တပ်မတော် စစ်ကြောင်းများက လော်ကွာကျိုင်း မြောက်ဘက်ရှိ ပွိုင့်-၁၉၆၅ တောင်ကုန်းအား သိမ်းပိုက် ရရှိ


နေပြည်တော်၊ မတ်- ၂၀

တပ်မတော် စစ်ကြောင်းများက လော်ကွာကျိုင်း မြောက်ဘက်ရှိ သောင်းကျန်းသူများ အခိုင် အမာ အခြေကုတ်ယူ ခုခံလျက်ရှိသော ပွိုင့်-၁၉၆၅ တောင်ကုန်းအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိုးဖောက်တိုက်စစ်ဆင်နွှဲခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ၎င်းတောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။

၎င်းတောင်ကုန်းပေါ်တွင် လူ ၂၀၀ ခန့် ကောင်းစွာ တပ်ဖြန့်နိုင်သော ဗုံးခိုကျင်းများ ၊ ခေါင်ကတုတ်ပါ ပစ်ကျင်းများ၊ မြေခွေးကျင်းများနှင့် လူနေတဲကြီး ၁၀ လုံးခန့်တို့အား တည်ဆောက် အခြေပြုထားကြောင်း သိရှိရသည်။

အလားတူ ပွိုင့် - ၁၉၆၅ ၏ မြောက်ဘက်ရှိ ပွိုင့် - ၁၉၅၁ နှင့် ပွိုင့် - ၁၉၆၈ အပါအ၀င် အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား လေကြောင်းမှ တိုက်ခိုက်ချေမှုန်းခဲ့သည်။

ထို့အပြင် မတ် ၁၉ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်နှင့် မီတာ (၁၅၀၀) ခန့် အကွာရှိ သောင်းကျန်းသူတို့အတွက် အရေးကြီးသော စစ်နည်းဗျူဟာ လိုအပ်ချက် တောင်ကုန်းများ ဖြစ်သည့် ပွိုင့် - ၁၅၆၄ နှင့် ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောတို့အား ထိုးစစ်ဆင် တိုက်ခိုက်၍ သောင်းကျန်းသာ အင်အားစုများအား ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များတွင် ကိုးကန့်သောင်းကျန်းသူထံမှ တရုတ်စက်လတ် ၁ လက်၊ ကျည်မျိုးစုံ ၇၁၀ တောင့် ၊ လက်ပစ်ဗုံး ၆ လုံး ၊ TNLA ယူနီဖောင်း ၁ စုံ ၊ ကိုးကန့်သောင်းကျန်းသူ ယူနီဖောင်း ၁၀ စုံ ၊ မြန်မာ/ရခိုက်ဘာသာ မှတ်စုစာအုပ် ၁ အုပ်နှင့် လူ ၂၀၀ ခန့် အသုံးပြုနိုင်သော အုပ်ချုပ်မှု အထောက်အကူပြု ပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရရှိခဲ့သည်။

တပ်မတော်မှ စစ်သည် ၃ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ ၊ စစ်သည် ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment