အစားအစာနဲ့ အိပ်ယာ ရောသုံးကြတဲ့အခါ


Thiha Naing
အစားအစာတွေကို ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်တွေအနေနဲ့ အိပ်ရာထဲမှာ အသုံးချရတာ တကယ့်ကို လန်းပါတယ်။ မှန်မှန်ကန်ကန် သုံးစွဲတတ်မယ် ဆိုရင်ပေါ့လေ။ အသုံးပြုထုံးတွေနဲ့ ပတ်သက်ပြီး စာရေးဆရာမ ဒေါက်တာ Jennifer Landa ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒေါက်တာ Jennifer Landa ဟာ ‘အမျိုးသမီးများအတွက် ကာမဆန္ဒဖြေဖျောက်နည်း’ စာအုပ်ကိုရေးသားခဲ့သူဖြစ်ပြီး၊ BodyLogicMD နဲ့ ဆေးဘက်ဆိုင်ရာအရာရှိချုပ်တစ်ဦးဖြစ်ပါတယ်။
၁။ချိုမြိန်ပါစေ။
ချောကလက်နဲ့ မလိုင်တွေကို အသုံးချနိုင်ပါတယ်။ သင့်အမျိုးသားကို မျက်လုံးကို ပုဝါစည်းထားပြီး ချစ်တင်းမနှောခင် နမ်းရှုပ်သုံးသပ်ခြင်းနဲ့အတူ အစပျိုးပါ။ ကီဝီသီး၊ သရက်သီး၊ တလည်းသီးစတဲ့ အရသာရှိရှိအသီးတွေကို တစ်ပါတည်း ခံစားရတာပေါ့။ အခြားကာမခလုတ်တွေကိုလည်း ရေခဲတုံး၊ ချိုချဉ် စတာလေးတွေနဲ့ ကလိလို့ရပါတယ်။
၂။ ချစ်တင်းမနှောခင် နမ်းရှိုက်သုံးသပ်ရာမှာ အသုံးချပါ။
ချစ်တင်းနှောရာမှာ အစားအသောက်တွေက အာရုံငါးပါးစလုံးကို ခံစားထိတွေ့မှုပေးပါတယ်။ မလိုင်၊ ပျားရည်၊ ချောကလက် စတဲ့ တစ်ခုခုကို ချစ်တင်းမနှောခင် ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး နမ်းရှိုက်သုံးသပ်ပါ။ သင်တို့ရဲ့ အထွတ်အထိပ်ကာလ ကို ပိုမိုအသက်ဝင်လာစေမှာ သေချာပါတယ်။
၃။ ဒါတွေကို အပြင်မှာထားခဲ့။
သခွားသီး၊ ငှက်ပျောသီးစတာတွေကို အမျိုးသားအဂါင်္တု အစားထိုးအနေနဲ့ ပျော်စရာအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအင်္ဂါနဲ့ နူးညံ့တဲ့ ဘက်တီးရီးယား ထိန်းညှိုမှုနဲ့ မကိုက်ညီတာတွေ ဖြစ်တတ်ပြီး အခြား ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့တော့ သခွားသီး၊ ငှက်ပျောသီးတွေကို မသုံးပါနဲ့၊ စားပဲစားပါ။
အုန်းဆီကိုလည်း ဒီလိုသုံးနိုင်သေး။
အုံးဆီဟာ အရမ်းအံ့သြစရာကောင်းတဲ့ အစာတစ်မျိုးပါ။ ဟင်းချက်ဆီလို အသုံးတဲ့လှသလို ချစ်တင်းနှောတဲ့ အခါမှာလည်း ကျန်းမာရေးချောဆီအဖြစ်သုံးနိုင်ပါတယ်။ အခြားအနံ့တွေဟာ အုန်းဆီကို အလွယ်တကူ လွှမ်းသွားနိုင်တဲ့အတွက် အခြားသဘာဝပစ္စည်း တွေကို ရောနှော အသုံးပြုနိုင်ပါတယ်။ မရွံတတ်ဘူးဆိုရင် ပါးစပ်ထဲမှာတောင် ချောဆီအဖြစ် တစ်ခါတည်းဖျော် နိုင်ပါတယ်။
၅။ သကြားကို ဟိုဟာနဲ့ ဝေးဝေးထား။
သကြားအလွန်အကျွံ သုံးရင် ကျန်းမာရေးအတွက် ထိခိုက်နိုင်စေနိုင်သလို သင့်အမျိုးသမီးအင်္ဂါအတွက်လည်း မကောင်းပါဘူး။ သကြားဓါတ်ကြောင့် တဆေးထွက်နှုန်းများလာပြီး မနှစ်မြို့ဖွယ် ကူးစက်ရောဂါတွေ လဲ ရလာနိုင်ပါတယ်။ ရေခဲချောင်း၊ သစ်သီး စတဲ့ ချိုတဲ့အရာတွေကို အိပ်ရာထဲမှာ အသုံးချမယ်ဆိုရင် အမျိုးသမီးအင်္ဂါနဲ့ ဝေးဝေးထားပါ။                                                
Ref:COSMOPOLITAN
Source:http://www.trend.com.mm/2015/02/13/relationships-5774
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment