ပြည်ထောင်စုအဆင့် ညီလာခံဖြစ်မြောက်ရေး UNA ကြိုးပမ်းမည်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ် ။ Photo: San Maw Aung/ RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင် ဖို့အတွက် အားလုံးပါဝင်နိုင်မယ့် ပြည်ထောင်စုအဆင့် ညီလာခံတစ်ရပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ဆုံးဖြတ်လိုက်ပါတယ်။

တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်နိုင်ငံရေးပါတီတွေ တက်ရောက်တဲ့ ၃ ရက်ကြာ ညီလာခံကနေ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက် ပဲနဲ့ ကျနော်တို့တိုင်းပြည်က အေးချမ်းမှာမဟုတ်ဘူး၊ အားလုံးအေးချမ်းဖို့ဆိုရင် အားလုံးလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ် ပေါ်ပေါက် ရမယ်၊ အဲ့ဒါမှသာလျှင် ငြိမ်းချမ်းပြီး တိုးတက်မှုကိုရှေးရှုနှိုင်မယ်၊ အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စု ညီလာခံ ကြီးတစ်ရပ် ပေါ်ပေါက်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းမယ်၊ အဲ့မှာအပစ်ခတ်ရပ်စဲရေး ပါမှာပေါ့နော်၊ လက်မှတ်ထိုးတာတွေပါမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အားလုံးကြုံနေရ တဲ့ ပြဿနာတွေရှင်းဖို့ အဲ့ဒါတွေပါပါတယ်"

ပြည်ထောင်စုအဆင့်ညီလာခံ ကျင်းပနိုင်ရေးအတွက် UNA နဲ့ မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကို ဒီနေ့ဖွဲ့စည်းခဲ့ပါတယ်။ ကိုးကန့်ဒေသ ပဋိပက္ခအပါအဝင် စစ်ရေးပဋိပက္ခတွေ အားလုံးကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး အတည်ပြု ပြဌာန်းပေးဖို့ကိုလည်း အကြံပြုထားပါတယ်။

ညီလာခံကို UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေအပြင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/una-will-try-union-conference-02192015103456.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment