A သွေးပိုင်ရှင်အကြောင်း သိကောင်းစရာ




A သွေးပိုင်ရှင်တွေ ကိုယ့်အကြောင်းကို ဖတ်ဖြစ်အောင် ဖတ်လိုက်နော်။

☆ ဘဝကြီးက စိတ်ညစ်စရာကောင်းတယ်လို့ ထင်နေပါတယ်။

☆ သူများအကြည့်တွေကို သည်းမခံနိုင်သလို၊ စိတ်ထဲမှာ သူတို့ဘယ်လိုထင်သလဲကို သိချင်နေတယ်။
☆ ကိုယ်တိုင် ယုံကြည်ချက်တွေ မရှိတော့ပါ။
☆ ကိုယ့်ကိုကိုယ်လည်း မချစ်ပါ။

☆ သည်းခံနိုင်တာကတော့ နံပါတ် ၁ပါ။
☆ ဘာပဲဖြစ်ဖြစ် သည်းခံနိုင်ပါတယ်။
☆ ဒါကြောင့်လည်း စိတ်ဖိစီးမှုတွေက တဖြည်းဖြည်းများလာတယ်လို့ ခံစားရတယ်။
☆ ကိုယ်ခန္ဓာကိုရဲ့ ၈၀ ရာခိုင်နှုန်းက စိတ်ဖိစီးမှုဒဏ်ကို ခံနေရတာပါ။

☆ ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေအောင်နေတတ်သူပါ။
☆ ရယ်စရာမကောင်းတဲ့ ဟာသတွေကိုလည်း ပြုံးပြုံးကြီး ရယ်ပေးပါတယ်။

☆ သူတပါးက ဖိအားပေးတာ၊ စိတ်အရမ်းလှုပ်ရှားနေချိန်မှာ ပတ်ဝန်းကျင်ကို မမြင်တော့ပါ။
☆ စိတ်အခြေအနေက တည်ငြိမ်မှုမရှိပါ။
☆ ခေါင်းဆောင်၊ အဖွဲ့တစ်ခုကို ဦးစီးရန် မလိုလားပါ။
☆ စိတ်အရမ်းလှုပ်ရှားပြီး မျက်လုံးတွေပြာပြီး ဘာမှကို မမြင်တဲ့အခါ ရှိပါတယ်။

☆ ကိုယ့်ကိုကိုယ်တောင် တခါတလေ မယုံတတ်ပါ။
☆ အတွေးအခေါ်ကောင်းတွေရှိတာတောင် သူများစကားကို ယုံပြီးလက်ခံလိုက်တတ်တယ်။
☆ လုပ်တာကို စဉ်းစားနေတာက အချိန်ကြာနေတတ်တယ်။
☆ လုပ်လိုက်တဲ့ကိစ္စတစ်ခုက ပြသာနာဖြစ်မယ်။ ဆုံးရှုံးမယ်ဆိုပြီး မကောင်းဘက်ကပဲတွေးနေတတ်တယ်။

☆ မစဉ်းစားထားရသေးရင် ဘာမှကိုမပြောပါ။
☆ အမှန်တရားကို လက်ကိုင်ထားတာကြောင့် အဆင်ပြေအောင် လိမ်လည်း မပြောတတ်ပါ။
☆ ပျော်စရာကောင်းချိန်မှာတော့ အားလုံးကို မေ့နေတတ်ပါတယ်။
☆ ဒါပင်မဲ့လည်း လက်တွေ့ဘဝကို အမြဲတွေးနေတတ်ပါတယ်။

☆ ဆုံးဖြတ်ချက်မချနိုင်သောသူတွေကို မုန်းတယ်။
☆ အဖြေကိုသာ သိချင်နေတတ်တယ်။
☆ ပြောင်းပြန်ပြောရရင်တော့ မင်းတို့ ဘာလုပ်ချင်သလဲဆိုတာကို သေသေချာချာ စဉ်းစားပြီးမှ ပြန်လာခဲ့လို့ပြောချင်တယ်။

☆ ဆဲဆိုတာ၊ သူများမကောင်းကြောင်းကို မုန်း၏။
☆ ၁လလောက် စိတ်ဓါတ်ကျနေတတ်တယ်။
☆ ကိုယ့်ကို ခနဲ့တဲ့သူတွေကို မုန်းတယ်။
☆ ၁ပတ်လောက်လည်း စိတ်ဓါတ်ကျနေတတ်တယ်။

☆ ဘယ်လောက်ပဲမုန်းတဲ့သူဖြစ်ပါစေ၊ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။
☆ သေလောက်အောင်မုန်းတဲ့သူရဲ့ အမုန်းကိုတော့ မခံချင်ပါ။

☆ ပုံမှန်အားဖြင့် ရန်ဖြစ်ရတာကို မုန်းတယ်။
☆ ရန်ဖြစ်ရင်လည်း သူများကို ရိုက်ဖို့နေနေ၊ သူများကပဲ ကိုယ့်ကိုရိုက်သွားတတ်တယ်။
☆ ငြိမ်းချမ်းရေးတရားကို လက်ကိုင်ထားသူပါ။
☆ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်း ငြိမ်းချမ်းစွာ သာသာယာယာ နေထိုင်သွားချင်ပါတယ်။

☆ တခါတလေ တောင်ပြောမြောက်ပြော လျှောက်ပြောနေတတ်တယ်။
☆ သူများအကြောင်းဆိုရင် သိပ်စိတ်ဝင်စားနေတတ်တယ်။
☆ တန်းစီရမယ့်နေရာဆိုလည်း သေသေချာချာ တန်းစီတတ်တယ်။

☆ သိပ်မအိပ်တတ်ပါ။
☆ အသံနည်းနည်းကြားတာနဲ့ မျက်စိကပွင့်နေပြီ။
☆ အိပ်ချိန်နည်းပင်မဲ့လည်း လူကတော့ ကျန်းမာပါတယ်။

☆ သူများအတွက်ဆိုရင် ကူညီရန် အသင့်ပါ။
☆ ဘယ်သူ့ကိုမဆို ကူညီရန် အသင့်ပါ။
☆ သူတပါး အဆင်ပြေသွားလို့ ပြုံးပျော်နေတယ်ဆိုရင် ကျေနပ်ပါပြီ။
☆ ကူညီလိုက်ရရင် ဘဝကအားလုံးပြည့်စုံသွားတယ်လို့ ခံစားရတယ်။

☆ ငြိမ်းချမ်းရေးကိုလက်ကိုင်ထာပင်မဲ့လည်း တောင်းပန်ရတာကို မုန်းတယ်။
☆ အမှာတစ်ခုကို နောင်တရလို့ မဆုံးတော့ပါ။

☆ တခါတလေကျရင် သူများတွေ စိတ်မဝင်စားတဲ့ကိစ္စကို စိတ်ဝင်စားနေတတ်တယ်။
☆ အနိုင်အရှုံးအပေါ်မှာ စိတ်ဝင်စားတယ်။
☆ နိုင်ဖို့ရန် အမြဲကြိုးစာနေတယ်။
☆ အရှုံးပေးရမယ့်ကိစ္စကို လက်မခံတတ်ပါ။
☆ ဒါပင်မဲ့လည်း မျက်နှာပေါ်မှာတော့ လုံးဝကို တော့ရမှာမဟုတ်ပါ။

☆ လောကကြီးက စည်းကမ်းတွေများကကြောင့် A သွေး အကြိုက်ပါ။
☆ ဒါပင်မဲ့လည်း စည်းကမ်းတွေ များလွန်းအားကြီးလို့ သည်းမခံနိုင်တာလည်း သူပါပဲ။

☆ ပတ်ဝန်းကျင်မှာ A သွေးတွေချည်းပဲဆိုရင် ပျော်စရာကြီး ဘယ်သူ့ကိုမှ မကြောက်ပါ။
☆ ဘာကြောင့်လဲဆိုတော့ ရန်ဖြစ်စရာ မလိုလို့ပါ။

☆ ဒါပင်မဲ့ B သွေးကို မုန်းတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်းကမ်းကို မလိုက်နာလို့ပါ။
☆ နောက်ပြီး ဖြစ်သလိုနေတတ်လို့ပါ။
☆ နောင်ဘဝမှာ ဘာသွေးရွေးမလဲဆိုရင်တော့ B သွေးကို ရွေးမိလိမ့်မယ်လို့ထင်တယ်။

ChelmoTeam
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment