ပင်လောင်းဟော်နန်းဟောင်းအား မွမ်းမံဖို့ RCSS ခေါင်းဆောင်ပံ့ပိုးမည်



ဓါတ်ပုံ- RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ပင်လောင်းလူထုနှင့်တွေ့ဆုံ ပင်လောင်းဟော်နန်း ဟောင်း အားကြည့်ရှုစစ်ဆေး
ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၅

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ် မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ ဖေဖေါ်ဝါရီ ၁၈ ရက် ပင်လောင်းမြို့ ခရီးစဉ်တွင် ပင်လောင်းဟော်နန်း ဟောင်း အားမွမ်းမံပြင်ဆင်ဖို့ ပံ့ပိုးကူညီသွားမည်ဟု ပြောကြားလိုက်သည်။

ဖေဖေါ်ဝါရီ ၁၈ ရက် နံနက်ခင်းပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးမှူး ဦးစံလွင် လိုက်ပါ ပို့ဆောင်မှုဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် ပင်လောင်းမြို့ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများအပါအဝင် ပင်လောင်း သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ ဆရာစိုင်းစံလှ၊ စိုင်းအောင်စိုး ၊ ဒေသခံ ၅၀၀ ကျော်တို့အား ပင်လောင်းမြို့ မွေတော်ကျောင်း တိုက် တွင် တွေ့ဆုံကြသည်။

ပင်လောင်းလူထုနှင့်တွေ့ဆုံပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ဒေသခံလူထုအား တိုင်း ပြည် ကို ဒီမိုကရေစီစနစ်နှင့် ထူထောင်ဖို့ သွားနေသည့်အတွက် ဒီမိုကရေစီအကြောင်းလေ့လာ ဖို့ရန်လို အပ်ကြောင်း၊ စာလည်းများများဖတ်ဖို့လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ပင်လောင်းဟော်နန်း ကိုသွားရောက်လေ့လာပြီး ပျက်စီး ယိုယွင်းနေတဲ့ ပင်လောင်း ဟော်နန်းကို ပြင်ဆင်ဖို့ ကမကထ ပြုမည်ဟု သျှမ်းစာပေယဉ်ကျေးမှု ဉက္ကဌ နှင့် ပင်လောင်း အကြီးအကဲများထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ပင်လောင်းမြို့ လူထု တွေ့ဆုံပွဲတွင် ပအိုဝ်းခေါင်းဆောင် ဦးစံလွင်ကလည်း ‘အခုတွေ့ဆုံပွဲဟာ အနာဂတ်သျှမ်းပြည်အရေး ပြည်ထောင်စုအရေး အတူတကွ ပူးတွဲလုပ်ဆောင်သွား နိုင်ဖို့ ဖြစ်တယ်’ ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်၊ ပင်လောင်း ဟိုပုံးမြို့နယ် သုံးမြို့နယ်အား စုစည်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သတ်မှတ်ထားသည်။ ထိုဒေသအတွင်း ပအိုဝ်းခေါင်းဆောင်ကူညီပေးမှုဖြင့် ခရီးလှည့်လည်ခြင်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် အတွက် ပထမ ဆုံးသော ခရီးစဉ်ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အဖွဲ့သည် ပင်လောင်းလူထု နှင့်တွေ့ဆုံပြီးနောက် တီကျစ် ဘက်ခရီး ဆက်ကြောင်း ယနေ့ည တောင်ကြီးမြို့သို့ ပြန်လည်တည်းခိုမှာဖြစ်ပြီး မနက်ဖြန် ဖေဖေါ်ဝါရီ ၁၉ ရက် လွယ်လင်ခရိုင် ဘက် ခရီးဆက်မည်ဖြစ်ကြောင်း ခရီးစဉ်မှာလိုက်ပါသည့် စဝ်ပင်ခမ်းက ပြောပါသည်။

စိုင်းနွမ်ခေး (ပင်လောင်း) ။ ။ သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment