မပြီးပြတ်သေးသည့် ပြဿနာ၊ အကြမ်းဖက်ဖြိုခွဲမှု များနှင့် နေ၀င်ချိန်နီးလာ သည့် အစိုးရ – အောင်ထွန်းလင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စစ်ဝတ်စုံချွတ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ မျက်နှာဖုံးကွာကျလာ . . . ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စစ်အစိုးရ လက်ထက်ကအတိုင်း အရပ်ဘက်လူရမ်းကားတွေ ကို သုံးစွဲတဲ့ဓလေ့ ရှိတုန်းပဲဆိုတာ သက်သေပြလိုက်ပါပြီ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(4-1)-030၂၀၁၁ တုန်းက ပြည်သူ့ရင်ကို ထိစေတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ သမ္မတဦးသိန်းစိန်က ပြည်သူတွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ကချင်ပြည်နယ် က မြစ်ဆုံစီမံကိန်းကို သူ့ရဲ့သက်တမ်းအတွင်း မလုပ် ဆောင်စေရ ဘူးဆိုပြီး လုပ်ခဲ့တာပါ။ ဒီနောက်ပိုင်း ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ ကို ပြန်လည်ခေါ် ယူတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာစတဲ့ လုပ်ဆောင်ချက်တွေလည်း ဆက်တိုက် ဆက်လုပ်လာ ခဲ့တော့ တချို့ ပြည်သူတွေဆိုရင် သမ္မတထောက် ခံပွဲတွေ တောင်လုပ်ခဲ့ကြသေးတယ် မဟုတ်ပါလား။

ဒါပေမဲ့လည်း လက်ရှိ သမ္မတသက်တမ်း ကုန်ခါနီး ၂၀၁၄ နှစ်ကုန်၊ ၂၀၁၅ နှစ်ကူး ပိုင်းမှာတော့ပြည်သူ အချို့ရဲ့ မေတ္တာကိုခံယူခဲ့တဲ့ စစ်ဝတ်စုံချွတ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ဟာ မျက်နှာဖုံးကွာကျလာ ပါတော့ တယ်။ နယ်မြေဒေသအမျိုးမျိုးက လယ်ယာမြေ ပြဿနာတွေ၊ လုပ်ခလစာ ပြဿနာတွေဆက် တိုက်ဖြစ်ပေါ် လာခဲ့တာကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်တိုက် လုပ်လာခဲ့တဲ့အတွက် အခြေခံဥပဒေအရ အမြင့်ဆုံးဖြစ်တဲ့ သမ္မတ အပေါ်မေးခွန်းထုတ် လာကြပါတော့တယ်။ ဒီနေရာမှာ အကြမ်း ဖက်ဖြိုခွင်းလို့ သေဆုံးခဲ့ရတဲ့ လက်ပံ တောင်းက ဒေါ်ခင်ဝင်း၊ စစ်တပ်ကပစ်ခတ်လို့ သေခဲ့ရတဲ့ အလွတ်တန်း သတင်းထောက်ကိုပါကြီး၊ အသက် ၈၀ ကျော်အမေအိုကြီးကို နှစ်ကျော့ပြန် ထောင်ချခဲ့ တဲ့ နေပြည်တော်ကဖြစ် ရပ်။ ဒီဖြစ်ရပ်တွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုက ဒီကနေ့အချိန် အထိမရှိ သေးပါဘူး။…

ဒါ့အပြင် နှစ်ပေါက်သည်အထိ မအောင်မြင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အရေးယူခြင်း မရှိသေးတဲ့ ၀န်ကြီးဌာနတွေရဲ့ ငွေအလွဲသုံးမှုကိစ္စ၊ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး အစိုးရဘက်က ကတိပျက်မှုနဲ့ သပိတ်ကျောင်းသားကိစ္စ။ ဒါတင်လားမဟုတ် သေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရန်ကုန်က မြို့တော်ခန်းမရှေ့မှာ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ဖို့အတွက် အစာငတ်ခံ ဆန္ဒပြ နေတဲ့ လက်ပံတန်းက ကျောင်းသားတွေကို ထောက်ခံပွဲလုပ်တဲ့အခါ လုံခြုံရေး လက်ပတ်နီဝတ် အရပ်သားတွေ က အကြမ်းဖက် ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် တွေက ညတွင်းချင်း သတင်းစာ ရှင်းလင်းပွဲလုပ်၊ အဖွဲ့အစည်း အသီးသီးကလည်း ကြေညာချက်ထုတ်ပြီး အစိုးရက ဖြေရှင်းပေးဖို့တောင်းဆို ကြခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်လို့ အဲဒီလက်ပတ်နီဝတ်တွေက ရပ်မိရပ်ဖပြည်သူပါလို့ အစိုးရဘက်က ပြောပေမယ့်လည်း တာဝန် သိ ပြည်သူတွေရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် အဲဒီလက်ပတ်နီဝတ်တွေဟာ အုပ်ချုပ်ရေး အသိုင်းအ၀ိုင်း ကမြို့နယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေပါ ပါတယ်ဆိုတာ ဖော်ထုတ်နိုင် ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူ ရဲ့ဖော်ထုတ်ချက်ကို အစိုးရဘက်က ပြန်လည် တုံ့ပြန်ခြင်း မရှိပါဘူး။

ပြည်သူကိုပြည်သူနဲ့ ဖြိုခွင်းခိုင်းဖို့ အတွက်နိုင်ငံရဲ့ အမြင့်ဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ထည့်သွင်း ပြဋ္ဌာန်းထားခြင်း မရှိသလို တခြားတခြား သော ဥပဒေတွေမှာလည်း မပါရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ လက်ပံတန်းမှာ ထိုင်သပိတ်လုပ်နေတဲ့ ကျောင်းသား ခေါင်းဆောင်ကို မင်းသွေးသစ်နဲ့ စကားပြော ခွင့်ရတော့သူက အခုလိုပြောပြပါတယ်။ သူပြောပြခဲ့တာကိုစကားပြောအနေနဲ့ပဲပြန် ပြောပါရစေ။ ““အခုက ကျောင်းသားတွေကို လက်ပတ်နီတွေနဲ့ နှိမ်နင်းတာကတော့တော် တော်ဆိုးတယ်။ အခု ကျွန်တော်တို့လည်း ရဲတပ်ဖွဲ့တွေကို ပြောထားတယ်။ ကျောင်းသားတွေကို တာဝန်အရရိုက်နှက်တ ကို တော့ခံနိုင်တယ်။ အဲဒီလို ရိုက်တာကတော့ ရဲဝတ်စုံ ၀တ်ထားတဲ့လူတွေပဲ ဖြစ်ပါစေ။ အရပ်ဝတ်နဲ့ ဆိုရင်တော့ ကျွန်တော်တို့က ခံမှာ မဟုတ်ဘူး””တဲ့။

ပြီးခဲ့တဲ့ အပတ်ကဖြစ်ခဲ့တဲ့ အလုပ်သမားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတုန်း ကလည်း အရပ်ဝတ်ဝတ်ထား တဲ့သူ တွေက လူအုပ်ကြားထဲဝင်လာပြီး သပိတ်အလုပ် သမားတွေကိုဝင်ရောက်ဖမ်းဆီးတာ၊ ရိုက် နှက်တာရှိခဲ့ တယ်လို့ သိထားရပါတယ်။ မည်သို့ပင်ဖြစ်စေ ငြင်းဆန်လို့မရတဲ့ အချက်ကတော့ သပိတ်တွေကို အရပ်သား အချင်းချင်း ပြန်တိုက်ပေးပြီး အကြမ်းဖက်ဖြိုခွင်း ခိုင်းတာကိုတော့ ပြည်သူက သိရှိသွားပြီဆို တဲ့အချက်ပါ။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စစ်အစိုးရလက်ထက်ကအတိုင်း အရပ်ဘက်လူရမ်းကားတွေကိုသုံးစွဲတဲ့ဓလေ့ ရှိတုန်းပဲဆိုတာ သက်သေပြလိုက်ပါပြီ။

မြစ်ဆုံစီမံကိန်းနဲ့ ပြည်သူ့မေတ္တာကို ခံယူခဲ့တဲ့ ဦးသိန်းစိန်အစိုးရကတော့ အခု အချိန်မှာ ပြဿနာပေါင်း သောင်း ခြောက် ထောင်နဲ့ဝိုင်းနေသလို မကြာခင်လာတော့မယ့် ရွေးကောက်ပွဲအတွက် စိုးရိမ်စရာဖြစ်နေပါပြီ။ လက်ပံ တောင်းကြေးနီ၊ လောက်ကိုင်တိုက်ပွဲ၊ လက်ပံတန်းသပိတ် စတဲ့ပြဿနာတွေက တန်းစီနေတုန်းပါပဲ။ အခုလည်း ကျောင်းသားသပိတ်ကို ရန်ကုန်တက်ခွင့် ပေးမယ်လို့ပြောပြီး ဟန့်တားမှုတွေကြောင့် ပြဿနာတွေကလည်း ထပ်တိုးလို့လာနေပါပြီ။ ပဲခူးနဲ့ ရန်ကုန်နယ်စပ်မှာလည်း လုံခြုံရေးတင်းကျပ်လို့ထား ပြန်ပါတယ်။ ဘယ် လိုမျိုး ကိုင်တွယ်ဖြေရှင်းဦးမလဲဆိုတာ စိတ်ပူစရာတော့ဖြစ်နေပါပြီ။

တစ်ခုပဲရှိပါတယ်။ ကိုမင်းသွေးသစ် ပြောသလို တာဝန်အရရဲတပ်ဖွဲ့ကရိုက်နှက် တာကို ခံနိုင်ပေမယ့်အရပ်ဘက် ဖြိုခွဲရေးသမားတွေ သုံးလာမယ်ဆိုရင်တော့ဖြင့် မတွေးဝံ့စရာလို့ပဲ ပြောရမှာဖြစ်သလို ဒီလို လုပ်ခဲ့မယ်ဆိုရင်ဖြင့် အစိုးရကသာ တာဝန် ရှိတယ်လို့ ဆိုရတော့မှာပါ။

(ဒီဆောင်းပါးရေးနေတဲ့ မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ရန်ကုန်ကိုတက် လာဖို့အတွက်ပြင်ဆင်တဲ့ ကျောင်းသား သပိတ်တပ်ကိုရဲတပ်ဖွဲ့ဝင်တွေက အကြမ်း ဖက်ဖြိုခွင်းတဲ့နေရာမှာကျောင်းသားကျောင်း သူတွေ ဒဏ်ရာရရှိခဲ့သလို အဲဒီလိုအကြမ်း ဖက်ဖြိုခွင်းတဲ့ထဲမှာ အာဏာပိုင်တွေက ခေါ်ထားတဲ့အရပ်သား ဖြိုခွဲရေး သမားများကလည်း ကျောင်းသားတွေကို ၀င်ရောက် ရိုက်နှက်တာတွေကို ဗီဒီယိုမှတ်တမ်းတွေ အရ သိရပါ တယ်။ ဒါ့အပြင် သပိတ်မှောက် ကျောင်းသားတွေ ကျန်းမာရေးအတွက် ကူညီပေးနေတဲ့ ဦးကျော်သူရဲ့နာရေး ကူညီမှုအသင်းက ကြက်ခြေနီကားပေါ်မှာ ဆေးကုသမှုခံယူနေတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ကားပေါ်ကဆွဲချပြီး ဖမ်းဆီးတာမျိုးထိပါ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအကြမ်း ဖက်ဖြိုခွဲမှုနဲ့ပတ်သက်ပြီး တိုင်းအစိုး ရတာ ၀န်ရှိသူတွေက တာဝန်ရှိပေမယ့်လည်း ဥပဒေကြောင်းအရ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အကြီးအကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်ထံမှာသာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။)

မည်သို့ပင်ဖြစ်ပါစေ လက်ရှိအချိန်ဟာ သမ္မတဦးသိန်းစိန်ရဲ့ သမ္မတနောက်သက်တမ်းအတွက် ပြင်ဆင်ရမယ့် ကာလဖြစ်သလို လက်ရှိသက်တမ်း နေ၀င်ချိန်မဖြစ်ဖို့အရေး အဆုံးအဖြတ်ပေးမယ့် ကာလတစ်ခုပါ။ မပြီး ပြတ် သေးတဲ့ပြဿနာများစွာကို ဖြေရှင်းဖို့ အပါအ၀င် သပိတ်တွေကို အကြမ်းဖက်ဖြို ခွဲမှုကြောင့် ပြည်သူ့ထောက်ခံမှု လျော့ကျ လာမှုတွေကို ပယ်ဖျောက်နိုင်ဖို့ ဆိုရင်အချိန် ကာလကလည်း အကန့်အသတ်ဖြစ်လို့ လာနေပါပြီ။ ဒါတွေကို ပြေလည်ဖို့ဆိုရင် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။

အဲဒါကတော့တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ရင်ဖြင့် အခုအစိုးရရဲ့ အမွေကိုဆက်ခံမယ့် နောင်အစိုးရအတွက်လည်း အခုလိုမျိုး အဖြစ်အပျက် တွေနဲ့လုံးလည်လိုက်ရင်း တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုနောက် ဆုတ်သွားမှာကို သတိချပ်သင့်ပါကြောင်း တိုက်တွန်းရင်း။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment