![]() |
| စစ်ပြေးဒုက္ခသည်တွေကို အစားအသောက် ဝေငှပေးစဉ် (Credit: AFP) |
မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်တာမျိုးတွေလည်းရှိပြီး တချို့ကတော့ ရရာဆွဲပြီး ချေကျင်နဲ့ ထွက်ပြေးကြရတာပါ။
ကိုးကန့်လူမျိုးအယောက်ပေါင်း သုံးသောင်းလောက်ကတော့ တရုတ်နိုင်ငံထဲကို ပြေးဝင်ကြတဲ့အတွက် တရုတ်အစိုးရကလည်း စိုးရိမ်မကင်း ဖြစ်နေရပါတယ်။
ကြက်ခြေနီယာဉ်တန်းကိုလည်း တဖွဲ့ဖွဲ့ကနေ ပစ်ခတ်ခဲ့တဲ့အတွက် လူ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ ပစ်ခတ်မှုကို မြန်မာစစ်တပ်က မလုပ်ရဘူးလို့ ပြောဆိုထားသလို ကိုးကန့်အဖွဲ့ကလည်း မလုပ်ရဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂကတော့ လူသားခြင်း စာနာတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူတွေကို ပစ်ခတ်တာဟာ ဥပဒေချိုးဖောက်ရာရောက်ပြီး ပြည်သူတွေကို ကာကွယ်ကြဖို့ နှစ်ဖက်စလုံးကို တောင်းဆိုလိုက်ပါတယ်။
တအောင်းပလောင် အဖွဲ့ကတော့ ကိုးကန့်ဒေသနဲ့ ပလောင်ဒေသမှာ မြန်မာ စစ်တပ်က စစ်အင်အား တိုးချဲ့တာတွေ လုပ်နေတဲ့အတွက် တိုက်ပွဲတွေ ပိုဖြစ်ဖို့ အလားအလာရှိနေတယ်လို့ ပြောပါတယ်။
တအောင်းပလောင် အဖွဲ့ကတော့ ကိုးကန့်နဲ့ မဟာမိတ် ဖြစ်တာကြောင့် ကိုးကန့်အဖွဲ့ကို ကူတိုက်ပေးနေသလို ကိုးကန့်ဒေသမှာ ကိုးကန့်လူမျိုးပြီးရင် ပလောင်လူမျိုးက ဒုတိယအများဆုံး ဖြစ်နေတာကြောင့် ကူညီ တိုက်ခိုက်ပေးနေတယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-19/1416931

0 comments:
Post a Comment