တရက်အတွင်းအစိုးရတပ်များ သုံးကြိမ်ခြုံခိုတိုက်ခိုက်ခံရ


ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တပ်တို့အကြား တရက်အတွင်းတိုက်ပွဲများ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း တိုင်းရင်းသား တပ်ဖွဲ့များအား လိုက်လံတိုက်ခိုက်သည့် အစိုးရတပ်များ ခြုံခိုတိုက်ခိုက်ခံရကြောင်း ဒေသခံ များကပြောသည်။

“မနေ့က တာမိုးညဲ နဲ့ မုန်းစီးကြားမှာ နေ့ခင်းပိုင်း တနာရီကျော်က တိုက်ပွဲတခါဖြစ်တယ်။ ၁ နာရီခွဲကြာ တယ်။ မွန်းလွဲပိုင်း သုံး နာရီကျော်ကျော်လောက်မှာတော့ ကုန်းဆာ နဲ့ နမ့်ဝမ်းကြားမှာ တနာရီနီးနီး တိုက်ပွဲထပ်ဖြစ်တယ်။ အခု ဗမာတပ်တွေ ရွာဘက်ကို တဖွဲ့ပြီးတဖွဲ့ ဝင်ထွက်နေတယ်။ တောပိုင်းမှာ လဲ သွားပြီးနေရာယူထားတယ်။ လူထု လယ်ယာ မဆင်းရဲဘူး။ သူပုန်အဖွဲ့ကို မကြောက်ရဘူး။ ဖမ်းဆီးရိုက်နှက် သတ်ဖြတ် တတ်တာ ဗမာစစ်ကြောင်းဘဲ၊ သူတို့ကို လုပ်ခွင့်အာဏာ အစိုးရက ပေးထား တယ်ဆိုလို့ ပိုကြောက်ရတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံ ဦးမာလက ပြောသည်။

ထို့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးဌာနကလည်း အစိုးရ နှင့် တိုက်ပွဲတွင် ၎င်းတို့ဘက်ထိခိုက်ကျဆုံးမှုမရှိ၊ အစိုးရတပ်ဘက် ၃ ထိမှန်သေဆုံးကြောင်း ထုတ်ပြန် ထား သည်။

“ကျနော်တို့တပ်ရှိတယ်ထင်တဲ့ နေရာတွေကိုလက်နက်ကြီးနဲ့လှမ်းထုတယ်။ မနေ့တုန်းကတော့ ကျနော်တို့ တိုက်ပွဲဖြစ်သာ ၃ နေရာ။ အစိုးရတပ်ဘက် သုံးဦးသေတယ်” - ဟု TNLA ပြန်ကြားရေး ဌာနမှူး ဗိုလ်ကြီး တာ့အိုက်ကျော်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုပေါင်းပြီး အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် အချုပ်အခြာအာဏာကို ထိပါးလာနေသည်ဟုဆိုကာ ကိုးကန့်ဒေသအား စစ်ရေးဖြင့်အုပ်ချုပ်ရန် နိုင်ငံ တော်သမ္မတ က တပ်မတော်ကို သုံးလအာဏာပေးထားသည်။

တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ မြန်မာ တိုင်းရင်းသားများ မဟာမိတ် တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA စသည့် တပ်ဖွဲ့များလည်း ပါဝင်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment