ဗိုလ်ချုပ်အောင်ဆန်း အားရမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: 8888 NEW GENERATIONS
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိမယ်ဆို ရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဒီနေ့ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ဖေဖေသာရှိခဲ့လို့ရှိရင် ဒီနိုင်ငံရဲ့ တိုးတက်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများသုံးသပ်မလဲ ဆိုတာ ပြည်သူလူထုကို ကြိုးစားစေချင်တယ်၊ အားရပါးရ အားရမယ်လို့လည်း ကျမ လိုချင်တယ်၊ အဲ့ဒီတော့ အားရအောင်လို့ ဖေဖေ့လို နိုင်ငံ့ရဲ့ လွတ်လပ်ရေးရဖို့ဆိုပြီး ကြိုးစားသွားတဲ့ တခြား အာဇာနည်ခေါင်းဆောင်ကြီးများ၊ မျိုးချစ်ပုဂ္ဂိုလ် ကြီးများ အားရနိုင်အောင်လို့ ပြောခဲ့တဲ့ မျိုးဆက်တွေ အများကြီးဆက်ပြီးတော့ လုပ်ဖို့လိုသေးတယ်၊ ခေတ်အဆက်ဆက် သူ့တာဝန်နဲ့သူကျသွားတာပဲ၊ အဲ့ဒါတွေကို ကျေပွန်နိုင်ဖို့ ထမ်းဆောင်ဖို့ဆိုတာဟာ ကျမတို့ ရှောင်လွှဲလို့မရပါဘူး"

ဟင်္သာတမြို့၊ ပြည်သူ့ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ဒေသခံ လူဦးရေ ငါးသောင်းခန့် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပြင် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်လည်း တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည်ဂုဏ်ပြုပွဲကို ပြည်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-urges-help-country-development-gen-aung-san-02282015100207.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment