ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲအချင်းချင်း အရက်သေစာ သောက်စား မူးယစ်ပြီးသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား


ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ယခုလ ၁၅ ရက်ည ၈ နာရီ ၄၅ မိနစ်ခန့်က နယ်ခြား စောင့် ရဲ အချင်းချင်း အရက်သေစာ သောက်စား မူးယစ်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ သိရသည်။

ဖြစ်စဉ်မှာမောင်တော မြို့နယ် တောင်ပိုင်းသင်္ဘောကွေ့ ရဲစခန်းတွင် ကင်းစခန်းမှူးမရှိစဉ် ကင်းစခန်းအတွင်း ကျန်ခဲ့သည့် ရဲ တပ်သားငါးဦးအရက်အတူသောက် စားပြီးနောက် ရဲတပ်သားဝင်းဌေး က ကင်းစခန်းမှူး အပြန်နောက်ကျ သဖြင့်သွားရောက်ကြည့်ရန် လက် နက် ကိုင်ပြီးစခန်းအပြင်သို့သွားစဉ် ရဲ တပ်သားထွန်းထွန်းဇော်က တား မြစ်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ ကြောင်းသိရသည်။

ထိုသို့သေနတ် ပစ်ခတ်သံကြောင့် တားမြစ်ရန် အတွက်ကျန်ရဲတပ်သား စိုးမိုးသန်း နှင့် ရဲတပ်သားအောင်မြင့်မြတ်တို့ ပြေးထွက်လာစဉ် သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ရဲတပ်သားဝင်းဌေးက သေ နတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ် သားစိုးမိုးသန်းနှင့် ရဲတပ်သား ထွန်းထွန်းဇော်တို့သေဆုံးခဲ့ပြီးရဲတပ် သားအောင်မြင့်မြတ်မှာ ဆီးခုံ ဖောက်ဝင်ဒဏ်ရာနှင့်ယာတံတောင် ရှပ်ထိဒဏ်ရာဖြင့် မောင်တော ဆေးရုံတွင်အတွင်းလူနာအဖြစ်ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

ပစ်ခတ်မှုကျူးလွန်ခဲ့သူကိုယ် တိုင် သတင်းပို့ခဲ့ပြီး အဖမ်းခံခဲ့ ကြောင်း၊ယနေ့တွင် ၄င်းကိုခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း သိရသည်။

နုနုနွေ(ဓညဝတီ)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment