အော်ရီဒူးဖုန်းကို ပြင်ပ ၂၄ နိုင်ငံတွင် အသုံးပြုနိုင်


ရန်ကုန် မတ် ၂ဝ

အော်ရီဒူး ဆင်းကတ်သုံးစွဲသူများ အနေဖြင့် ပြည်ပ ၂၄ နိုင်ငံ တွင်ပါ ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်သုံးခြင်းတို့ကို အသုံး ပြုနိုင်ပြီ ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

အော်ရီဒူး၏ Roaming (ပြည်ပရောက်စဉ် အသုံးပြုမှု) ဝန်ဆောင်မှုကို ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒို နီးရှား၊ ဂျပန်၊ မလေးရှား၊ မော်လ်ဒိုက်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လင်ချင်းစတိုင်း၊ ဆွစ်ဇာလန်၊ ဘရာဇီး၊ ကနေဒါ၊ အစ္စရေး၊ လက်ဘနွန်၊ နယူးဇီလန်၊ အိုမန်၊ ကာတာ၊ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် အီတလီနိုင်ငံတို့၌ အသုံးပြု နိုင်ပြီဖြစ်သည်။

အဆိုပါ စနစ်ကို အသုံးပြုရန်အတွက် ဖုန်းသည်ကြိုတင် ငွေရှင်းစနစ်ဖြစ်ပါက ပြည်ပသို့ ယူဆောင်အသုံးပြုရန် အသင့် ဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုပြီးမှ ငွေရှင်းသည့်စနစ်ကို သုံးနေပါက ပြည်ပတွင်အသုံးပြုရန် ဖြစ် မဖြစ်ကို နီးစပ်ရာအော်ရီဒူးဆိုင် များတွင် စစ်ဆေးပြီး စပေါ်ငွေပေးသွင်းရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဖုန်းခေါ်ဆိုခကို အနည်းဆုံး စက္ကန့် ၃ဝ နှုန်းဖြင့် ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်သုံးခကို အနည်းဆုံး 50 KB နှုန်းဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်း၊ ဖုန်းအသုံးပြုခ အတိအကျပေးဆောင်နိုင်ရန် ပြည်ပတွင် အသုံးပြုထားသော ပမာဏကို ထိုကွန်ရက်မှ မှတ်တမ်းတင်ထားပြီး ပြည်တွင်း အော်ပရေတာထံသို့ ပြန်ပို့ပေးပြီးမှ တွက်ချက်ဖြတ်တောက် မည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြော သည်။

နိုင်ငံတကာတွင် အသုံးပြုနေသည့် ဖုန်းကွန်ရက် အမျိုးမျိုး ဖြစ်သော (2G/GSM, 3G/UMT, 4G/LTE) စသည့် ကွာခြားချက်များအရ မိမိတို့မိုဘိုင်းဖုန်းအနေဖြင့် ရေဒီယိုလှိုင်း အားလုံးကို ဖမ်းယူနိုင်မည်မဟုတ်သဖြင့် အဆင်မပြေသည် များလည်းရှိနိုင်ကြောင်း၊ အဆိုပါစနစ်ကို အသုံးပြုရန်အတွက် အသေးစိတ်အချက်အလက်များကို နီးစပ်ရာ အော်ရီဒူး အရောင်းဆိုင်များတွင် စုံစမ်းနိုင်ပြီး www.ooredoo.com.mm e-care portal သို့လည်း ဝင်ရောက်မေးမြန်းနိုင်ကြောင်း သိရသည်။

အော်ရီဒူးမြန်မာသည် အော်ပရေတာအသစ်ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆင်းကတ် များကို ကမ္ဘာတစ်ဝန်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတကာရှိအော်ပရေတာများနှင့် သဘောတူညီမှုများရယူ လျက်ရှိကြောင်း သိရသည်။

သူရဖြိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment