ကမ္ဘာ့ရွှေဈေး နှင့်အတူ မြန်မာ့ ရွှေဈေး ကျ ဆင်းလာ


ရန်ကုန် ဖေဖော်ဝါရီ ၂၄

ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်း နှင့်အတူ မြန်မာ့ရွှေဈေးသည်လည်း တရိပ်ရိပ် ကျဆင်းလာသည်ကို တွေ့ရ သည်။ ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက် က ယင်းလအတွင်းအမြင့်ဆုံးဖြစ်ခဲ့ သော ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အနေဖြင့် တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၃ဝ၁ ဖြစ်ခဲ့ပြီး မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၇ဝဝဝဝဝ အထိရှိနေခဲ့ သည်။

ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) ဈေးကွက်ဖွင့်ချိန်၌ ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၁၂ဝ၁ ရှိပြီး မြန်မာ့ရွှေဈေးမှာငွေကျပ် ၆၇၄ဝဝဝ ရှိနေခဲ့သည်။ ညနေဈေးကွက် ပိတ် ချိန်၌ ကမ္ဘာ့ရွှေဈေးမှာ ပြောင်းလဲမှု မရှိသော်လည်း မြန်မာ့ရွှေဈေးမှာ ငွေကျပ် ၆၇၂၉ဝဝ ဖြင့် ပိတ်သိမ်း ခဲ့သည်။

တစ်လတာအတွင်း ရွှေဈေး ကွာဟမှုကိုကြည့်ပါက ကမ္ဘာ့ရွှေဈေး မှာ ဒေါ်လာ ၁ဝဝ ခန့် လျော့နည်း လာခဲ့ပြီး မြန်မာ့ရွှေဈေးအနေဖြင့် ငွေကျပ် ၂၇ဝဝဝ ကျော် လျော့ကျ လာသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။ ရွှေဘုံသာလမ်းမှ အရောင်း အဝယ်လုပ်သူတို့၏ ဈေးစကားအရ မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး ထက် ငွေကျပ် ၁ဝဝဝဝ ခန့် ပိုမို မြင့်မားနေကြောင်း သိရသည်။

ရွှေဈေးကွက်မှာ ပြီးခဲ့သော တစ်လအလွန်မှ တအိအိတက်လာ ခဲ့သည်နှင့်အမျှ ယခုတရိပ်ရိပ် ကျဆင်းလာပြီဟု သုံးသပ်ကြသည်။

ဈေးနှုန်းများ ကျဆင်းလာခဲ့ သော်လည်း ဈေးကွက်အတွင်း၌ ဝယ်လိုအား သိသိသာသာတက်လာ ခြင်းမရှိ၊ အေးစက်စက်ဖြင့် ပုံမှန် အနေအထားတွင် စတင်အရောင်း အဝယ်ရှိကြောင်းလမ်းမတော်မြို့နယ် အတွင်းရှိ ရွှေဆိုင်ကြီးတစ်ဆိုင်မှ အရောင်း ကြီးကြပ်သူတစ်ဦးက ဆိုသည်။

ယမန်နှစ်ထက် ယခုနှစ်အရောင်း အဝယ်ယှဉ်ကြည့်ပါက တရုတ် နှစ်သစ်ကူး ပွဲတော်ရှိနေခြင်း၊ ကမ္ဘာ့ ရေနံဈေးနှုန်း ကျဆင်းလာနေခြင်း ကြောင့် မှန်းရခက်သော အနေအထား တွင်ရှိကြောင်း ဗိုလ်ချုပ်အောင်ဆန်း ဈေးမှ ကိုကောင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်းရုံးတွင် ဈေးကွက်ဖွင့်သည်နှင့် ရုံးခန်းပြည့် ဝယ်သူရောင်းသူတို့၏ အသံများက ဝေစည်နေသည်။

အသင်းဝင်များ၏ ရောင်းဝယ်မှု ကို ကြီးကြပ်ပေးနေသော ဗဟိုအလုပ် အမှုဆောင် ဦးအေးချိုက''အခုက ကမ္ဘာ့ရွှေဈေးရော၊ မြန်မာ့ရွှေဈေးပါ အကျဘက်မှာ ဦးတည်နေတယ်။ တကယ်လို့ ကမ္ဘာ့ရွှေဈေး အခု အတိုင်းသာ အကျဘက်မှာ ရပ်နေ မယ်။ မြန်မာ့ရွှေဈေးကလဲ ကျထား တာများလာတဲ့အတွက် အချိန် အတိုင်းအတာတစ်ခု အတွင်းမှာ တရိပ်ရိပ်နဲ့ ပြန်တက်သွားနိုင်တယ်။ အမြင့်တန်း ဈေးတုန်းက ရောင်း ထားတဲ့သူတွေ အတွက်ကတော့ လက်ရှိဈေးနှုန်းမှာ ပြန်ဝယ်ယူထား သင့်တဲ့အနေအထားပဲ'' ဟု သုံးသပ် ပြောကြားပေးခဲ့သည်။

သတင်း-တင်ဝင်လေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-ကိုကြီးတင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment