နိုင်ငံသားမဟုတ်သူမဲပေးခွင့် ရခိုင်ပြည်နယ်တစ်ခုလုံး ကန့်ကွက်ဆန္ဒပြ

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ ဆန္ဒမဲပေးခွင့် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာလူ ၂ သောင့်း ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ Photo: Min Thein Aung/ RFA

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထား သူတွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူ ၂ သောင်းကျော်လောက်က ကန့်ကွက်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာဟာ နိုင်ငံသားအခွင့်အရေးဆုံးရှုံး တာဖြစ်ကြောင်း ပြောပါတယ်။

"ကျမတို့ ရခိုင်ပြည်နယ်တွင်းမှာရှိနေတဲ့ ဒီဘင်္ဂလီ ၅ သိန်းကျော်ရဲ့ ကိစ္စဟာ အခုနိုင်ငံသားတွေနဲ့ မဲပေးခွင့်ကို တန်းတူပေးလိုက်ပြီဆိုတော့ နောက်ထပ်ဥပဒေနဲ့မညီတဲ့အချက်တွေကို ဥပဒေကပံ့ပိုးပေး ချက်တွေရှိတဲ့အခါမှာ ရခိုင်ဆိုတဲ့နာမည်ပါ၊ ရခိုင်တွေရဲ့ နယ်မြေပါ၊ ပြည်နယ်ပါ ပျောက်သွားမှာ သိပ်မဝေးတော့ဘူးဆိုတဲ့ စိုးရိမ်သောကဟာ ရခိုင်တွေမှာ အားလုံးရှိပါတယ်၊ ဒါတွေကြောင့် ကျမတို့ဟာ နိုင်ငံသားမဟုတ်တဲ့လူတွေကို မဲပေးခွင့်မပြုဖို့ ဥပဒေနဲ့မညီတဲ့ ဥပဒေတွေမထုတ်ဖို့၊ အမိန့်တွေမထုတ်ဖို့ ကျမတို့က ဒီလိုပဲ ဆန္ဒထုတ်ဖော်နေရတာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ ငါးသိန်းနီးပါး ရှိပါတယ်။

အဖြူရောင်ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုပြင် ဆင်ထားတဲ့ ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ အလားတူ ဆန္ဒပြပွဲတွေကို ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသ့တောင် စတဲ့မြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/white-card-rakhine-protest-02152015222432.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment