တိုက်ပွဲများ ဖြစ်ပွားနေစဉ် လောက်ကိုင်မြို့ တွင်း ဆိုင်အများအပြား ဖောက်ထွင်းခိုးယူခံရ




လောက်ကိုင်၊ ဖေ (၁၄) သမန်းကျား

ကိုးကန့် ဒေသတွင် အစိုးရတပ်များနှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့ တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အချိန်ဝယ် လောက်ကိုင်မြို့ ပေါ်ရှိ ဖုန်းဟန်းဆက်ဆိုင်၊ ရွှေဆိုင် အများအပြား ဖောက်ထွင်းဖျက်စီး ခိုးယူခံခဲ့ရပြီး ကိုယ်ပိုင်မော်တော်ယာဉ် အမြောက်အများလည်း အခိုးခံခဲ့ရကြောင်း ဒေသခံ ပြည်သူများက ပြောပြသည်။

ဖေဖော်ဝါရီလ (၉) ရက်နေ့ မှာ တိုက်ပွဲတွေစဖြစ်တယ်။ မြို့ ပေါ်မှာ ဘယ်သူမှမနေရဲတော့ဘူး။ တရုတ်လူမျိုးတွေက တရုတ်နိုင်ငံ၊ နန်စီမြို့ ထဲကို ပြေးကြတယ်။ နယ်ကအလုပ်လာလုပ်တဲ့သူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လားရှိုးဘက်ကို ပြန်ပြေးကြတယ်။ ဆိုင်ပိုင်ရှင်တွေက သော့ခတ်ပြီးထွက်သွားရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး။ ကားတွေဆိုတာလည်း အားလုံးယူမသွားနိုင်ဘူး။ ကိုယ်မောင်းနိုင်သလောက်ပဲယူပြီး ကျန်တာထားခဲ့ရတယ်။ အခု မြင်တဲ့အတိုင်း ဆိုင်တံခါးတွေကိုဖျက်ပြီးဝင်တယ်၊ အထဲက မှန်ကောင်တာတွေကို ရိုက်ခွဲတယ်။ ဖုန်းဟန်းဆက်တွေ ဘာတစ်ခုမှ မကျန်တော့ဘူး။ အဲဒီလိုအဖျက်ခံ၊အခိုးခံခဲ့ရတဲ့ ဖုန်းဟန်းဆက်ဆိုင်တွေ အများဆုံးပဲ ဟု လောက်ကိုင် မြို့  တွင် Oppo ဖုန်းဟန်းဆက်များရောင်းချသူတစ်ဦးက ပြောပြသည်။

ကိုးကန့် လူကြီးတွေဖွင့်ထားတဲ့ ရွှေဆိုင်တွေလည်း အဖောက်ခံရတယ်။ ဘာဆိုဘာမှမကျန်တော့ဘူး။ စစ်ဖြစ်လို့  အသက်လုပြေးရတာတစ်မျိုး၊ စီးပွားပျက်တာတစ်မျိုး၊ အခုလိုသိန်းပေါင်းများစွာအခိုးခံရတာကတစ်မျိုး၊ ဒီစစ် မဖြစ်မှ အလုပ်လုပ်စားလို့ ရမှာ ဟု ကိုးကန့် ဦးစီးကော်မတီအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ဖုန်းဟန်းဆက်ဆိုင်များ၊ ရွှေငွေရတနာဆိုင်များကို ဖောက်ထွင်းခိုးယူမှုများ ရှိနေသကဲ့သို့  ပိုင်ရှင်များ ယူမသွားနိုင်ဘဲ ချန်ထားရစ်ခဲ့သော မော်တော်ယာဉ်များကိုလည်း မသမာသူများက ယူဆောင်နေသည်ကို တွေ့ နေရပြီး ဟန့် တား ခြင်းငှာ မစွမ်းသာဘဲ ပိုင်ရှင်များမှာ စိတ်မကောင်းဖြစ်နေကြကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment