ဇလွန်မြို့နယ်၊ ရုံးတောကျေးရွာတွင် လူနေအိမ်(၂၃)လုံး မီးလောင်ဆုံးရှုံး


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅ဝ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်၊ ရုံးတောကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇလွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွာသူ/ သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄ဝ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ မရီမြင့်(၂၉)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ လူနေအိမ်(၂၃)လုံး မီးလောင်ဆုံးရှုံး ခဲ့သောကြောင့် မရီမြင့်အား ဇလွန်မြို့မရဲစခန်း (ပ)၁၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment