မီးဘေးကာကွယ်ရေး လေ့ကျ င့်စဉ် အရန်မီးသတ်တပ်ကြပ်ကြီး ကားကြိတ်၍ သေဆုံး

မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ပြည်ခရိုင် ရွှေတောင်မြို့မဈေးကြီး အတွင်း၌ ဖေဖော်ဝါရီ ၂ဝ ရက်က တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ လက်တွေ့ သရုပ်ပြစဉ်။ (၁၁၆)
ပြည် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃နာရီက မီးဘေးကြိုတင် ကာကွယ်ရေးလေ့ကျင့်စဉ် မီးသတ် ကားကြိတ်မိ၍ အရန်မီးသတ် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၃ နာရီက ရွှေတောင်မြို့၊ ကျွဲတလင်း အုပ်စု အမှတ် (၂) ပြည်တောင်တန်း ရေနံမြေတွင် ရေနံမြေမီးသတ်တာဝန်ခံ ဦးခင်မောင်ဦး ဦးစီးသောတပ်ဖွဲ့ဝင် ၁၃ ဦးသည် မီးဘေးကြိုတင်ကာကွယ် ရေး လေ့ကျင့်မှုများပြုလုပ်စဉ် မီး တားလမ်းများ ပြုလုပ်ရန်အတွက် အမှတ်(၂) ရေနံမြေတွင်းတူးဗိုလ် အဆောက်အအုံအနီးတွင် ကြိုတင် မီးရှို့ခြင်းလုပ်ငန်းများဆောင်ရွက်ရာ မီးညွှန့်မှာ ဆက်သွယ်ရေးရုံးအနီးသို့ ရောက်ရှိလာခဲ့၍ မီးငြှိမ်းသတ်ရန် အတွက် ဦးခင်မောင်ဦးက ပြည် တောင်တန်းရေနံမြေပိုင် ရေဂါလန် ၁ဝဝဝ ဆံ့ မီးသတ်ယာဉ်ကို မောင်း နှင်ပြီး ၎င်းနှင့်အတူ မီးသတ်တပ်ကြပ် ကြီးလှစိုးက ရေပိုက်ခေါင်းဖွင့်ရန် လိုက်ပါသွားခဲ့သည်။

မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် နေစဉ် မီးညွန့်များမှာ တွင်းတူးဗိုလ် အဆောက်အအုံကို ထပ်မံလောင် ကျွမ်းသဖြင့် မီးသတ်ယာဉ်အား နောက်ပြန်ဆုတ်ရာတွင် မီးသတ် တပ်ကြပ်ကြီးလှစိုးမှာ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ရာ မီးသတ်ကားဝဲဘက် ရှေ့ဘီးဖြင့်ကြိတ်မိပြီး သေဆုံးခဲ့ ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တစ်ဆင့် သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးခင်မောင်ဦးကို ရွှေတောင်မြို့နယ် တရုတ်မှော်ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment