နှလုံးရောဂါမဖြစ်စေဖို့ ကြိုတင်ကာကွယ်စို့

နှလုံးရောဂါမဖြစ်စေဖို့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘယ်လို ကာကွယ်စောင့်ရှောက် ရမယ်ဆိုတာကို ပိုပြီး နားလည်လာဖို့အတွက် နှလုံးအထူးကု ဆရာဝန်ကြီးဒေါက်တာမာ့ခ် ကွန်းဟိုနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။
နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းဟာ အချိန်တိုင်း မြင့်တက်နေပါတယ်။ အဲ့ဒီ့အတွက် နှလုံးကျန်းမာရေးကောင်းအောင် ဘယ်လိုနေထိုင် သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။
၁။ ကျွန်တော်တို့မှာ နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် များနေပြီလား ဆိုတာကို ဘယ်လိုများသိနိုင်မှာပါလဲဆရာ။
နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အလားအလာ မြင့်တက်စေတဲ့ အန္တရာယ်ရှိ အချက်အလက် အချို့ရှိပါတယ်။ တချို့ ကိုကျန်းမာရေးအခြေအနေ တိုးတက်အောင် လုပ်ပေးနိုင်သလိုတချို့ကျတော့ လည်းမရတော့ပါဘူး။ အသက်အရွယ်၊ အမျိုးသမီး၊ အမျိုးသားနဲ့ မျိုးရိုးလိုက်မှု ပေါ်မှာ မူတည်ပြီးတော့ ကျန်းမာရေးအခြေအနေ တိုးတက်အောင် လုပ်ပေးလို့မရပါဘူး။ အသက်အရွယ် ရလာတာနဲ့အမျှ  နှလုံးရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကလည်း မြင့်တက်လာပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နှလုံးရောဂါ ပိုမိုဖြစ်ပွားပါတယ်။ ဒါဟာအမျိုးသမီးတွေ သွေးမဆုံးခင်ထိ နှိုင်းယှဉ်ချက်ပါ။ မျိုးရိုးလိုက်လို့ ဖြစ်လာတဲ့ နှလုံးရောဂါဟာ အဆိုးဆုံးပါပဲ။
ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှု များတာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ အ၀လွန်တာ၊ အညောင်းထိုင်တာတွေကြောင့် ဖြစ်တဲ့ နှလုံးရောဂါတွေကိုကျတော့ နှလုံးကျန်းမာရေးအခြေအနေ တိုးတက်လာအောင် လုပ်ပေးလို့ရပါတယ်။
၂။ ဘာတွေက နှလုံးရောဂါကို အဓိကဖြစ်စေတာပါလဲဆရာ။
ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ ဆီးချိုရောဂါဖြစ်တာ၊ အ၀လွန်တာ စတာတွေကြောင့် နှလုံးရောဂါဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေထဲက တစ်ခုလောက်ဖြစ်ရင်တောင် နှလုံးရောဂါဖြစ်ပွား နိုင်နှုန်းဟာ ၃ဆကနေ၊ ၅ဆထိ မြင့်တက်လာပါတယ်။ နှစ်ခု၊ သုံးခုလောက် ဖြစ်ရင် တော့ ပိုဆိုးပြီပေါ့။
၃။ အမျိုးသမီးတွေ အနေနဲ့ နှလုံးရောဂါမဖြစ်ဖို့ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးကာကွယ်စောင့်ရှောက်သင့်ပါသလဲဆရာ ။
အဓိကအချက်ကတော့ ကျန်းမာအောင် စားသောက်ဖို့ပါပဲ။ ကျန်းမာအောင် စားသောက် ပါတယ်ဆိုတဲ့ နေရာမှာပြောရတာ လွယ်ပေမယ့် ကိုယ်စားသောက်လိုက်တဲ့ အရာတွေက ကျန်းမာရေးအတွက် သင့်တော် ရဲ့လားဆိုတာကို တကယ်ပဲ ဝေခွဲရခက်ပါတယ်။ ဟင်းသီးဟင်းရွက် များများစားပေးရင်တော့ ကျန်းမာရေးအတွက် ပိုပြီး သင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက် စားတဲ့နေရာမှာလည်း အရောင်အသွေးစုံအောင် စားပေးဖို့ လိုပါတယ်။ ငါးစားရင်လည်း ကောင်းပါတယ်။ အရန်သင့် အစားအစာတွေကို ရှောင်ပါ။ သကြားနဲ့ဆားကို များများမစားပါနဲ့။                
Ref:herworldplus
Thiha Naing
Source:http://www.trend.com.mm/2015/02/26/health-5899
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment