![]() |
| ပုံစာ - မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညို ။ |
မြ၀တီမြို့ နယ်ရှိ တံတားကျိုး စစ်ဆေးရေး ဂိတ်တွင် အင်္ဂါနေ့က ဖမ်းဆီးရမိသည့် အမေရိကန် ဒေါ်လာငွေ (၁၀) သိန်းကျော်သည် အစစ်များ ဖြစ်သည်ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညို က ယနေ့တွင် အတည်ပြု ပြောဆို လိုက်သည်။
၎င်းက အမေရိကန် ဒေါ်လာငွေများမှာ အစစ်များ ဖြစ်သည်ဟု ယနေ့နံနက်ပိုင်းက သတင်းထောက်များကို ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ - ၄၂ အရ အရေးယူသွားမည်ဟုလည်း ပြောဆိုခဲ့သည်.
အဆိုပါအမှုနှင့် ပတ်သက်၍ ငွေပိုင်ရှင်ဖြစ်သည့် ဦးသန်းအောင် (မြ၀တီ) နှင့် မော်တော်ဆိုင်ကယ်ဖြင့် ငွေလာပို့သူ နှစ်ဦးကို မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
၁၀၀ တန်နှင့် ၅၀ တန်များ ပါဝင်သည့် အဆိုပါ ဒေါ်လာငွေ(၁၀၃၃၃၅၀) ကို ရန်ကုန်မြို့ နေ ကိုစည်သူအောင်နှင့် ကော့ကရိတ်မြို့နေ ကိုစနေထွန်းတို့က မော်တော်ဆိုင်ကယ်ဖြင့် မြ၀တီမြို့ သို့ လာရောက်ပို့ဆောင်စဉ် အင်္ဂါနေ့ နံနက်ပိုင်းက တံတားကျိုး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အဆိုပါ ဒေါ်လာငွေများကို အစစ်နှင့်အတု ခွဲခြားနိုင်ရန်အတွက် မြ၀တီမြို့ ရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များမှ ကျွမ်းကျင်ဝန်ထမ်းများက လာရောက်စစ်ဆေးကာ အတည်ပြုပေးခဲ့သည်ဟုလည်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com

0 comments:
Post a Comment