နန်းဆုရတီစိုးက ဒီနှစ် Valentine Day မှာ ချစ်သူ ရဲ့ Valentine Day လက်ဆောင်ကြောင့် အံ့သြခဲ့ ရကြောင်း ပြောပါတယ်။ ချစ်သူက သူ့ရဲ့ မိသားစုတွေ နဲ့ တိုင်ပင်ပြီး သူ့ရဲ့ အိပ်ခန်းထဲမှာ တစ်ခန်းလုံးအပြည့် ပူဖောင်းတွေ၊ နှင်း ဆီပန်းတွေ နဲ့ချောကလက်တွေ ဖန်တီးပေးထားတာ တွေ့ ရပြီး မနက် အိပ်ရာနိုးတဲ့ အချိန်မှာ အံ့သြပျော်ရွှင် ခဲ့ရ ကြောင်းကို နန်းဆုရတီစိုးက “အိပ်ရာက နိုးလာတာ နဲ့ ပူဖောင်းတွေ၊ ပန်းစည်းတွေက တစ်ခန်းလုံးပြည့် ကြီး ဆိုတော့ တအား အံ့သြပြီး အိပ်မက်ထဲ မှာလား တကယ် လား ဆိုပြီးကြောင်နေတယ်။ နောက်မှ တကယ်ဆိုပြီး ဓာတ်ပုံရိုက်ဖို့ အသိဝင်လာတယ်။ တအားပျော်တယ်။ ကိုယ့်ကိုဒီလို surprise လုပ်ပြီး ကိုယ့်အပေါ်မှာ ချစ်ခင်မှု ၊ကြင်နာမှု၊ တန်ဖိုးထားမှု ၊မေတ္တာတွေကို ခံစားရပါ တယ်။ ဒီလို surprise လုပ်ပေးတဲ့ အတွက် လည်း ကျေးဇူးတင်တယ်” လို့ပြောပါတယ်။ နှစ်တိုင်းလည်း ချစ်သူဆီက ရင်ခုန်ပျော် ရွှင်စရာ Valentine လက်ဆောင်ရ ရှိခဲ့ပြီး အခုဆိုရင် ချစ်သူ သက်တမ်း ၄နှစ် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်ထဲ မှာတော့ မင်္ဂလာသတင်း အနေနဲ့ ထူးခြားမှု မရှိသေးဘဲ ၂ဝ၁၆ နှစ်ဆန်းပိုင်း မှာတော့ ထူးခြား မှာဖြစ်ကြောင်း သိရပါတယ်။
Source:http://www.popularmyanmar.com/mpaper
Source:http://www.popularmyanmar.com/mpaper

0 comments:
Post a Comment