စစ်ဘေးဒုက္ခသည်များအား ကူညီရန်လာသည့် ကြက်ခြေနီယာဉ်တန်းကို ကိုးကန့်အဖွဲ့ ပစ်ခတ်တိုက်ခိုက်

လောက်ကိုင်ဒေသတွင် ကိုးကန့်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများနှင့် သံဃာတော်တစ်ပါး ပုန်းခိုနေစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
လောက်ကိုင်တိုက်ပွဲများကြောင့် ပိတ်မိနေသည့် စစ်ဘေး ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသော ကြက်ခြေနီ ယာဉ်တန်းကို ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၇ ရက် ညနေက လောက်ကိုင်မြို့မှ စစ်ဘေးဒုက္ခသည် ၂၅၀ ခန့်ကို တင်ဆောင်လာသော ကွမ်းလုံပရဟိ တလူငယ်အဖွဲ့ ဦးစီးသည့် ကြက်ခြေနီယာဉ်တန်းကို ချင်းရွှေဟော်နှင့် သုံးမိုင်ခန့်အကွာ ယာစိုကိုင်းရွာတွင် ကိုးကန့်လက်နက်ကိုင် အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရမှုတွင် အဆိုပါ ကြက်ခြေနီယာဉ်ကို  မောင်းလာသူ ကွမ်းလုံပရဟိတ လူငယ်အဖွဲ့မှ ကိုဇော်မင်းထိုက်မှာ မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး ကွမ်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကိုမိုးကျော်သန်းက ၀မ်းဗိုက်ဒဏ်ရာရရှိခဲ့သည်။
ကိုဇော်မင်းထိုက်သည် ပစ် ခတ်ခံရမှုကြောင့် မျက်နှာတွင် ဒဏ်ရာရခဲ့သော်လည်း အပစ်ခံရ သည့်နေရာမှ ချင်းရွှေဟော်အထိ ယာဉ်ကို မောင်းနှင်လာခဲ့သည်။
‘‘ဒီကောင်တွေ ပစ်တဲ့နေရာကို မှတ်မိတယ်။ တပ်ကို အဲဒီနေ ရာကို လိုက်ပြချင်တယ်’’ ဟု ကို ဇော်မင်းထိုက်က လူနာတင်ကား ပေါ်တွင် ပြောသည်။
ယင်းသို့ ပစ်ခတ်ခံရသော ယာဉ်တန်းတွင် သတင်းထောက် များလည်း ပါဝင်ခဲ့သည်။
ကိုးကန့်လက်နက်ကိုင်အ ဖွဲ့များသည် ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား ကြံခင်းများအ တွင်းမှ ချောင်းမြောင်းပစ်ခတ်နေ ခြင်းဖြစ်ကြောင်း ချင်းရွှေဟော် တွင် လုံခြုံရေးယူထားသည့်တပ်မ (၁၁)မှ တပ်မတော် အရာ ရှိတစ်ဦးက ပြောသည်။
‘‘စပစ်တဲ့ နေ့ကတည်းက ကူ ညီနေတာ ကြက်ခြေနီယာဉ်တန်း ကို ပစ်မယ်လို့ မထင်ဘူးပေါ့ဗျာ’’ ဟု ကွမ်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါ တီ တွဲဖက်အတွင်းရေးမှူး ဦးစိုး နိုင်မြင့်က ဆိုသည်။
ဒဏ်ရာရရှိသူ နှစ်ဦးကို ကွမ်း လုံပြည်သူ့ဆေးရုံမှတစ်ဆင့် လား ရှိုးမြို့သို့ ပို့ဆောင်ကုသမည်ဖြစ် ကြောင်း သတင်းရရှိသည်။
By
အောင်ခိုင်
အောင်သစ်လွင် 







































Source:7daydaily.com






Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment