မြန်မာ-ဘင်္ဂလားဒေ့ရှ်-ကမ္ဘောဒီးယား ကမ္ဘာပေါ်တွင် လုပ်အားခ ဈေးအပေါဆုံးဟုဆို

လှိုင်သာယာတွင် လုပ်အားခတိုးမြှင့်ပေးရေး ဆန္ဒပြခဲ့ကြစဉ်
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်အားခ ဈေးသက်သာဆုံး ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက အကျိုးအမြတ်တွေ ဖြစ်နေတယ်လို့ လုပ်အားခနဲ့ ပတ်သက်ပြီး အဆင့်သတ်မှတ်ထားတဲ့ အစီရင်ခံစာတခုက ရေးပါတယ်။

လုပ်အားခ၊ အလုပ်ခန့်အပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုံခြုံရေးဆိုင်ရာ ပံ့ပိုးပေးနိုင်မှုနဲ့ ကုမ္ပဏီအတွက် လုပ်အားထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာနေတဲ့ ဗဲရစ် မယ်ပယ်ခရောခ့်က နိုင်ငံ ၁၇၂ နိုင်ငံကို နှိုင်းယှဉ် လေ့လာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်သတ်မှတ်ချက်အရ မြန်မာက အဆင့် ၁၇၁၊ ဘင်္ဂလားဒေ့ရှ်က ၁၇၀ နဲ့ ကမ္ဘောဒီးယားက ၁၆၉ အသီးသီး ရပ်တည်နေပါတယ်။

ဒီနိုင်ငံတွေမှာ ပျမ်းမျှ တလ လုပ်အားခက ဒေါ်လာ ၁၀၀ အောက် လျော့နေတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတွေအတွက် လူမှုရေး လုံခြုံမှုတွေ လုပ်ပေးစရာ မလိုတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နေတယ်လို့ ဆိုပါတယ်။

လုပ်အားခနည်းတဲ့အတွက် ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ပေမယ့် လုပ်ငန်းခွင့် လုံခြုံမှု၊ လုပ်ငန်းခွင့် အခြေအနေ ညံ့ဖျင်းတာ၊ ကလေးအလုပ်သမား အများအပြားရှိနိုင်တာ လူကုန်ကူးမှုတွေရှိလာနိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်လို့လည်း သတိပေး ထားပါတယ်။

လုပ်အားခနည်းပြီး အလုပ်ခွင့်အခြေအနေ ညံ့ဖျင်းသလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို အကျိုးအမြတ် ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ရှုမြင်မယ်ဆိုရင် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီတွေ ဘယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားရာမှာ ၀န်ထမ်းတွေကို ဌားရမ်းတဲ့ ကုန်ကျစရိတ်ကို အဓိက ထည့်သွင်း စဉ်းစားကျပါတယ်လို့ ထည့်သွင်းစဉ်းစားတာဟာ ဗဲရစ် မယ်ပယ်ခရောခ့်က လေ့လာသုံးသပ်သူ ချာလ်းစ် ဗန် ကော့လင်းက ပြောပါတယ်။

ဥရောပတိုင်းပြည်တွေကတော့ အမြင့်ဆုံး လုပ်အားခပေးရတဲ့ တိုင်းပြည် ၂၅ ခုထဲမှာ ပါဝင်နေသလို အီတလီနဲ့ ပြင်သစ်ကတော့ အလုပ်သမား ငှားရမ်းရာမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အလုပ်သမားတွေဟာ သပိတ်စခန်းတွေ ဖွင့်လှစ်ဆန္ဒပြနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်သမား သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရခဲ့ကြသလို အလုပ်သမားခေါင်းဆောင်အချို့ကိုလည်း အစိုးရက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83142
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment