သမိုင်းဝင် ပင်လုံမြို့၌ မိုးသီးကြွေ၊ ရာသီသီးနှံစိုက်ခင်းဧကရာချီ ပျက်စီးဆုံးရှုံး


ဓါတ်ပုံ- ပင်လုံမြို့တွင် မိုးသီးကြွေကျ မှုကြောင့် စိုက်ခင်းများ ပျက်စီး ဆုံးရှုံး ရပုံများ



မတ်ခ်ျလ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ပင်လုံမြို့၌ မိုးသက်လေပြင်း ကျရောက်ကာ မိုးသီးကြွေကျမှုကြောင့် ရာသီသီးနှံစိုက်ခင်း ဧကရာချီ ပျက်စီးဆုံးရှုံးကြောင်း သိရှိရသည်။

မတ်ခ်ျလ ၂၅ ရက် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့် မိုးသက်လေပြင်းကျရောက်ရာ ဆီးဖြူသီးအရွယ်ခန့် မိုးသီးများပါ ကြွေကျမှုကြောင့် ပင်လုံမြို့ အနီးတ၀ိုက်ရှိ ရာသီသီးနှံစိုက်ခင်း အမြောက်အများ ပျက်စီးဆုံးရှုံး ကြောင်း ဒေသခံများက ဆို၏။

“နောင်မိန်းမှာ ရာသီသီးနှံစိုက်ခင်းဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးတယ်။ တန်ဖိုးကတော့ ကျပ်သိန်း ၃၄၀ လောက်ရှိ တယ်။ ဆုံးရှုံးတာများတော့ ပိုင်ရှင်တွေ ငိုပွဲဝင်ကြတယ်” ဟု နောင်မိန်းရပ်မိရပ်ဖဖြစ်သူ ဦးလုံးဥတ္တမ က ပြောပါ သည်။

ပင်လုံမြို့မြောက်ဘက်ရှိ နောင်မိန်းရွာတွင် အိမ်ခြေ ၄၅ ခန့်ရှိပြီး အိမ်တိုင်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြ ကြောင်း၊ ရာသီသီးနှံများဖြစ်သည့် အာလူး၊ ဖရဲသီး၊ သခွားမွှေး၊ ဖရုံသီး၊ ကြက်သွန်ဖြူနှင့် ပန်းပင်များ စိုက်ပျိုး ကြကြောင်း ဆို၏။

“သီးနှံတွေတောင် ရင့်ကြီးနေပြီ။ မကြာခင် ဆွတ်တော့မှာ။ ရင်းနှီးထားတာတွေတော့ ကုန်ပါပြီ။ တအိမ်ကို သိန်း ၄၀ - ၅၀ အနည်းဆုံးဘဲ။ ထိုင်းကို သွားအလုပ်လုပ်တာဘဲ ကောင်းမယ်ထင်တယ်” ဟု နောင်မိန်းရွာသား လုံးညွှန့်က ပြောပါသည်။

ပင်လုံမြို့အနောက်မြောက်ဘက်ရှိ ပန်မုံ့ရွာတွင်လည်း လယ်ပိုင်ရှင် ၆ ဦး၏ ဖရဲသီး၊ အာလူး၊ ခရမ်းချဉ်သီး စိုက်ခင်း ၈ ဧက ပျက်စီးပြီး ၂၄ သိန်းခန့် ဆုံးရှုံးကြောင်း ပန်မုံ့ရွာနေ ဒေါ်ပါ့ကွယ် က ပြောပါသည်။

အလားတူ ပင်လုံမြို့တောင်ဘက်ရှိ ၀မ့်လုံရွာ၌ အာလူး၊ ဖရဲသီး၊ သခွားသီး၊ ကြက်သွန်မြိတ် စိုက်ခင်းဧက ပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း ၀မ့်လုံရွာသူကြီး ဦးလုံးလှဦးက ဆို၏။

မိုးသက်လေပြင်းကျရောက်မှုကြောင့် ပင်လုံမြို့လယ်ရှိ ကိုးမြို့ရှင် နတ်နန်းမှ ညောင်ပင်ကျိုးကျကာ နတ်နန်းမှာလည်း ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

ယနေ့တွင် ပင်လုံမြို့၌သာမက တောင်ကြီး၊ ပြင်ဦးလွင်၊ မိုင်းလား တို့တွင်လည်း မိုးသက်လေးပြင်ကျရောက်ကာ မိုးသီးကြီးများကြွေကျခဲ့ပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese



  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment