ကြက်ခြေနီအလံ ပြန်ပေးပါ


ကြားနေအဖွဲ့အစည်း ပီသချင်တယ်
မူလတန်းကျောင်းသားဘဝ ကျောင်းကြက်ခြေနီအသင်းမှစကာ ယနေ့တိုင် ကြက်ခြေနီအသင်းတွင် စိတ်ပါလက်ပါစေတနာ့ဝန်ထမ်းခဲ့သော ကြက်ခြေနီအသင်းဝင် ဖြူးမြို့ သား ကိုထွန်းကိုကိုက သူ့အတွက် အမှတ်အရဆုံးက ယမန်နှစ်က ခရီးသည် ၁၁ ဦးသေဆုံးခဲ့ရသော ရန်ကုန်-နေပြည်တော် အမြန်လမ်းမပေါ်မှ ယာဉ်တိမ်းမှောက် မှုဖြစ် သည်ဟု ဆိုသည်။ ယင်းမတော်တဆဖြစ်ရပ်တွင် ဒဏ်ရာရရှိခဲ့သော အမေရိကန်နိုင်ငံသား Glenn Washburn က အခင်းဖြစ်ရာသို့ ရောက် ရှိလာပြီး ရှေး ဦး သူ နာပြုစုနည်းဖြင့် ကူညီပေးခဲ့သော ကြက်ခြေနီတို့၏ လုပ်ရပ်ကိုတကူးတက ထုတ်ဖော်ချီးမွမ်းခဲ့သည်။
”သူတို့ဟာ ကားမှောက်တဲ့ နေရာကို ၁၅ မိနစ်အတွင်း ရောက်လာပြီးလုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်ပဲ လုပ်သွားကြတယ်။ တကယ့်ကို ကျွမ်းကျွမ်းကျင် ကျင်နဲ့ စေ တနာပါပါနဲ့ ကူညီ ပေးခဲ့တာကို ကျွန်တော်မမေ့နိုင်ဘူး” ဟု သူက ဆိုသည်။  ”အဲ့ဒီတုန်းက ကျွန်တော်ဘာသွားတွေ့လဲဆိုရင် အနားမှာဝိုင်းကြည့်နေတဲ့သူတွေ အများကြီး။ ဒါပေမဲ့ သူတို့ ရှေးဦးသူနာပြုစုနည်းကို မတတ်ထားကြတော့ ကျွန်တော်တို့နဲ့အတူ ဒဏ်ရာရတဲ့သူတွေကို ကူညီပေးလို့မရဘူး ဖြစ်နေတယ်”ဟု လက်ရှိ ရန်ကုန်မြို့ရှိ Digital Cottage စီးပွားရေးလုပ်ငန်းတွင်လုပ်ကိုင်နေသော ကိုထွန်း ကိုကိုက ပြောသည်။
”တကယ်တော့ ကျွန်တော်တို့ ကြက်ခြေနီမှာဝင်လုပ်နေတယ်ဆိုတာ စိတ်ဓာတ်တစ်ခုတည်း နဲ့ပါ။ လုံးဝပရဟိတပါ။ ဒါပေမဲ့ ကြက်ခြေနီနဲ့ မဆိုင်တဲ့အလုပ်တွေမှာ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ကို ဆွဲသုံးနေတာကြောင့် ကြက်ခြေနီဟာ အများ အမြင်မှာ ကြက်ခြေနီမပီသဘူး ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကတော့ ပရဟိတစိတ်နဲ့ ဘယ်ဘက်ကိုမဆို ကူညီပေးဖို့အမြဲအသင့်ရှိနေပါတယ်”ဟု ကိုထွန်းကိုကိုက ပြောသည်။  သို့ရာတွင်  ထွန်းကိုကို၏ မျှော်မှန်းချက်သည်လက်တွေ့နှင့် အနည်းငယ်ကင်းကွာနေသည်လား ဟုထင်မြင်ရသည်။
”ကချင်မှာဖြစ်နေတဲ့ စစ်ပွဲမှာဆိုရင် ကျွန်တော်တို့ ကေအိုင်အေထိန်းချုပ်ဒေသထဲ သွားလို့ မရဘူး။ သူတို့က ကျွန်တော်တို့ကိုမယုံဘူး။ အဲ့ဒီတော့ တရုတ်ဘက်က ကြက်ခြေနီကို အကူအညီတောင်းပြီး လိုင်ဇာကတစ်ဆင့် ဒုက္ခသည်တွေဆီ အထောက်အပံ့ပစ္စည်း ပို့ခဲ့ရတာတွေရှိတယ်” ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်လှ က ပြောသည်။  ဝေးလံသော တိုင်းရင်းသား ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ကျော ပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့၏ ဒါရိုက် တာဖြစ် သူ စောေ ကျာ်ဝင်းကမူ ”ကျွန်တော်တို့ ကရင်ပြည်နယ်ဘက်မှာဆို အရင်တိုက်နေကြတုန်းက စစ်တပ်က ကြက်ခြေနီယောင်ဆောင်ပြီး နယ်မြေသတင်း ထောက် လှမ်း တာတွေရှိ ခဲ့ဖူးတော့ လက်နက်ကိုင်တွေက ကြက်ခြေနီအပေါ် မယုံကြ ဘူး။ အဲ့ဒီတော့ ပေးမဝင်ဘူး။ ရန်မပြုပေမယ့် အရမ်းသတိထားစောင့်ကြည့်တာတွေ ရှိခဲ့ တယ်”ဟု ပြော ပါ သည်။
လတ်တလော ဖြစ်ပွားနေသော ရှမ်းပြည် နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း တိုက်ပွဲများကြားက ကြက်ခြေနီယာဉ်တန်း တိုက် ခိုက်ခံရသည့် ဖြစ်ရပ်များက ယင်းသံသယအခြေ ခံများကြောင့် ဖြစ်နိုင်ဖွယ်ရာရှိမည်ဟု အများက ယူဆကြသည်။  ”ကြက်ခြေနီကို  လက်နက်ကိုင်တွေက အစ ကတည်းက သံသယနဲ့ ကြည့်နေ တဲ့အထဲ အခု အတိုက်ခံရတဲ့ ယာဉ်တန်းမှာ သူတို့ လိုက်နာရမယ့် အရာတွေ မပြည့်စုံပါဘူး။ ဒါ့ကြောင့် အတိုက်ခံရတာလို့ပဲ မြင်ပါတယ်။ အိုင်စီအာစီက ကချင်ကို သွား တုန်းကတောင် စစ်တပ်ကြီးတစ်တပ်လုံးနောက်က ကပ်လိုက်သွားတာရှိခဲ့ဖူးတာကိုး” ဟု ကချင်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောသည်။
ဒဏ်ရာရသူများကို ကူညီသယ်ဆောင်နေကြသော ကြက်ခြေနီများ
Rules of Humanitarian Convoy တွင် ကြက်ခြေနီယာဉ်တန်းတွင် ကြက်ခြေနီလက္ခဏာကို သိသာထင်ရှားစွာပါရှိရေး၊ လက်နက်ကိုင်များ မပါရှိရေး၊ ယာဉ်တန်းဖြတ် သန်းမည့်အချိန်ကို နှစ်ဖက်လက်နက်ကိုင်တပ်များအား ကြိုတင်အကြောင်းကြားရန် စသည့်အချက်များ ပါဝင်သည်။  ”ရှေ့ကနေ စစ်ကားတစ်စီးက ယာဉ်တန်းကို ဦးေ ဆာင်နေမှတော့ ကြက်ခြေနီယာဉ်တန်းလို့ ခေါ်လို့ မရတော့ဘူး” ဟု ဒေါ်ခွန်ဂျာက သူမ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်။ ”လုံခြုံရေးအတွက် လမ်းကြောင်းရှင်းလင်းစေဖို့ စစ်ကားက ဦးဆောင်ရင်ဦးဆောင်မှာပဲ။ ဒါပေမဲ့ စစ်ကားတစ်စီး၊ ကြက်ခြေနီကားတစ်စီးတစ်စီးခြားစီ မဟုတ်ဘူးဆိုရင် စစ်ကားယာဉ် တန်း လို့ ပြောလို့မရပါဘူး။ ကြက်ခြေနီကားထဲမှာလည်း စစ်သားတွေက ကြက်ခြေနီတွေ၊ အရပ်သားတွေနဲ့  ရောစီးလေ့ မရှိပါဘူး။ ခုဟာက ရှေ့ကစစ်ကားကို မပစ် ဘဲနောက် က ကြက်ခြေနီကားတွေကိုချည်းပဲပစ်တာပါ”ဟု အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။
ပထမဆုံးဖြစ်စဉ်တွင်မူ ကြက်ခြေနီကားများ ရှေ့မှစစ်ကားရှိနေခဲ့စေကာမူ ကျန်ဖြစ်စဉ်များတွင်မူ ကြက်ခြေနီကားချည်းများသာ ဖြတ်သန်းသွားခဲ့သော်လည်း ယခုကဲ့သို့ အ ပစ်ခံရခြင်းဖြစ်သည်။ ”ကျွန်တော်သိတယ်။ ကျွန်တော်တို့ ကြက်ခြေနီကိုဘာလို့ ဘက်မလိုက်လူမှုကူညီရေးအဖွဲ့အစည်းလို့ လက်မခံကြသလဲဆိုတာကို”ဟု ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။  ”မဆိုင်တာတွေ လာမခိုင်းကြပါနဲ့တော့လို့ အားလုံးကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုပဲ ပီ ပီပြင်ြ ပင်လုပ်ပါရစေ”ဟု ဒေါက်တာသာလှရွှေက ပြောသည်။
ပြည်သူ့စစ် မဟာဗျူဟာနှင့် တတိယအဖွဲ့အစည်းများ
သမိုင်းဝင်  ရှစ်လေးလုံးအရေးတော်ပုံအပြီး ၈ နှစ်အကြာတွင် တပ်မတော်အစိုးရက ယင်းကဲ့သို့သောဖြစ်ရပ်များ နောက်တစ်ကြိမ်မဖြစ်ပွားစေရန်အတွက် ကူမင်တန် တရုတ်ဖြူတို့ ကျူးကျော် စဉ်ကတည်းက ကျင့်သုံးခဲ့သော ပြည်သူ့စစ် မဟာဗျူဟာကို ပို၍ ပီပြင်လာစေရန် ပြင်ဆင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ကက(ကြည်း)စစ်ဆင်ရေးလေး လ ပတ်အစည်းအဝေးတွင်  တပ်မတော်အစိုးရက ချမှတ်ခဲ့သော နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) အရ ကြည်း၊ ရေ၊ လေစစ် ဆင်ရေး ပေါ် လစီများအပြင် ပြည်သူ့စစ်မဟာဗျူဟာသည် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပါရှိသည်။
ပြည်သူ့စစ်မဟာဗျူဟာအရ တပ်အိမ်ထောင်သည်များ၊ ရဲမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ် အဖွဲ့များကိုသာမက  ကြက်ခြေနီနှင့် မီးသတ်ကဲ့သို့သော လွတ်လပ်စွာရပ်တည်ရမည့် တတိယအဖွဲ့အစည်းများကိုပါ တပ်မတော် အရန်အင်အားအဖြစ် သတ်မှတ်ခဲ့သည်။  တပ်မတော် အရန်အင်အားစု၏  ၁ဝ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးတွင် ပါဝင်တာဝန်ထမ်း ဆောင်ရမည်ဖြစ်ပြီး ကျန်အင်အားစုများမှာ သတင်းထောက်လှမ်းရေး၊ သတင်းဖြန့်ဖြူးရေးနှင့် ဝါဒဖြန့်ချိရေး၊ မြို့ရွာလုံခြုံရေး၊ ထောက် ပံ့ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ သက်သာချောင်ချိရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး စသော တာဝန်များ ထမ်းဆောင်ရမည်ဟု ဆိုထားသည်။  အစိုးရသတင်း စာများမှတစ်ဆင့် တပ်မတော် အစိုးရက တပ်မတော်အရန်အင်အားစုများသည် ပြည်ပနိုင်ငံများ၏ တိုက်ရိုက်ကျူးကျော်မှုများကို ကာကွယ်ရန်နှင့် တိုက်ရိုက်ကျူးကျော်မှုပုံစံ မ ဟုတ်သော  ‘ပြည်တွင်းအတိုက်အခံ ပုဆိန်ရိုး များ’ကို အသုံးပြုပြီး တိုင်းပြည် မတည်မငြိမ်ဖြစ် အောင်ဖန်တီးမည့် အန္တရာယ်များကို ဟန့်တားနိုင်ရန်ဟု ဖော်ပြခဲ့ကြသည်။
”ကြက်ခြေနီလို လူမှုအသင်းတွေ တလွဲအသုံးချခံရတာဟာ အရမ်းဝမ်းနည်းစရာ ကောင်းပါတယ်။ မြန်မာ့ကြက်ခြေနီအဖွဲ့ဟာ ယခင်အစိုးရ ဆက်ဆက်မှာ သူတို့ရဲ့ တကယ့် တာဝန်တွေကို ပီပီပြင်ပြင်ထမ်းဆောင်ခွင့်မရခဲ့ဘဲ စစ်အစိုးရအလိုကျရပ်တည် ခဲ့ရတာကြောင့် သူတို့အပေါ်အများအမြင် စောင်းခဲ့ရတယ်။ ဒါဟာ တ ကယ်တွေး ကြည့်ရင် ဘယ်သူ့အတွက်မှ မကောင်းနိုင် ဘူး” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ မိုက်ကယ် အိုဘရိုင် ယန် က ပြော သည်။
သေနတ်ပြီးခွင့် မသာခဲ့တဲ့ မြန်မာ့ကြက်ခြေနီ
အဖြူရောင် အောက်ခံပေါ်တွင် အနီရောင်အပေါင်းလက္ခဏာ အမှတ်အသားမှာ ကြက်ခြေနီအထိမ်းအမှတ်ဆိုသည်ကို လူတိုင်းသိကြသည်။ ယင်းအမှတ်အသားသည် အမျိုး သားကယ်ဆယ်ရေးအသင်းများ (တိုင်းပြည်အသီးသီးရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ)ထူထောင်ရေးနှင့် ပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံကျင်း ပရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခဲ့သည့် ဆွစ်ဇာလန် နိုင်ငံအားဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ဆွစ်ဇာလန် နိုင်ငံသားဟင်နရီဒူးနန့်ကို ဂုဏ်ပြုသည့် အနေဖြင့် လည်းေ ကာင်း ဆွစ်ဇာလန်နိုင်ငံ၏အလံကို အရောင်ပြောင်းပြန်လုပ်ထားခြင်း ဖြစ်သည်။ လူသားချင်း စာနာထောက်ထားမှုဆိုသည့် အနက်အဓိပ္ပာယ် ကို ဖော် ဆောင်သော ယင်း အမှတ်အသားကို အတိဒုက္ခရောက်ရှိနေကြသူများအား အကူအညီ၊ အကာအကွယ်ပေးရာတွင် အသုံးပြုလေ့ရှိကြသည်။
ထို့ကြောင့် မည်သည့်နေရာတွင်မဆို၊ မည်သည့်အခြေအနေတွင်မဆို ကြက်ခြေနီအမှတ်အသား၊ ကြက်ခြေနီအလံလွှင့်တင်ထားပါက ယင်းနေရာ၊ ယင်းအရာသည် အခကြေးငွေ မယူသည့်  လူမှုကယ် ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပါသည်ဟု  နိုင်ငံတကာတွင် နားလည်ထားကြသည်။ ထို့ကြောင့် ၁၈၆၄ ခုနှစ် ဂျီနီဗာကြေညာ စာတမ်းတွင် အနီရောင် အပေါင်းလက္ခဏာ အမှတ်အသားကို စေတနာ့ဝန် ထမ်းကယ်ဆယ်ရေး၊ လူမှုရေးအဖွဲ့အစည်းနှင့် လူနာတင်ယာဉ်များတွင်သာ တပ်ဆင်အ သုံးပြု ခွင့်ရှိသည်ဟု သတ် မှတ်ထားပြီး စစ်ပွဲများအတွင်းတွင်ပင် ကြက်ခြေနီတံဆိပ်အလံလွှင့်ထူထားသော ကယ်ဆယ်ရေးအဖွဲ့အစည်းကို မည်သည့်အဖွဲ့အစည်းကမျှ လက် နက်နှင့် ပစ်ခတ်ဖြို ခွင်းခွင့်မရှိပေ။ ဆိုရလျှင် ကြက်ခြေနီဆိုလျှင် သေနတ်ကျည် ထွက်ခွင့်မရှိတော့။  သို့ရာတွင်လည်း တကယ်တမ်းတော့ ကြက် ခြေနီအပါအဝင် လူမှု ကယ် ဆယ်ရေး လုပ်သားများလည်း ဘေးမကင်းခဲ့ကြပေ။
အကြောင်း တစ်ခုမဟုတ်တစ်ခုဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့သည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ကာ ပစ်မှတ်ထားခံနေကြရပြီး ၂ဝဝ၆ ခုနှစ်မှစကာ ရန်လိုမှု၊ ရန်ပြုမှု တို့ တစ်စထက်တစ်စ မြင့်တက်လာနေခဲ့သည်။  လူမှုကယ်ဆယ်ရေးလုပ်သားများ ပြန်ပေးဆွဲခံရမှုသည် ၂ဝဝ၆ မှ ၂ဝဝ၈ ခုနှစ်အတွင်း ရာခိုင်နှုန်း ၃၅ဝ ခန့် အထိပင်တိုး ပွား လာသည်ဟု နိုင်ငံတကာညွှန်းကိန်းများက ပြဆိုနေကြသည်။  သို့ရာတွင် ထိုကဲ့သို့ဖြစ်ပွားမှုများတွင် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများက တစ်နည်းနည်းနှင့် ပါဝင်ပတ်သက်နေသော အနေအထား ဖြစ်သည်။     မြန်မာနိုင်ငံတွင်တော့ ယင်းအနေအထားနှင့် တစ်မျိုးတစ်ဖုံ ကွဲပြားနေပါသည်။ မြန်မာနိုင်ငံတွင် အစွန်းရောက် အကြမ်း ဖက်အဖွဲ့အစည်းဟူ၍ ပီပီပြင်ပြင် မရှိခဲ့။ သို့ရာတွင် မြန်မာနိုင်ငံတွင်တော့ ကြက်ခြေနီလည်း သေနတ်ပြီးခွင့်မသာခဲ့။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံတွင် အခြား အခြားသောများစွာသော ရဟန်းရှင်လူတို့နှင့် အတူ၊ ဆရာဝန်၊ သူနာပြုများနှင့်အတူ ကြက်ခြေနီများလည်း ဖြိုခွင်းခံခဲ့ရသည့်က သမိုင်းဖြစ်သည်။  ”၈၈ တုန်းကတော့ စစ်တပ် ကအကုန်ပစ်တာပဲလေ။ ဆရာဝန်တွေ၊ သူနာပြုတွေလိုပဲ ကြက်ခြေနီတွေလည်း ကယ်ဆယ်ရေးလုပ်ရင်းနဲ့ကို ဖြိုခွင်းခံခဲ့ရတာတွေက ငြင်းမရပါဘူး” ဟု နိုင်ငံရေး အကျဉ်း သားဟောင်း လူရွှင်တော်ဇာဂနာ (ဦးသူရ)က ပြောသည်။
အရိပ်ဆိုးမိုးနေဆဲလား
ပြည်သူ့စစ်တစ်ဖြစ်လဲ ကြက်ခြေနီတပ်ဖွဲ့သည် တပ်မတော်၏အရန် အင်အားဖြစ်သည်နှင့်အညီ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများတွင် စစ်ကြောင်းတစ်ခုအဖြစ် ပါ ဝင်ခဲ့ရသည်မှာ ယမန်နှစ်အထိပင် ဖြစ်သည်။ ယခင် အစိုးရလက်ထက် ထုတ်ဝေခဲ့သော နိုင်ငံပိုင်သတင်းစာများတွင် ကြက်ခြေနီစစ်ကြောင်း ဓာတ်ပုံများပင် ထည့် သွင်းေ ဖ်ာပြခဲ့ကြသည်။ထို့အတူ MRCS ၏  ဦးဆောင်ဥက္ကဋ္ဌ ရာထူးသည်လည်း ယခု ဥက္ကဋ္ဌ ဒေါက်တာသာ လှရွှေ မတိုင်ခင်အထိကတပ်မတော်ဘက်မှ အသွင်ပြောင်း များ အတွက်သာ ဖြစ်ခဲ့ရသည်။  ပြုပြင်ပြောင်းလဲရေးသမားဟုဆိုကြသော ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် တွင်တော့ အခြားကဏ္ဍများနည်းတူ ကြက်ခြေနီ ကို လည်း ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသည်။ ဆယ်စုနှစ်များစွာအတွင်း ကြက်ခြေနီအသင်းဥက္ကဋ္ဌရာထူးကို အရပ်သား ပညာရှင်တစ်ဦးအားခန့်အပ်ခဲ့ပြီး ဥပဒေကို လည်းေ ခတ်နှင့် အညီ ဖြစ်အောင် ပြင်ဆင်ရေးဆွဲနေ ကြောင်းသိရသည်။
”ဒီနှစ်ကစပြီးတပ်မတော်နေ့ စစ်ရေးပြမှာ မီးသတ်နဲ့ ကြက်ခြေနီမပါတော့ဘူး။ ပြီးတော့ လက်ရှိဥပဒေအရဆက်သွားနေရင် ကြက်ခြေနီက ကြက်ခြေနီအလုပ် ကိုပီ ပီ ပြင်ပြင်ထမ်းဆောင် နိုင်မှာမဟုတ် ဘူး။ ဒါ့ကြောင့် ဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရမယ်”ဟု ဒေါက်တာ သာလှရွှေက ပြောသည်။  လက်ရှိ ဥပဒေအရ ပြည်နယ်၊ တိုင်းေ ဒသကြီးအဆင့်၊ ခရိုင် အဆင့် နှင့် မြို့နယ်အဆင့် ကြက် ခြေနီအသင်း၊ ကြက်ခြေနီတပ်ရင်းများ၏ ဦးဆောင်သူများမှာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အာဏာပိုင်များဖြစ်နေရာ ယင်းအချက်ကို အဓိကထား ပြင်ဆင်ရန် ဥပဒေသစ်တွင် ထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။
”တခြားဘာမှ မှတ်ချက် မပြု ချင်ပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေ၊ အုပ်ချုပ်ရေးပိုင်းက လူတွေကသူ့အလုပ်နဲ့သူ မအားကြတာများတော့  သူတို့နေရာတွေမှာ တကယ် စိတ်ပါလက်ပါ လုပ်နိုင်မယ့် မြို့မိ မြို့ဖတွေသာဆိုရင် အသင်းရဲ့လုပ်ငန်းတွေက ပိုပြီးပီပြင်လာမယ်။ ပြီးတော့ အမြင်လွဲမှားနေတာတွေလည်း ရှင်းလင်းသွား လိမ့်မယ် လို့ မျှော်လင့်တယ်” ဟု ကြက်ခြေနီအသင်း ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးခင်မောင်လှက ပြောသည်။  ယင်း ဖွဲ့စည်းပုံကြောင့် ပင် ကြက်ခြေနီအသင်းသည် လွဲမှားစွာ အသုံးချ ခံခဲ့ရသလို ဖြစ်ခဲ့ရသည်ဟု သူကဆိုသည်။ ”တကယ်တော့ ကြက်ခြေနီက ကြားနေအဖွဲ့အစည်းပါ။ ဒါပေမဲ့  ကြက်ခြေနီ အသင်းမှာ ရဲတို့၊ အုပ်ချုပ်ရေးပိုင်းက လူတွေဦးဆောင် နေကြတာဆိုတော့ သူတို့ အင်အားလိုတဲ့အခါ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို ယူသုံးကြတယ်။ ဒါ့ကြောင့် ကြက်ခြေနီက လုံခြုံရေးမှာလည်း ပါရတယ်တို့ ဘာတို့ ဖြစ်ကုန်ရော” ဟုဦးခင်မောင်လှ ကဆိုသည်။
လျစ်လျှူရှုခံရဆဲလား
ကြက်ခြေနီအသင်း၏ လူမှု ကူညီရေးစသော လုပ်ငန်းစဉ်များအတွက် လိုအပ်သော ရန်ပုံငွေသည် ပြည်ပ အလှူရှင်များထံမှ သာဖြစ်နေပြီး အစိုးရပိုင်းမှ ထောက်ပံ့မှုမှာ မဖြစ်စလောက်သာ ရှိသည်။ ကြက်ခြေနီအသင်းမှ နှစ်စဉ် ကူညီထောက်ပံ့မှုမှာ အမေရိကန် ဒေါ်လာ ၂ သန်းခန့်ရှိသည်ဟု သိရသည်။  ”မနှစ်ကအထိဝန်ကြီးဌာနက တစ်နှစ်ကို တစ်သိန်း ထောက်ပံ့ပါ တယ်၊  ဒီနှစ်ကစပြီး အသုံးစရိတ်အတွက် တစ်နှစ်ကို သိန်း ၃ဝဝ ပေးမယ်လို့ပြောထားပါတယ်” ဟု သူကဆိုသည်။  ကြက်ခြေနီအ သင်း သည် နိုင်ငံတကာ ကြက်ခြေနီအသင်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသောကြောင့် အလှူငွေအတွက် ပူပင်စရာမလို။ အရေးကြီးသည်မှာ ဥပဒေသစ် ပြဋ္ဌာန်းပြီး ဖွဲ့စည်း ပုံ ပြင်ဆင်ရေးပင် ဖြစ်သည်ဟု သူကဆိုသည်။ ကြက်ခြေနီအသင်း၏ ပြုပြင် ပြောင်းလဲရေးအတွက် ဥပဒေသစ် ပြဋ္ဌာန်းရေးသည် အရေးပါသော်လည်း ယနေ့အထိ ဥ ပဒေကြမ်းပင်လွတ်တော် မရောက်သေး။ ”၂ဝ၁၃ အစောပိုင်း ကတည်း ကရေးဆွဲပြီးဥပဒေကြမ်းကို ရှေ့နေ ချုပ်ရုံးကိုပို့လိုက်၊ ကျန်းမာရေး ဝန် ကြီးဌာနက ပြန်ပြင်လိုက်နဲ့။ အခုမှ သမ္မတရုံးကို တင်ပြထားတုန်း ရှိသေးတယ်။ ကျွန်တော်တို့ ကိစ္စက ဘာမှအရေးမကြီးတဲ့ကိစ္စလို့ လူ ကြီးတွေ ထင်မြင်နေကြတယ် ထင်တယ်” ဟူသော သုံးသပ် ချက် သည် မြန်မာ့ကြက်ခြေနီ အနာဂတ်၏ အဖြေပင် ဖြစ်ပါလိမ့်မည်။
ကျော်ရဲလင်း
Source:http://www.popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment