လက်ပတ်နီ“တာဝန်”ပတ်ခွင့်အာဏာ ဘယ်သူပေးခဲ့လဲ – လင်းထိုက် (Y.I.T)


မိတီ်္ထလာ၊ မန္တလေး အဓိကရုဏ်းတွေတုန်းက တုတ်၊ ဓားကိုင်ထားတဲ့ ဘယ်ကရောက်လာ မှန်းမသိတဲ့ လူအုပ် ကြီးကြောင့် ကလေးငယ်၊ အမျိုး သမီးတွေနဲ့ လူပေါင်းများ စွာ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့အနေနဲ့ လက် ပတ်နီ “တာဝန်”တွေကို ဘာလို့အကူအညီ မတောင်းခဲ့တာလဲ။ ပုဒ်မ ၁၂၈ အရ နီးစပ်ရာအမျိုးသားများကို အကူအညီ တောင်းနိုင်တယ် ဆိုရင် လက်ပတ်အနီတွေက ဘာလို့ ကြိုတင်တပ်ဆင်ပြီးသားဖြစ်နေတာလဲ။ ဘယ်သူက တာဝန်ခံပြီး လက်ပတ်အနီ“တာဝန်”တွေ ထုတ်ပေးခဲ့တာလဲ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်ကား မတ်လ ၅ ရက် ညနေ ၃ နာရီဝန်းကျင် …

““တာဝန်”” ““တာဝန်”” ““တာဝန်”” ဆို တဲ့ လက်ပတ်နီပေါ်က စာလုံးတွေဟာ ဗိုလ်ချုပ်အောင်ဆန်း နောက် ဆုံးမိန့်ခွန်း မိန့်ကြားခဲ့ရာ မြို့တော်ခန်းမရှေ့ကွက်လပ် နေရာမှာ မာန်ဖီသွေးဆူလို့ နေပါတယ်။ လက်ပံတန်းပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြကြ မယ့် ကျောင်းသား၊ ကျောင်းသူ ၅၀ ခန့်နဲ့ ကျောင်းသားသပိတ် ထောက်ခံသူပြည်သူ ၅၀ ခန့်ဝန်းရံပြီး မြို့ တော်ခန်းမရှေ့ကို အလံ တွေလွှင့်ထူလို့ ရောက်ရှိလာကြပါ တယ်။ ကျောင်းသားတွေ က ကြွေးကြော် သံတွေ အော်ဟစ်နေချိန် “တာဝန်” ဆိုတဲ့ လက်ပတ်နီစည်းထားတဲ့ ၀န်ထမ်းမဟုတ်သူ အရပ် သားတွေကို ဒိုင်နာကားတွေနဲ့ ကြိုတင်စေလွှတ် ထား တဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခုလိုဆန္ဒပြတာ ဥပဒေနဲ့မညီညွတ်ကြောင်း၊ လူစုခွဲဖို့ နာရီ ၀က်အချိန်ပေးမှာဖြစ် ကြောင်း အော်ဟစ် သတိပေးပါတယ်။ ဒါပေမဲ့ မိနစ် ၂၀ ခန့် အကြာမှာပဲ အုပ်စုနှစ်ခုကြား ပဋိပက္ခစတင် လာပါ တော့တယ်။ လက်ပတ်နီ “တာဝန်”တွေက ဆန္ဒပြကျောင်းသားတွေကို ၀င်ရောက်ထိုးကြိတ်ပါတယ်။…

အခြေ အနေက အတော်ကို ၀ရုန်းသုန်းကား ဖြစ်နေချိန် ၀င်ရောက်ဖျန်ဖြေဖို့ အနီးရောက်လာတဲ့ ၈၈ (ငြိမ်း/ပွင့်)က မနီလာသိန်းနဲ့ ကျောင်းသား တချို့ကို လက်ပတ်နီ“တာဝန်”တွေနောက်မှာ နေရာယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ က နံပါတ်တုတ်နဲ့ ၀င်ရောက်ရိုက်နှက်ပါတော့တယ်။ ဆွဲတဲ့သူက ဆွဲ၊ တောင်း ပန်သူက တောင်းပန်နဲ့ အခြေအနေ က ရှုပ်ထွေးနေ ချိန်လက် ပတ်နီ“တာဝန်”တွေဟာ ကျောင်း သူနဲ့ကျောင်းသားတချို့ကို အတင်းချုပ်ပြီး အသင့် ပြင်ထားတဲ့ ဒိုင်နာကားဆီ ဖမ်းဆီး ခေါ်ဆောင် သွားပါတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ ကလည်း ကျောင်းသား တချို့ကို ၇ယောက် လောက် ၀ိုင်းချုပ်ပြီး ဒိုင်နာကားပေါ် တင်လိုက်ပါတယ်။ နုနုရွရွတော့ မဟုတ်ပါဘူး။ ဆိုးတာက ဆေးမင်ကြောင်တစ်ကိုယ်လုံး အပြည့်ထိုးထားတဲ့ လက်ပတ်နီ “တာဝန်” က ကျောင်းသူလေး တစ်ယောက်ကို လည် ပင်းက သိုင်းချုပ်ပြီး ကားပေါ်ကို အတင်း ခေါ်တင်နေတဲ့ မြင်ကွင်းပါပဲ။

အဖြစ်အပျက်ရှုခင်း အကျဉ်းချုပ်ကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ အဲဒီအဖြစ် အပျက်ရဲ့ နောက် ကွယ်မှာ မေးစရာ မေးခွန်းတွေ တစ်ပုံတစ်ပင်ပေါ်လာပါတယ်။ “တာဝန်”ဆိုတဲ့လက်ပတ်နီ လက်မောင်းမှာပတ် ထားတဲ့ ၀န်ထမ်း မဟုတ်သူ အရပ်သားတွေ ဟာ ဘယ်သူတွေလဲ။ အရင်စစ်အာဏာရှင် ခေတ် ၂၀၀၃ ဒီပဲယင်းအရေး အခင်းနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့မှာ အာဏာပိုင်တွေဟာ ဒီလိုပဲ လက်ပတ်ပတ်ထားတဲ့ “စွမ်းအားရှင်”တွေကို လူထုကိုဖြိုခွဲတဲ့နေရာမှာ သုံးဖို့ သတ်သတ်မွေးပြီး အကြမ်းဖက် နည်းဗျူဟာတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ န၀တ၊ နအဖခေတ် အာဏာပိုင်တွေရဲ့ နှုတ်ထွက်စကားတွေကို ပြန်လေ့လာရင် အာဏာပိုင်တွေကိုယ်တိုင် “စွမ်းအားရှင်”တွေ လို့ သုံးနှုန်းခဲ့တာကို သမိုင်းပြန်လှန်လှောရင် တွေ့နိုင်ပါလိမ့်မယ်။

၂၀၁၁ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေဟာ “စွမ်းအားရှင်”ဆိုတာ မရှိဘူးလို့ ဘူးခံငြင်းခဲ့ကြပါတယ်။ မတ်လ ၅ ရက် အဖြစ်အပျက်နောက်ပိုင်း အာဏာပိုင် တွေခုခံပြောဆိုတာကတော့ လက်ပတ်နီ “တာဝန်” အရပ်သား တွေဟာ ““ရပ်ရွာ အထောက်အကူပြုအဖွဲ့ဝင်””တွေပါတဲ့။ အခါတော်ပေး၊ အကြံပေးတွေနဲ့ ၀န်းရံထားတဲ့ လက်ရှိ အာဏာပိုင်တွေဟာ အဖြစ်အပျက်၊ အခြေအနေအရပ်ရပ်ပေါ်မှာ စကားလုံးတွေ ကို အထူး သတိထား သုံးစွဲလာတာကိုတော့ ပြည်သူတွေ အထူးသတိထားလာကြပါတယ်။ ခုသုံးစွဲလိုက်တဲ့ စကားလုံးကို က နူးနူးညံ့ ညံ့။ ““ရပ်ရွာအထောက်အကူပြု အဖွဲ့ဝင်””တွေပါတဲ့။ မလှလား။ အကြမ်း ဖက်ဆန်ဆန်လုပ် ရပ်တွေနဲ့ ပြည်သူ ကို ကျူးလွန်သူကို အမည်နာမ တပ်ပုံက သြော် ချလောက်အောင် ယဉ်ကျေးတယ်လို့ပဲ ဆိုရတော့မှာပါပဲ။

ဒါပေ မဲ့ ပြည်သူတစ်ရပ် လုံးရဲ့ ပါးစပ်ဖျားမှာတော့ ““စွမ်းအားရှင်”” ““စွမ်းအားရှင်””ဆိုတာချည်းပါပဲ။ မြို့လယ် ကောင် နေ့လယ်ကြောင်တောင်မှာ အာဏာပိုင်ခွင့်ပြုထားတဲ့ အကြမ်းဖက်လိုင်စင် ရထားသူတွေ ကိုပြည်သူ တွေက “စွမ်းအား ရှင်”လို့ပဲ ကမ္ပည်းတပ်ကြတာ သိပ်တော့ ဆန်းကြယ်လှတာ မဟုတ်ပါဘူး။ “စွမ်း အားရှင်” တစ်ခေတ် စန်းထလာပြီလို့ ဆိုသူ တွေတောင်ရှိနေပါတယ်။ ဒီအဖြစ်အပျက် မတိုင်ခင် ရက်ပိုင်းမှာ အလုပ် သမားသပိတ် ကို ဖြိုခွဲတော့လည်း ဒီလက်ပတ်နီ “တာ ၀န်”တွေကို ထုတ်သုံးခဲ့တာပဲ မဟုတ်ဘူး လား။ နောက် မိကျောင်းကန်သပိတ်စခန်း ကိုဖြိုခွဲတုန်းကလည်း တပ်မြို့စည်ပင်တံဆိပ် တပ်ဆင်ထားတဲ့ တုတ်ကိုင်ထားတဲ့ သူတွေကို ထုတ်သုံးခဲ့လေတော့ “စွမ်းအားရှင်”တစ်ခေတ်ဆန်းသစ်လာပြီလို့ ပြည်သူတွေ ကြား ပြောဆိုနေကြ တာဟာ လွန်တယ်လို့ မဆိုနိုင်ပါဘူး။

မီဒီယာကို မီဒီယာနဲ့တိုက်၊ လူထုကို လူထုနဲ့တိုက်ဆိုတဲ့ လက်ရှိအာဏာပိုင်တွေ ရဲ့ “အိမ်ကြက်ချင်း အိုးမဲသုတ်” နည်းဗျူဟာဟာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီခရီးနဲ့ တော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။

ဥပဒေနဲ့အညီတဲ့

သမ္မတရုံး တာဝန်ရှိသူတစ်ဦးကတော့ မတ်လ ၅ ရက် ဖြိုခွင်းမှုဟာ ဥပဒေနဲ့ညီ ညွတ်ကြောင်း ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေ (၁၂၈)ကို ကိုးကားပြီး ခုခံပြောဆိုပါတယ်။ ပုဒ်မ ၁၂၈ နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို တုံ့ပြန်ရေးသားထားပါတယ်။

ပုဒ်မ ၁၂၈ မှာ ““လူစုလူဝေးကို မုချ မဖျက်မည့်အကြောင်း ထင်ရှားသည့်အမူ အရာကို ပြုလုပ်လျှင်””လို့ ဖော်ပြ ထားပါ တယ်။ ယခုဆန္ဒဖော်ထုတ်မှုဟာ အစီအစဉ်ပြီးဆုံး လူစုခွဲမယ့် လူစုလူဝေးသာဖြစ် ပြီး အရပ် ၀တ်နဲ့ ပါနေ တဲ့သူတွေ ဆိုသည်မှာ ကြိုတင်ကြံစည် စုဆောင်းထားသူများဖြစ် ကြောင်း ထင်ရှားပေါ် လွင်နေပါတယ်။ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုး သားကိုမဆို အကူအညီတောင်းနိုင်သည် ဆိုရာမှာလည်း ဓာတ်ပုံ အထောက်အထားကို ကြည့်ရှုနိုင်ပါတယ်””ဆိုပြီး လက်ပတ်နီ ““တာဝန်””အရပ်သားတွေ တုတ်များကိုင် ဆောင် ထားပုံကို ရည်ညွှန်းပြီး ထောက်ပြ ပြောဆိုသွားပါတယ်။

ပုဒ်မ ၁၂၈ ရဲ့ ဆို လိုရင်းက “လူစုမခွဲတဲ့အမူအရာကို ပြုလုပ် ရင်”လူစုခွဲနိုင်တယ်။ ဒါပေမဲ့ အခုစုဝေးကြ တဲ့ လူစုလူဝေးက လူစုမခွဲတဲ့ အမူအရာ လည်းမပြ၊ အချိန် တန် လူစုခွဲ အိမ်ပြန်ကြ မှာဖြစ်တဲ့အတွက် ပုဒ်မ ၁၂၈ နဲ့ မငြိစွန်း နိုင်သလို ပုဒ်မ ၁၂၈ မှာ ဖော်ပြထားတဲ့ ““လူစု ခွဲရာမှာ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသား ကိုမဆို အကူအညီ တောင်းနိုင်တယ်””ဆိုတဲ့ အချက်မှာ လည်း လက်ပတ်နီ “တာဝန်”တချို့တုတ်များ ကိုင် ဆောင်ထားတာကို ကြည့်ခြင်းဖြင့် ပုဒ်မ ၁၂၈ အရ ဥပဒေနဲ့ ညီညွတ်ကြောင်းလို့ တာဝန်ရှိသူတစ်ဦး အနေနဲ့ ပြောဆိုတာဟာ ဆင်ဝှေ့ရန်ရှောင် ဥပဒေအကာအကွယ်ကို ဆွဲယူပြောဆိုသွားတာဖြစ်ကြောင်း ထင်ရှားနေပါတယ်။ အမှန်တော့ ဒီဥပဒေပုဒ်မ ၁၂၈ ဆိုတာကိုက ဆန္ဒပြသူ တွေကို ဖြို ခွင်းဖို့ ရည်ရွယ်ပြဋ္ဌာန်း ထားတဲ့ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေတစ်ရပ်ဖြစ်နေတဲ့ အတွက် ပြင်ဆင် ကို ပြင်ဆင်သင့်နေပြီ ပဲ ဖြစ်ပါတယ်။

ဘာဘာ ဘာမှမသိဘူး

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ““အရပ်ဝတ်နဲ့ပါနေ တဲ့သူ တွေဟာ ဘယ်အဖွဲ့အစည်းလဲ၊ ဘယ်လိုမူဝါဒလဲဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့ကို မေးမှရ မယ်””လို့ ပြောဆိုပါတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ စကားတစ်ခွန်းဟာ သမ္မတကို ကိုယ်စားပြုပါတယ်။ အခု ပြောဆိုချက်အရ သမ္မတက တာဝန်မခံဘူးဆိုတဲ့ သဘောပါပဲ။ ဆန္ဒပြသူတွေကို ဖြို ခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တွေဆိုတာ ပြည်ထဲ ရေးဝန်ကြီးရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက် မှာ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေး ၀န်ကြီး အပါအ၀င် ၀န်ကြီး၃ပါးကို ကာချုပ်က ခန့်အပ်ရပါတယ်။ အဆင့်ဆင့် တာဝန်ခံမှုအရဆို အဓိက တာဝန် အရှိဆုံး သူက ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေပါတယ်။ ဒါဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဟာကွက်လို့ ပြောနိုင်ပါ တယ်။ နောက် ကာချုပ်ကို ကာ/လုံရဲ့ ထောက်ခံချက်နဲ့ သမ္မတက ခန့်အပ်သည်ဆိုပြီး ဖွဲ့စည်းပုံမှာ ပါလေတော့ သမ္မတမှာလည်း တာဝန်ရှိသွားပါပြီ။

ဒါပေမဲ့ ကာ/လုံအခန်းကဏ္ဍ က ပိုကြီးမားနေလေတော့ သမ္မတသာ ကာချုပ်အပေါ် သြဇာတကယ်သက်ရောက် တယ်ဆိုရင် အခုလို အဖြစ်အပျက်မျိုးမှာ သမ္မတက တာဝန်ခံရပါ လိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီအသွင်ပြောင်း အစိုးရသက်တမ်း တစ်လျှောက် အသုံးအများဆုံး စကားလုံး တစ် လုံးဖြစ်တဲ့ ““အောက်ခြေကဖြစ်တာ အပေါ်က မသိလိုက်ဘူး””ဆိုတဲ့ ဆင်ခြေ အရ မြန်မာပြည်မှာ တာဝန်ခံ မယ့်သူ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်ရတော့မှာ ပါပဲ။ ကောင်းမွန်သောအုပ်ချုပ်မှု (Good Goverment) ဖြစ်အောင် ကြိုးစားသွားမယ်လို့ အာမခံချက်ပေးထားတဲ့ လက်ရှိအစိုးရ ဟာ ကောင်းမွန် သော အုပ်ချုပ်မှုရဲ့ လက္ခဏာ ရပ် ၈ချက်ထဲကတစ်ချက်ဖြစ်တဲ့ တာဝန်ခံမှု (Accountability) ကင်းမဲ့နေတာကတော့ လက်ရှိဖြစ်စဉ် တင်မကဘဲ ရှေ့မှာဖြစ်ပျက် ခဲ့တဲ့ ပြဿနာအရပ် ရပ်မှာလည်း ပြည်သူ တွေတွေ့ကြုံခံစားခဲ့ရပြီးပါပြီ။ နိုင်ငံတစ် နိုင်ငံမှာ အစိုးရလုပ်သူတွေ တာဝန်ခံမှုကင်းမဲ့ ရင်တော့ ဒီမိုကရေစီနဲ့ မိုင်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဝေးနေ ဦး မှာပါပဲ။

တာဝန်ခံမှုကင်းမဲ့နေသရွေ့ ကျောင်း သား၊ ပြည်သူတွေရဲ့မကျေနပ်ချက်၊ နစ်နာ ချက်တွေအတွက် တောင်းဆို ဆန္ဒပြမှုတွေပေါ် နေဦးမှာဖြစ်သလို ဆန္ဒပြမှုတိုင်းကိုအကြမ်း ဖက်ဖြိုခွင်းနေဦးမယ်ဆိုရင်တော့ အဆိုး ကျော့သံ သရာ (Vicious Cycle) ကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပါဘူး။

လက်ပတ်နီ “တာဝန်”တွေဟာ ဘယ် သူတွေလဲ၊ ဘာတွေလဲ၊ လက်ပတ်တပ် ထားခွင့်လိုင်စင်ရတာနဲ့ ပြည်သူကို အကြမ်း ဖက်ခွင့်ရှိပါသလား။ မိတီ်္ထလာ၊ မန္တလေး အဓိကရုဏ်းတွေတုန်းက တုတ်၊ ဓားကိုင် ထားတဲ့ ဘယ်က ရောက်လာမှန်း မသိတဲ့ လူအုပ်ကြီးကြောင့် ကလေးငယ်၊ အမျိုးသမီးတွေနဲ့ လူပေါင်းများ စွာ သေဆုံးခဲ့တဲ့ ဖြစ်စဉ် တွေမှာ ရဲတပ်ဖွဲ့အနေနဲ့ လက်ပတ်နီ “တာဝန်”တွေကို ဘာလို့အကူအညီမတောင်း ခဲ့တာလဲ။ ပုဒ်မ ၁၂၈ အရ နီးစပ်ရာအမျိုး သားများကို အကူအညီတောင်းနိုင်တယ် ဆိုရင် လက်ပတ်အနီတွေက ဘာလို့ကြို တင်တပ် ဆင် ပြီးသားဖြစ်နေတာလဲ။ ဘယ်သူက တာဝန်ခံပြီး လက်ပတ်အနီ “တာဝန်” တွေ ထုတ်ပေးခဲ့တာလဲ။ အများပြည်သူတွေ ပြောနေကြတဲ့ “စွမ်း အားရှင်”ခေတ်တစ်ခေတ် ပြန်စန်းမထစေ ချင်ပါဘူး။ တာဝန်ခံမှုကင်း မဲ့ခဲ့တဲ့ အရင် အာဏာရှင်စရိုက် လက္ခဏာတွေ ပြန်ပေါ် ပေါက်နေပြီဆိုတာ ပြည်သူတွေ ရိပ်စားမိလာပါပြီ။ တာဝန်ခံမှုရှိရှိ တာဝန်ယူတတ်တဲ့ အစိုးရတစ်ရပ်အဖြစ် လက်ပတ်နီ “တာဝန်” တွေနဲ့တာဝန် ရှိသူတွေကို ဖော်ထုတ် အရေးယူပေးပါ။

လင်းထိုက် (Y.I.T)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment