မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား လေးခွဖြင့် ပစ်ခတ်သူကို စုံစမ်းဖော်ထုတ် အရေးယူထား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈)တွင် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်နေ သူရ(၃၄)နှစ် မောင်းနှင်လာသည့် 6G/xxxx ''ဝေဖြိုးအောင်'' ခရီးသည်တင်မှန်လုံယာဉ်အား လမ်းဘေးတွင် ရပ်နေသည့် လူငယ်(၃)ဦးအနက် ၁ ဦးမှ လေးခွဖြင့်ပစ်ခတ်ကာ လမ်း၏အရှေ့ဘက်ချုံတောအတွင်းသို့ ထွက်ပြေးသွားကြောင်းနှင့် ယာဉ်၏ ယာဘက်ဘေးမှန်အောက်နားကို ထိမှန်ခဲ့ကြောင်း ယာဉ်မောင်း ကိုသူရမှ ရေတာရှည်မြို့နယ်၊ စမိုးရဲကင်းစခန်းသို့ လာရောက်အကြောင်းကြားခဲ့သည်။

အကြောင်း ကြားချက်အရ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် စမိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းရှာဖွေရာ ကားအားလေးခွဖြင့် ပစ်ခတ်ပြီးထွက်ပြေးသွားသူမှာ ရေတာရှည်မြို့နယ်၊ ကရင်ချောင်းကျေးရွာနေ အောင်ထွန်းဝင်း(၂၅)နှစ်ဖြစ်ကြောင်း သိရှိရ၍ အောင်ထွန်းဝင်းအား ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်း(ပ)၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉-က ဖြင့် ဖမ်းဆီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment