အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွင် မန်ယူနှင့်အာဆင်နယ် ထိပ်တိုက်တွေ့

အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များတွင် လက်ရှိချန်ပီယံ အာဆင်နယ်သည် မန်ယူနှင့် ထိပ်တိုက်တွေ့ဆုံပြီး လီဗာပူးက ဘလက်ဘန်းနှင့် ကစားရမည်ဖြစ်သည်။

အသင်းကြီးများကို အနိုင်ယူခဲ့သော လိဂ်ဝမ်းမှ ဘရက်ဖို့ဒ်စီးတီးက ရီဒင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အက်စတွန်ဗီလာမှာ ၀က်စ်ဘရွန်းနှင့် ဗီလာပါ့ခ်တွင် ကစားရမည်ဖြစ်သည်။
မန်ယူအသင်းသည် ပရက်စတန်အသင်းကို နောက်မှ လိုက်ကစားခဲ့ရပြီး ၃-၁ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံးနှစ်သင်း အဆင့်သို့တက် လာခြင်းဖြစ်သည်။ ပရက်စတန်နှင့်ပွဲတွင် မန်ယူ ဒုတိယဂိုးသွင်းယူခဲ့သော ဖယ်လိုင်နီက အာဆင်နယ်နှင့် တွေ့ဆုံ၍ အားတက်သရောဖြစ် နေသည်။
‘‘အဲဒါ ကြီးကျယ်တဲ့ပွဲဖြစ်မှာပါ။ အာဆင်နယ်နဲ့တွေ့ရင် အမြဲတမ်းပွဲကြီးပွဲကောင်းပဲ’’ ဟု ၎င်းက ဘီဘီစီသတင်းဌာနအား ပြောကြားသည်။ လီဗာပူး၏ ကွာတားပွဲစဉ်မှာ ဂျရတ်အတွက် ၎င်း၏နောက်ဆုံးရာသီတွင် ၀င်ဘလေကွင်း၌ဗိုလ်လုပွဲသို့ ရောက်ရှိနိုင်ရေး အခွင့်အရေး တစ်ရပ်ဖြစ်သည်။
Ref:BBC

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment