ဂျပန်ရင်းနှီးမြှုပ်နှံမှု ၂၀၁၅ ရွေးကောက်ပွဲပြီးမှ တိုးမြှင့်မည်ဟု ရှင်ဇိုအာဘေးပြောကြား



မြန်မာနိုင်ငံတွင် ဂျပန် ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၅ ရွေး ကောက်ပွဲပြီးမှသာ တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဂျပန် နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုန် သည်စက်မှုအသင်းချုပ်၌ ကျင်းပ ပြုလုပ်သည့် ဂျပန်-မြန်မာ စီးပွား ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးသို့ပေးပို့ သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
(၁၁)ကြိမ်မြောက် ဂျပန်- မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးတွင် ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေး ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်ကြီး တာတဲရှီ ဟီဂူချီက ဖတ်ကြားခဲ့သည်။
‘‘ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်လို့ စီးပွားရေးပြုပြင် ပြောင်းလဲရေး လမ်းကြောင်း အတွက် အရေးပါတဲ့အချိန်ဖြစ်နေ ပါပြီ။ ဂျပန်နိုင်ငံကလည်း မြန်မာအတွက်ရွေးကောက်ပွဲပြီးနောက် ပိုင်းစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်သွားမှာပါ’’ ဟု ရှင်ဇိုအာဘေး၏ သဝဏ်လွှာကို ဂျပန်သံအမတ်ကြီးက ဖတ်ကြားသည်။
(၁၀)ကြိမ်မြောက်အစည်း အဝေးကို ဂျပန်နိုင်ငံတွင် ၂၀၁၄ ဇန်နဝါရီက ကျင်းပခဲ့ပြီး ယခု (၁၁)ကြိမ်မြောက်ကို ကုန်သည် စက်မှုအသင်းချုပ်၌ ဖေဖော်ဝါရီ၂၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လည်း သဝဏ်လွှာပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဝဏ် လွှာကို စီးပွားကူးသန်းဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဖတ်ကြားခဲ့ပြီး သဝဏ်လွှာတွင်
သမ္မတကဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွား ရေးပြုပြင်ပြောင်းလဲမှုအရှိန်မြှင့်ချိန်၌ များစွာအကူအညီ အ ထောက်အပံ့များ ပေးခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။ ‘‘ဂျပန်က မြန်မာနိုင်ငံမှာ တရုတ်လို ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်ချင်တယ်။ ဒါပေမဲ့ လက်ဦးမှုယူဖို့ နောက်ကျခဲ့တာ တွေရှိခဲ့တယ်။ ပြီးတော့ တာဝန် ယူမှု၊ တာဝန်ရှိမှုအပိုင်းမှာ တရုတ်ထက် အများကြီးသာတယ်။ ဒါ ကြောင့် သူတို့က အရာရာမှာ စောင့်ကြည့်လေ့လာပြီးမှ လုပ် တာ’’ ဟု Moving Forward မှ စီးပွားရေးပညာရှင်က ဦးလှမောင်က သုံးသပ်သည်။
ဂျပန်နိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (JMBCC) ၏ ထုတ် ပြန်ချက်များအရ ဂျပန်သည် မြန်မာနိုင်ငံအတွက် တတိယ မြောက်အကြီးမားဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်ပြီး လူသုံးကုန်ပစ္စည်း များတင်သွင်းမှုနှင့် မော်တော် ယာဉ်တင်သွင်းမှုတွင် ယခုနှစ် အတွင်း ဆက်တိုက်မြင့်တက်လာ သည့် ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောသည်။
Source:http://7daydaily.com/story/32590#.VO7WPPnF9B0
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment