ယခုနှစ် ချန်ပီယံလိဂ် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရန် လောင်းကစားဒိုင်ကြီးများ ခန့်မှန်းကြေး ပေးမှုတွင် ဘာစီလိုနာမှမက်ဆီနှင့် ယမန်နှစ် ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုတို့က ထိပ်ဆုံးမှ ဦး ဆောင်နေပြီး ဗိုလ်စွဲနိုင်ခြေအရှိ ဆုံးအဖြစ် ဘိုင်ယန်ကို တစ်ပေးကာ ရီးရဲလ်က ဒုတိယရေပန်းစား နေသည်။
လက်ရှိ (၈)ဂိုးသွင်းထားသော မက်ဆီသည် ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးဆုအတွက် ရေ ပန်းအစားဆုံးဖြစ်ပြီး ရှုံးထွက်တွင် မန်စီးတီးနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂိုးသွင်းဘုရင်ဖြစ်ရန် ရေပန်းအစား ဆုံးဖြစ်နေသည်။
ရော်နယ်ဒိုမှာမူ ငါးဂိုးသာ သွင်းထားသေးသော်လည်း အသင်းမှာ (၁၆)သင်း အဆင့်၌ ယမန်နှစ်က ဂိုးပြတ်များဖြင့် နိုင်ခဲ့ဖူး သည့် ရှော်လ်ကေးနှင့် ရီးရဲလ် ပြန်တွေ့ခြင်းကြောင့် အလေးပေးမှုမြင့်တက်ကာ ဒုတိယဖြစ်နေ သည်။ တတိယနေရာတွင်မူ ဒိုးနက်စ်မှ ဘရာဇီးတိုက်စစ်မှူး အက်ဒရီယာနိုက ရေပန်းစားနေသည်။ရီးရဲလ်မှာ မူလက ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးဖြစ်သော်လည်း ဘိုင်ယန်က ကျော်တက်လာကာ ရေပန်းအစားဆုံးဖြစ်သွားသည်။ ရီးရဲလ်မှာဗိုလ်စွဲရန် ဒုတိယရေပန်း အ စားဆုံးဖြစ်သည်။
—Ref: Goal/AS
Source:7daydaily.com
0 comments:
Post a Comment