ဆန္ဒပြအလုပ်သမားများအား ဆူပူအကြမ်းဖက်သူအဖြစ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြမှုများ ဝေဖန်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဆန္ဒပြ အလုပ်သမားများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ရာ၌ ““ဆူပူအကြမ်းဖက် ဆန္ဒပြအလုပ်သမားများ””ဟု သုံးနှုန်းထားမှုအပေါ် ဝေဖန် မှုများ ဖြစ်ပေါ်လျက် ရှိသည်။

လုပ်ခလစာ တိုးတောင်းကာ ဆန္ဒထုတ်ဖော်သော အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက အကြမ်းဖက်တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများ အပါအ၀င် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုး လှုံ့ဆော်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရာ၌ ယခုကဲ့သို့ ထည့်သွင်း ရေးသားထားခြင်းဖြစ်သည်။…

““အဲဒီ အသုံးအနှုန်းလေးတွေ့လိုက်လို့ အန်တီတောင်မှ တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ဒီလိုမျိုး မိမိရဲ့ အခွင့်အရေး ရဖို့အတွက် တိုက်ပွဲဝင်တဲ့သူတွေကို ဆူပူတဲ့သူ၊ အကြမ်းဖက်တဲ့သူလို့ ပြောတာဟာ မစာနာရာ ရောက်တာပေါ့။ အထူးသဖြင့် အစိုးရက သုံးနှုန်းတယ်ဆိုတာ မဖြစ်သင့် မဖြစ်ထိုက်ဘူးပေါ့။ မိဘနဲ့ သားသမီးကြားထဲမှာ ဒီလိုအသုံးအနှုန်းတွေ သုံးတာဟာ ဒါမိဘက သားသမီးလို့ မသတ်မှတ်တာကိုပြနေ တယ်လေ။ အန်တီသာဆို သုံးမှာ မဟုတ်ဘူး။ တော်တော် စိတ်မကောင်းဘူး””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်လိုက်သည်။

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် အတွင်းရှိ Eland Myanmar စက်ရုံရှေ့တွင် စက်ရုံ ၃ ရုံမှ အလုပ်သမား ၂၀၀၀ ကျော် စုပေါင်းသပိတ် ဆင်နွှဲ ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက် ညနေတွင် အဆိုပါ သပိတ်စခန်းအား အစိုးရက ဖြိုခွင်းခဲ့ကာ အလုပ်သမား ခေါင်းဆောင်အချို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

““ဥပဒေအမြင်နဲ့ ပြောရရင်တော့ အလုပ်သမားတွေက ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်တာကို ဆူပူမှုအနေနဲ့ သတ်မှတ်တယ်ဆိုတာ မဆလခေတ်က အသုံးအနှုန်းပေါ့။ အဲဒီလို အသုံးအနှုန်းမျိုးကတော့ ပြဿနာ ကို ပြေလည်စေဖို့ဆိုရင် မသုံးနှုန်းသင့်ဘူး။ ဘာတွေဆူပြီး ဘာတွေပူလို့ ဘာတွေ ပြဿနာတက်လို့လဲ။ ဆူပူမှုဆိုတဲ့ အသုံးအနှုန်းက မမှန်ကန်ဘူးဗျ။ မဆလခေတ်မှာ တစ်လျှောက်လုံး သုံးပြီးတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်လာတဲ့ အသုံးအနှုန်းသာဖြစ်လို့ ကျွန်တော်တို့က လက်မခံဘူး””ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment