ကမ္ဘာ့အလှဆုံးအလှမယ်စာရင်းတွင် မြန်မာမယ်နှစ်ဦး ပဉ္စမနှင့်ဆဋ္ဌမချိတ်

ကမ္ဘာ့အလှအပဆိုင်ရာ ဝက်ဘ်ဆိုက် Beauties Concept ကရွေးချယ်သည့် ၂၀၁၄  အတွက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲများမှ အလှဆုံးအလှမယ်စာရင်း နောက်ဆုံးအဆင့် ခုနစ်ဦးတွင် မြန်မာအလှ မယ်နှစ်ဦး ဆက်လက်ရွေးချယ်ခံရ သည်။
ကိုလံဘီယာအလှမယ်က MOST BEAUTY OF THE YEAR 2014 ဆုရရှိခဲ့သည်။
၎င်း၏နောက်တွင် Miss USA Supranational, Miss  South Africa (Miss World 2014 Winner)၊ Miss France Universe တို့အဆင့်ဆင့်ရပ်တည် နေရှိပြီး မြန်မာနိုင်ငံမှ Miss Intercontinental Myanmar ၂၀၁၄ အိန်ဂျယ်လမုံနှင့် Miss Supranational Myanmar ၂၀၁၄ ဟန်သီတို့က ပဉ္စမနှင့် ဆဋ္ဌမရရှိခဲ့ကြသည်။
အဆိုပါရွေးချယ်သည့်အစီ အစဉ်သည် နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကမ္ဘာ့အလှမယ်ပြိုင်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ ကိုယ်စားပြုအလှမယ် ၆၀၀ ကျော်ထဲမှ ရွေးချယ်ခြင်းဖြစ်ပြီး ဆန်ခါ တင်အလှမယ် ၁၀၀၊ ထိုမှတစ် ဆင့် ဆန်ခါတင်အလှမယ် ၅၀ ဦး၊ ၂၅ ဦး၊ ၁၂ ဦးစသည်ဖြင့် အဆင့်ဆင့်ရွေးချယ်ခဲ့သည်။
၂၀၁၄ တွင် Miss Suprana-tional Myanmar 2013 ခင်ဝင့်ဝါလည်း Beauties Concept ဝက်ဘ်ဆိုက်က ရွေးချယ်သည့် ကမ္ဘာ့အလှမယ်စာရင်း၌ ရွေး ချယ်ခံခဲ့ရပြီး ဆန်ခါတင် ၂၅ ဦး စာရင်းအထိပါဝင်ခဲ့ဖူးသည်။
Source:http://7daydaily.com/story/32581#.VO7M6fnF9B0
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment