ရည်းစားဟောင်းပေးထားတဲ့ လက်ဝတ်ရတနာကို ဆက်လက်ဆင်မြန်းထားခြင်းဟာ လက်ရှိချစ်သူရည်းစားကို စော်ကားခြင်းလား



သင့်လက်ချောင်းပေါ်က သိပ်လှတဲ့ လက်စွပ်လေးကို ကြည့်ရင်း အဖြေထုတ်စရာမေးခွန်းတစ်ခု ပေါ်လာပြီဟုတ်။ ဒီလက်စွပ်လေးက အရင်ရည်းစားပေးထားတဲ့ လက်စွပ်လေး ဖြစ်နေမယ်ဆိုရင် ခုလို အဲ့ဒီလက်စွပ်လေးကို ကြိုက်လွန်းလို့ ဆက်စွပ်ထားခြင်းဟာ လက်ရှိရည်းစားကို စော်ကားသလိုမျိုးများ ဖြစ်နေသလားဆိုပြီး တွေးစရာ ရှိလာပါပြီ။ ဒီလက်စွပ်လေးဟာ လှသလောက် ဈေးလည်းကြီးတယ်။ ဒီဇိုင်းလေးကလည်း ဆန်းဆိုတော့ သင့်အနေနဲ့ ချွတ်ပစ်ချင်မှာ မဟုတ်ဘူးပေါ့။ ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ ဘယ်လိုများ သင့်ချစ်သူကို ပြောမှာလဲ။ ဖွင့်ရောပြောပြမှာလား။
တကယ်တော့ ယောင်္ကျားတွေရဲ့ စိတ်ကို ပုံသေတွက်လို့တော့ မရနိုင်ပါဘူး။ တစ်ချို့က ကိုယ့်ချစ်သူကောင်မလေးဟာ အရင်ကရည်းစားဟောင်းပေးတဲ့ လက်ဝတ်ရတနာတစ်ခုခုကို ဆင်မြန်းထားဆဲဆိုတာကို သိနေရင် စိတ်မလုံခြုံတာ၊ သ၀န်တိုတာ၊ ဒါကို မြင်တွေ့နေရတိုင်း ဒေါသထွက်တာမျိုးတွေ ရှိနိုင်ပါတယ်။ တစ်ချို့ကျတော့လည်း ဒီလိုမဟုတ်ပြန်ပါဘူး။ ကိုယ်မ၀ယ်ပေးနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းလေးတစ်ခုအနေနဲ့ပဲ မြင်တတ်ကြပြန်ပါတယ်။ ဒီအရာနဲ့ပတ်သက်ပြီး အဖြေတွေက တစ်ယောက်တစ်မျိုးစီး ဖြစ်နေတတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးမြန်းဖူးတဲ့လူတစ်ချို့ရဲ့ အမြင်လေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီအဖြေတွေကို ကြည့်ပြီး ဘာလုပ်ရမလဲဆိုတာကိုတော့ ကိုယ်တိုင်သာ ဆုံးဖြတ်စေချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ချစ်သူရဲ့ စိတ်ထားကို ကိုယ်သာအသိဆုံးဖြစ်မှာ မို့လို့ပါပဲ။
၁။ကိုယ့်ကောင်မလေးက အရင်က သူ့ဘဲပေးထားတဲ့ လက်ဝတ်ရတနာကို ၀တ်ဆင်ထားတာကို ကျွန်တော်သတိပြုမိလိုက်ချိန် စစချင်းတုန်းကတော့ သိပ်မခံစားရပါဘူး။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော် သိပ်လည်းတွဲတာ မကြာသေးဘူးဆိုတော့လေ။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော်တို့နှစ်ယောက် ပိုရင်းနှီးလာတယ်၊ ချစ်လာကြတဲ့အချိန်မှာ အဲ့ဒီပစ္စည်းကို မလွှင့်ပစ်နိုင်ရင်တောင် ခပ်ဝေးဝေးမှာပဲ ရှိစေချင်တော့တယ်။ (Dylan)
၂။ကျွန်တော်ကတော့ အေးဆေးပါ။ ပြသနာဖြစ်ရမယ့်အကြောင်း မဟုတ်ဘူးလို့လည်း ယူဆတယ်။ လက်ဝတ်ရတနာကို လက်ဝတ်ရတနာတစ်ခုအနေနဲ့ သဘောထားလိုက်ရင် ပြီးတာပဲလေ။ (Daniel)
၃။အစပိုင်းတုန်းက သူဆွဲထားတဲ့ ဆွဲကြိုးလေကို သူ့ရည်းစားဟောင်းပေးထားမှန်း မသိပါဘူး။ ဒီတော့ ဘာကိစ္စမှမရှိဘူးပေါ့။ နောက်ပိုင်း သူက အဲ့ဒီဆွဲကြိုးအကြောင်း ပြောလာတော့မှ ဒါ သူ့အရင်ရည်းစားပေးထားတယ်ဆိုတာ သိလိုက်တာ။ မှတ်မိသလောက် အဲ့ဒီတစ်ကြိမ်ပဲ သူ့ရည်းစားဟောင်း အကြောင်း ပြောဖူးတယ်။ ကျွန်တော်လည်း ကွိုင်တော့ မရှာလိုက်ပါဘူး။ ပြီးတော့ သူက အဲ့ဒီဆွဲကြိုးကို အမြဲတမ်းဆွဲထားတာမျိုးလည်း မဟုတ်တော့ ပြသနာကြီးကြီးမားမား မဖြစ်ချင်တာကြောင့်ပါ။ (Samuel)
၎။လက်ရှိကိုယ့်ချစ်သူက အရင်က ဘဲလို မပေးနိုင်တာကို သိစေချင်လို့ အရင်တစ်ယောက်ပေးတဲ့ လက်ဝတ်ရတနာတွေ ထုတ်ဝတ်ပြသလားလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ ဒီလိုအချိန် ဖြစ်ရတဲ့ စိတ်ခံစားချက်က သိမ်ငယ်တာမျိုးပေါ့(David)
၅။သူ့အသိစိတ်လေးနဲ့သူဆိုရင်တော့ အားလုံးအတွက် အဆင်ပြေသွားမှာပေါ့။ ကျွန်တော်ကတော့ ငါ့ကိုချစ်လို့ ဒါကို မ၀တ်ပဲနေလို့ ဘယ်တော့မှ မပြောချင်ပါဘူး။ တစ်ခါတစ်လေတော့ စိတ်ကသိကအောက်ဖြစ်ရတာပေါ့လေ။ ကျွန်တော့်အရင်ကောင်မလေးကလည်း ကျွန်တော်ပေးထားတဲ့ လက်စွပ်ကို ကျွန်တော်နဲ့ပြတ်ပြီး ဆက်ဝတ်နေတာ တွေ့နေရတာတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆက်အသွယ်လုပ်နေတာမျိုး မရှိတော့ဘူး။ ဒီတော့ ဒီအရာဟာ အရမ်းအရေးကြီးတဲ့ အရာတော့ မဟုတ်ပါဘူး။ (Nicholas)
၆။ကျွန်တော့်ကောင်မလေးနဲ့ သူ့အရင် ဘဲနဲ့ စေ့စပ်ပြီး သူ့ဘဲက ဆုံးသွားတယ်။ အဲ့ဒီတုန်းက လက်စွပ်လေးကို သူအမြဲတမ်း ၀တ်ထားတာ တွေ့တယ်။ ကျွန်တော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပြသနာတစ်ခါမှ မတက်ခဲ့ပါဘူး။ (Joseph)
Ref:womenshealthmag.com
မေသော်
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment