ဒီအရည်အချင်း (၄)မျိုး ပိုင်ဆိုင်ပြီဆိုမှသာ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်တာ


ကားမောင်းလိုင်စင်ရဖို့အတွက် ကားဘယ်လိုမောင်းရသလဲဆိုတာ လေ့လာသင်ယူရသလိုပဲ အိမ်ထောင်ပြုဖို့အတွက် သင်သိထား၊ ရှိထားရမယ့် အရည်အချင်းလေးတွေ ပြောပြပေးချင်ပါတယ်။
၁။ဘာမဟုတ်တာလေးတွေကအစ ခံစားလွယ်တယ်။
ကလေးတွေဟာ မကြာခဏ စိတ်ဆိုးတတ်ကြသလို ငိုလည်းငိုကြပါတယ်။ အရွယ်ရောက်လာတဲ့လူတွေကျတော့ ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်လာကြတယ်။ ကလေးတုန်းကလိုမျိုး အငိုမလွယ်တော့ဘူး။ တစ်ခုခုကို သိပ်ခံစားတာမျိုး မဖြစ်တော့ဘူး။ ဒေါသထွက်တာမျိုးလည်း နည်းသွားပါတယ်။ ဒီလိုမဟုတ်ပဲ သင်က အရွယ်ရောက်နေတာတောင် စိတ်တို၊ ဒေါသထွက်လွယ်၊ ၀မ်းနည်းလွယ်ပြီး၊ မကြာခဏငိုတတ်နေတယ်ဆိုရင်တော့ အိမ်ထောင်မပြု ခင် ဒီစိတ်ကို အရင်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။
၂။တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်နွယ်မှုတွေ ရှိအောင် ကြိုးစားရမယ်ဆိုတာ မသိဘူး။
နှစ်ဦးသား ပြသနာတက်တဲ့အခါ ကိုယ်ကချည်း ဖိပြော၊ ဖိအပြစ်တင်နေတာမျိုး လုပ်တတ်မယ်။ ကိုယ်က တစ်ဖက်လူပြောတဲ့စကားကို ပြန်နားထောင်ပေးတာမျိုး မလုပ်ချင်ဘူး။ တစ်ဖက်လူရှင်းပြနေရင်လည်း ၊ ကိုယ်က အဆုံးထိနားထောင်လေ့မရှိပဲ ဒါပေမယ့် ဆိုတာချည်း ၀င်ဝင်ထောက်ပြပြောဆိုနေတတ်တာမျိုးတွေဟာ အိမ်ထောင်ရေးမှာ အနှောင့်အယှက်တွေ အများကြီးပေးနိုင်ပါတယ်။
၃။ညှိုနှိုင်းမလုပ်ဆောင်တတ်ဘူး။
အတွဲတိုင်းကတော့ ကွဲပြားမှုတွေ ရှိနေမှာပါပဲ။ ပျော်ရွှင်အောင်မြင်တဲ့ အတွဲတွေရဲ့ အားသာချက်ကတော့ သူ့ပုံစံ၊ ကိုယ့်ပုံစံ၊ သူ့အကြိုက်၊ ကိုယ့်အကြိုက်တွေကို ငါတို့ပုံစံ၊ ငါတို့ အကြိုက်ဆိုပြီး ပြောင်းလဲယူတတ်တာလို့ ပြောရပါလိမ့်မယ်။ နှစ်ဦးသားညှိုညှိုနှိုင်းနှိုင်း ပြောဆိုနေထိုင်တတ်ဖို့ လိုပါတယ်။ ဘာမဟုတ်လေးကစပြီး ပြသနာကြီးမားသွားတဲ့အထိတော့ မလုပ်သင့်ဘူးလေ။
၎။အကောင်းမြင်စိတ် နည်းပါးတယ်။
တစ်ဖက်လူက တစ်ခုခု မပြောနဲ့လိုက်။ အဲ့ဒီလိုကြီးလား၊ ဒါမကောင်းဘူး၊ မဟုတ်ပါဘူး။ ဒါမမှန်နိုင်ဘူး စသဖြင့် အဆိုးဘက်ကသာ တွေးမယ်၊ တုံ့ပြန်လေ့ရှိမယ်။ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ချစ်ရသူဆိုပြီး ဘယ်တော့မှ ခေါင်းညိတ်လိုက်တာမျိုး မရှိဘူး။ ချီးမွမ်းလိုက်တာမျိုး မရှိဘူး။ အပြစ်မြင်တတ်၊ ကဲ့ရဲ့တတ်တာမျိုးတွေလည်း ရှောင်ကြဉ်ရပါလိမ့်မယ်။
Ref:yourtango.com
မေသော်
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment