ကော်စမွီကျွန်း မြန်မာအမျိုးသမီးအသတ်ခံရမှု သံသယရှိသူ သုံးဦးဖမ်းမိ

ဓာတ်ပုံ (ထိုင်းရတ်)
ဖေဖော်ဝါရီ ၂၃ ရက်က ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အလောင်းတွေ့ရှိတဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာဘဲ ကော့စမွီမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ မချောငယ်ငယ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စောင့်ကြည့်ကင်မရာ ၆ လုံး အပြင် လူသက်သေတွေပါ မေးမြန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ဆို ၀န်ခံသွားတာလို့ ကော့စမွီမြို့မ ရဲစခန်းက ဒုရဲမှူး ဒင်ဒုန်းထောင်း ဆရီးဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုမှာ အဓိကသံသယရှိခံရသူက မချောငယ်ငယ်ကို တဖက်သတ် ကြိုက်နေသူ မြန်မာနိုင်ငံသား ယောက်ျားလျာ နန်းဖွန် ဖြစ်ပြီး မချောငယ်ငယ်က သူ့ကို ပြန်မကြိုက်ဘဲ မောင်ဖြစ်သူကို ပြန်ကြိုက်တဲ့အတွက် စိတ်နာလို့ ဘတ်ငွေ ၃ သောင်းပေးပြီး လည်ပင်းညှစ် သတ်ခိုင်းတယ်လို့ ထွက်ဆိုကြောင်း ဒုရဲမှူးက ပြောပါတယ်။

မချောငယ်ငယ်ကို လုပ်ကြံဖို့အတွက် မသန်းသန်းစိုးနဲ့ မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းခဲ့ကြောင်း၊ အခင်းဖြစ်တဲ့ညမှာ သူ့ကို စားသောက်ဆိုင်ကနေ တဘက်လှည့်နဲ့ ခေါ်ထုတ်ခဲ့ပြီး ဗျူးပွိုင့် (ရှုခင်းမျှော်နေရာ) အရောက် ကြိုးတုတ်ပြီး မအော်နိုင်အောင် တိပ်နဲ့ ပါးစပ်တွေ၊ နှာခေါင်းတွေ ပိတ်ခဲ့ကြောင်း၊ အဲဒီနောက် ကိုဇော်က လည်ပင်းညှစ် သတ်ခဲ့ကြောင်း ၀န်ခံကြတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒါ့အပြင် နန်းဖွန်က ဒီအမှုကို မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ဖို့ မချောငယ်ငယ်ရဲ့ ခန္ဓာကိုယ်ကို သွားနဲ့ကိုက် အ၀တ် အစားတွေကို ချွတ်လိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

မုဒိမ်းမှုမြောက်၊ မမြောက်ကိုတော့ ဆေးရုံက ဆေးစစ်ချက်တွေ ထွက်ပေါ်လာမှ အတည်ပြုနိုင် မယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ မချောငယ်ငယ်ဟာ ကော်စမွီကျွန်းကို လွန်ခဲ့တဲ့ ၁ ပတ်ကမှ ရောက်လာတာ ဖြစ်ပြီး သူငယ်ချင်း အဆက်အသွယ်နဲ့ အိမ်ဖော်အလုပ်လုပ်နေကြောင်း၊ အဓိက သံသယရှိသူ နန်းဖွန်မှာလည်း ကော်စမွီ ဟိုတယ်တခုမှာ အလုပ်လုပ်နေသူလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒေးလီးနယူးစ်သတင်းမှာလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ယောက်ျားလျာတစ်ဦးတို့ကို ကော့စမွီရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်း ထားတယ်လို့ ဖော်ပြထားပါတယ်။

By နန်းမြနဒီ(ဒီဗွီဘီ)
http://burmese.dvb.no/archives/83007
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment