ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ ထွန်းထွန်းက သူ့အနေနဲ့ အသက်အရွယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဇာတ်ရုပ်တွေဆိုရင် ရိုက်ရတာအားရကျေနပ်မှုရှိတယ်လို့ ပြောပါ တယ်။ ” ကျွန်တော် အခုရိုက်နေတဲ့ အီဖေကိုယ်တို့ရွေးကောက်ပွဲ ဇာတ်ကားလေးမှာလည်း ကောင်မလေးအချစ်ကိုရယူဖို့အ တွက် အပြိုင်ကြိုးစားရတဲ့ ဇာတ်ရုပ်လေးပါပဲ။ ကျွန်တော့်ကာရိုက်တာနဲ့ လိုက်ဖက်တယ် ထင်ပြီး လာရောက်အပ်နှံတာဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်တွေ လာ ငှားတာလည်းများပါတယ်။ ဒီအသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်ရတာကိုလည်း ကျေနပ်ပါတယ်။ ကိုယ်ဟာသလုပ်လိုက်လို့ ပရိသတ်တွေ က ကြည့်ပြီးပျော်တယ်၊ ရယ်ရတယ်ဆိုရင်ပဲ လုပ်ရတာအားတစ်ခုဖြစ်စေပါတယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားသွားမှာပါ” လို့ထွန်းထွန်းကပြောပါတယ်။
ထွန်းထွန်းက “စူပါစတား” အမ်တီဗီ အခွေလေးကို မတ်လမှာထွက်ရှိနိုင်အောင် ကြိုးစားနေပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်ကိုပဲ ဦးစားပေးပြီးလုပ်သွားမယ် လို့ လည်း ဆိုပါတယ်။” ကျွန်တော် နောက်ပိုင်းမှာလည်း ဇာတ်ကားတွေ တောက်လျှောက်ရိုက်သွားဖို့ စီစဉ်ထားပါတယ်။ သေချာတာတစ်ခုကတော့ ရုပ်ရှင်ရိုက်ကူးရေး ဘက် ကို ပြန်လုပ်တဲ့အခါ ဂီတဘက်ကို လုံးဝပြန်ပြီး မလှည့်နိုင်တော့ပါဘူး။ နှစ်ခုစလုံး ပြိုင်တူလုပ်ရင် အဆင်မပြေလို့ပါ။ အခုလာမယ့် မတ်လမှာ ကျွန်တော့် ရဲ့ “စူပါစတား” အမ် တီဗီထွက်ပါမယ်။ အဲဒီအခါကျရင်လည်း ပရိသတ်တွေက အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ စူပါစတားထဲမှာက ကျွန်တော် အများဆုံးသရုပ်ဆောင်မယ်။ ပြီးတော့ နှင်းဆီအဖွဲ့က အစ်ကိုတွေပါမယ်။ Examplez အဖွဲ့ ပြန်ပါမယ်။ တခြားသရုပ်ဆောင်တွေလည်းပါမယ်။ ဒီအမ်တီဗီအခွေလေးပြီးရင်တော့ကားရိုက်ပဲ ဆက်တိုက် ရိုက်သွားမယ်။ ကျွန်တော်၂ဝဝ၉ ခုနှစ်ကတည်းက ကားမရိုက်ဖြစ်တာပါ။ ဒီကြားထဲမှာ ရုပ်ရှင်ကားကြီးတွေပဲ ရိုက်ဖြစ်တယ်။ ဗီဒီယို လုံးဝမရိုက်ဖြစ်ဘူး။ သီချင်းတွေလည်း ဆိုလိုက်၊ မဆိုလိုက်နဲ့ နေဖြစ်ခဲ့တယ်။ ၂ဝ၁၅ ထဲမှာ ရုပ်ရှင်ရိုက်ကူးရေးတွေကို သေချာပြန်လုပ် ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက ကိုယ်လုပ်ချင်တဲ့အရာက ဘာ လဲဆိုတာကို သိသွားတာလည်း ပါပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ထပ်ရိုက်ဖို့လည်း လက်ခံထားပါတယ်။ သင်္ကြန်အပြီးတစ်ကား၊ မေလထဲမှာ တစ်ကားရိုက်ဖို့ စီစဉ် ထားပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း
ဓာတ်ပုံ- အောင်ဇော်မင်း
Source:Popularmyanmar.com

0 comments:
Post a Comment