မြိုင်မြို့ နယ်မှာ ယာဉ်တိမ်းမှောက်သဖြင့် ၂ ဦးသေ၊ ၃၈ ဦးဒဏ်ရာရ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ချိုင်စောက်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁ဝဝ/၁-၂)ကြား လမ်းအကွေ့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကိုင်းတောမကျေးရွာမှ မြိုင်မြို့သို့ မြိုင်မြို့နယ်၊ ဝယ်တောင်မြောက်ရွာနေ ဝင်းစိုး(၃၂)နှစ်မောင်းနှင်လာသည့် 3G/**** Lifang Dumb Truck (၆)ဘီးအပြာရောင်ယာဉ်သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော လမ်းအလုပ်သမားဖြစ်သည့် မြိုင်မြို့နယ်၊ ထုံးမကျေးရွာနေ ကိုဌေးဝင်း(၄၇)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မြိုင်မြို့နယ်၊ မြို့စိုးကျေးရွာနေ မပုချစ်(၂၃)နှစ်ပါ(၃၉)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့၍ မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ မပုချစ်မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ဝင်းစိုးအား မြိုင်မြို့မရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment