လူသားချင်းစာနာမှုကူညီပေးရန် ကွမ်းလုံကို ကြက်ခြေနီအဖွဲ့များ ရောက်ရှိ

ဓာတ်ပုံ - Andreas Weissenberg / IFRC
စစ်ဘေးရှောင်လာသူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လောက်ကိုင်တိုက်ပွဲ ရှေ့တန်းကယ်ဆယ်ရေးစခန်းမြို့ဖြစ်တဲ့ ကွမ်းလုံမြို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်တွေ ဒီနေ့ရောက်ရှိသွားကြပါတယ်။

အိုင်စီအာစီကိုယ်စားလှယ် ၃ ယောက်နဲ့ မြန်မာကြက်ခြေနီအဖွဲ့က ကိုယ်စားလှယ် ၂ ယောက်တို့ ကွမ်းလုံရောက်လာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးတယ်လို့ ကွမ်းလုံမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းညိုက ပြောပါတယ်။

“ရောက်လာပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဘာတွေလုပ်နေလဲဆိုတာ သူတို့ လက်တွေ့ကြည့်တယ်။ ကျနော်တို့ ဘာတွေလိုအပ်ချက်ရှိလဲ မေးတယ်။ လိုအပ်ချက်အသီးသီး ပြောလိုက်တော့ သူတို့က ထောက်ပံ့ပေးဖို့ကြိုးစားမယ်ပြောတယ်။ သူတို့နဲ့အတူ စောင်တွေ အ၀တ်အစားတွေ ပါလာတယ်။ သူတို့ မလာခင်ကြိုမေးထားလို့ ပြောထားတဲ့ ဆေးရုံမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ တခါတည်း ယူလာခဲ့ပေးတယ်။”

ကယ်ဆယ်ရေးကားမှောက်လို့ လူနာအများအပြား ဆေးရုံရောက်လာတဲ့အခါမျိုးမှာ နေရာထိုင်ခင်း မလုံလောက်တဲ့အတွက် အရေးပေါ် ရွက်ဖျင်တဲတွေ ထောက်ပံ့ပေးဖို့ အိုင်စီအာစီက ကတိပေးတယ်လို့လည်း ပြောပါတယ်။
ကွမ်းလုံရှေ့တန်းကယ်ဆယ်ရေးမြို့ ဆေးရုံမှာ လက်ရှိ ဆရာဝန် ၄ ယောက်၊ သူနာပြု ၁၃ ယောက်၊ စေတနာ့ဝန်ထမ်းကယ်တင်ရေးလုပ်သား ၆၀ ကျော်နဲ့ မြို့နယ်ကြက်ခြေနီ အပါအ၀င် စုစုပေါင်း ကယ်ဆယ်ရေးအင်အား ၁၀၀ ကျော်နဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။

လောက်ကိုင်က ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ချင်းရွှေဟော်မှာ သွားရောက်ခေါ် ယူကယ်တင်ပြီး ကွမ်းလုံမှာ ပြုစုစောင့်ရှောက်ပေးကာ လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်ပေးနေ တာလည်း ဖြစ်ပါတယ်။

လတ်တလော ကွမ်းလုံကပဲ ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်သေး တာဖြစ်ပြီး ချင်းရွှေဟော်ဂိတ်မှာ ကယ်ဆယ်ရေးလုပ်နိုင်ဖို့ အိုင်စီအာစီအပါအ၀င် နှစ်နိုင်ငံ အစိုးရနဲ့ ကြက်ခြေနီတို့ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

လောက်ကိုင်တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ဒီနေ့ထိ ကွမ်းလုံရှေတန်းကယ်ဆယ်ရေးစခန်းက စစ်ပြေးဒုက္ခ သည်ပေါင်း ၅၀၀၀ ကျော် ကူညီကယ်တင်နိုင်ခဲ့ပြီး  မော်တော်ယာဉ် ၁၀စီးနဲ့ ခေါက်ရေ ၇၀ကျော် သယ်ယူပို့ ဆောင်ပေးနိုင်ခဲ့ပါတယ်။

လတ်တလော စစ်ပွဲအခြေအနေအရ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့အကြားမှာပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ပြီး ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့  ကိုးကန့်ဒေသတိုက်ပွဲအတွင်း တပ်မတော်ဘက်က ၅၀ ကျော်၊ ကိုးကန့်တပ်ဖွဲ့ဘက်က ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထား ပါတယ်။

တိုက်ပွဲကာလမှာ ကြက်ခြေနီအလံလွှင့်ထားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေလည်း တိုက်ခိုက်ခံရပြီး အနည်းဆုံး  ကြက်ခြေနီ အမှုထမ်း ၃ ဦးဒဏ်ရာရရှိသွားပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83217
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment