုင်ကိုယ်ကျ လည်း ဒဏ်ရာရတဲ့သူတွေကို သွားရောက်အားပေးပြီး လှူဒါန်း ခဲ့တာပါ။ ရှေ့တန်းမှာ တိုက်ပွဲ ဆင်နွှဲနေတဲ့ တပ်မတော်သား တွေရော၊   စစ်ဘေးရှောင်နေတဲ့ သူတွေကိုရော   အားလုံးကိုခွဲပြီး လှူဒါန်းခဲ့တာပါ။ လူဆိုတာ သေ မှာအကြောက်ဆုံးပဲ။ အဲဒါကို မကြောက်ဘဲ အသက်စွန့်တဲ့ ရဲ ဘော်တွေစွန့်တယ်။ ကိုယ်တို့ တွေ့ခဲ့ရတဲ့ ဒဏ်ရာရတဲ့ ရဲဘော် တွေဆိုရင်လည်း တကယ်ကို ပြင်း ပြင်းထန်ထန် ဆိုးဆိုးရွားရွား ဒဏ်ရာတွေရပြီး မသေလို့ ကျန် ခဲ့တာ။ သူတို့ရတဲ့ ဒဏ်ရာတွေအ ကြောင်း ဆရာဝန်ကြီးတွေ ရှင်းပြ တဲ့အခါတော်တော့်ကို ကြောက် စရာကောင်းလို့လေးလည်း လေး စားသလို စာလည်း စာနာမိပါ တယ်။ ဂုဏ်လည်း ဂုဏ်ယူမိပါ တယ်။
Source:http://7daydaily.com/story/32471#.VO7UXPnF9B0
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment