ကိုကြီးကျော်နက်ပွဲသွားစက်လှေ အမိုးကျိုးကာ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ



 ဖေဖော်ဝါရီ ၂၄

ချင်းတွင်းမြစ် အရှေဖက်ကမ်း ထန်းတောကြီး ကျေးရွာမှ အနောက်ဖက်ကမ်း ပခန်းငယ်(ကိုကြီးကျော်နန်း) သို့ ပြေးဆွဲနေသည့် ညောင်တိုရွာမှ ဦးမြင့်လွင်၏ စက်လှေတွင် စက်လှေခေါင်မိုးပေါ်သို့ လိုက်ပါစီးနင်းသူ များပြား သောကြောင့် အမိုးပြုတ်ကျကာ စက်လှေအတွင်း လိုက်ပါသူအမျိုးသမီး တစ်ဦးသေဆုံးကာ၊ ကျန်အမျိုးသမီး နှစ်ဦး ဒဏ်ရာရကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ အမျိုးသမီးသုံးဦးအား ပခန်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှ ဒဏ်ရာရရှိသူ နှစ်ဦး ကို ပခုက္ကူအထွေထွေရောဂါကုဆေးရုံ သို့ပြောင်းလဲ ကုသခဲ့ရာ ပုခုက္ကူမြို့တွင် နေထိုင်သူ ဒေါ်လှစန်း(အသက် ၆၀ နှစ်) သည်ဦးခေါင်းထိပ်ဖူးရောင်၊ ခန္ဒာကိုယ်အောက်ပိုင်းလှုပ်မရ၊ ခေါင်းမူးဝေ(စိုးရိမ်ရ) သည် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီခန့်က ကွယ်လွန်သွားခြင်း ဖြစ်သည်။
“ပွဲတော်ရာသီဖြစ်တော့ အနယ်နယ်အရပ်ရပ်က လာတကြတဲ့ သူတွေတော်တော်များတယ်။ ဒီဒေသဖက်မှာက စက်လှေ ၀မ်းဗိုက်ထဲတင်မက ခေါင်မိုးပေါ် အထိ စီးနင်းကြတဲ့ ဓလေ့ရှိတယ်။ လူများပြီး ခေါင်မိုးက မနိုင်တော့ ကျိုးကျသွားတာပါ” ဟုလည်း ကိုကြီးကျော်နတ်ပွဲသွားသူတစ်ဦးကပြောသည်။
စက်လှေခေါင်မိုးကျိုးကျခြင်းကြောင့် ပခန်းကိုကြီးကျော်နတ်ပွဲသွားသည့် ယုံကြည်ကိုးကွယ်သူများကို အိမ်မှ ကျန်ရစ်သော မိဘဆွေးမျိုးများ စိုးရိမ်ပူပန်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စက်လှေခေါင်မိုးကျိုးကျခဲ့ရာမှ လူသေဆုံးမှုဖြစ်သောကြောင့် မော်တော်မောင်းသူအား ရေယာဉ်ပေါ့လျော့စွာ မောင်းနှင်မှု ပုဒ်မ ၂၈၀ အပြင် ပုဒ်မ-၃၀၄(က) ဖြင့် ပခန်းကြီး ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
အဆိုပါ စက်လှေခေါင်မိုးကျိုးခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့သည် ကိုကြီးကျော်နတ်ပွဲ ချိုးရေတော်သုံးသည့် နေ့ဖြစ်သောကြောင့် သာမန်ရက်များထက် လူသွားများကာ ပိုမိုစည်ကားကြောင်းသိရသည်။

ဘုန်းလျှံမင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment