ကရိန်းငှားပြီး ဘောလုံးကွင်း အပြင်ကနေ ကြည့်ခဲ့ရတဲ့ ဘောလုံးအသင်းရဲ့မန်နေဂျာ


ဒိုင်လူကြီးတစ်ဦးကို ဒေါသထွက်ပြီး စောဒက တက်ခဲ့တဲ့တူရကီ ဘောလုံးကလပ် Corum Beledivespor အသင်းရဲ့မန်နေဂျာ Saw Isik ဟာနိုင်ငံရဲ့ပရော်ဖက်ရှင်နယ် ဘောလုံးပွဲတွေကို ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်၂၈၅ရက်တိတိပိတ်ပင်ခံခဲ့ရပါတယ်။
ထိုဆုံးဖြတ်ချက်ကြောင့် Saw Isik ဆိုသူအတွက်သူ့ရဲ့အသင်းနဲ့ Darcia Genclerbirligi အသင်းနဲ့ယှဉ်ပြိုင်ရတဲ့ တတိယတန်းအဖွင့်ပွဲစဉ်ကို ၀င်ရောက်ကြည့်ရှုခွင့် မရတော့ ပြန်ပါဘူး။
အမှန်တကယ်တော့ အဲဒီအခြေအနေမှာ Isik အနေနဲ့အိမ်မှာ (သို့) ဟိုတယ်တစ်ခုခုမှာတီဗီက စောင့်ကြည့်လို့ ရနိုင်ပေမယ့်လည်း Isik ကတော့ အကောင်းဆုံးအရာ တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကရိန်းငှားလိုက်တာပါပဲ။
Isik ဟာ ကရိန်းငှားပြီး ဘောလုံးပွဲကို ပွဲကြည့်စင်ထက်မြင့်တဲ့ နေရာကနေ ကရိန်းရဲ့အကူအညီနဲ့ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သူကြည့်နေတာ ဘောလုံးကွင်းထဲမှာ မဟုတ်ပါဘူး။ ဘောလုံးကွင်းရဲ့အပြင်ဘက် ဘောလုံးကွင်း နံရံနဲ့ကပ်ရပ်မှာပါ။
ပြောရမယ်ဆိုရင် Isik ဟာ တော်တော်လေး ကံကောင်းခဲ့ပါတယ်။ သူနဲ့ သူ့သူငယ်ချင်း တစ်ယောက်သာ ကရိန်းနဲ့တက်ပြီး ဘောလုံးပွဲကိုကြည့်ခွင့်ရခဲ့ပေမယ့် ဘောလုံးပွဲစပြီး မကြာခင်မှာပရိတ်သတ် ပြသနာ တွေဖြစ်ခဲ့တဲ့အတွက် ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတော့ပဲ တံခါးတွေ ပိတ်ထားခဲ့တဲ့အတွက် တစ်ချို့ပရိသတ်တွေ ထို ဘောလုံးပွဲကို မကြည့်ခဲ့ရပါဘူး။
Ref:metro.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment