မိုင်းလားဒေသသို့ ဝင်မည့်ကုန်စည်များ အစိုးရ အာဏာပိုင်များ ပိတ်ထား


မတ်ခ်ျ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်းမြို့နယ်မှ တဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များအား လုံး မြန်မာအစိုးရအာဏာပိုင်ဘက် က ပိတ်ထားသည်မှာ တလ ကျော်ပြီ ဟုဆိုသည်။

၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ - မိုင်းလားလမ်း၊ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျဉ် - ဟိုတောဝ်းလမ်း၊ မိုင်းယောင်း - မိုင်းယု - နမ့်ပန်း လမ်းကြောင်းမှ သွားမည့် ဆန်၊ ဆီ၊ ဆား၊ ပြောင်း နှင့် အခြားထိုင်း နိုင်ငံမှ ဝင်လာသည့် ကုန်စည်များအား လုံးအား မြန်မာအာဏာပိုင်များက တာ့ပင်းတံတားတွင်လည်းကောင်း၊ မိုင်းယုတွင် လည်းကောင်း၊ မိုင်းယန်းတွင်လည်းကောင်း ထိန်းချုပ်ထားသည်။

“ပိတ်ထားတဲ့အတွက် ဆန်ထွက် အများဆုံးဖြစ်တဲ့ မိုင်းယောင်းဒေသ ခံတွေ က ဆန် နဲ့ အခြား ဒေသထွက် ပဲ၊ ပြောင်းတွေ တရုတ်ကို တင်ပို့ ရောင်းချဖို့ အခက်အခဲကြုံတွေ့ နေရ ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကနေ စတင်ပိတ်ပင် တားမြစ်ထားတာခုဆို တလကျော်ပြီ” - ဟု မိုင်းယောင်း ဒေသခံ စိုင်းနွမ်တိ က ပြောသည်။

နမ့်ပန်းမြို့နေ မိုင်းလားအရာရှိတဦးက မြန်မာအာဏာပိုင်များ ယခုကဲ့သို့ ကုန်စည်များ ပိတ်ပင်ထားရခြင်းအကြောင်းရင်းနားမလည်ကြောင်း၊ သို့သော်ထိုသို့ပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိကြောင်း ပြောသည်။

“မိုင်းလားတပ်ဖွဲ့ကို ထိခိုက် နစ်နာစေတာ၊ အခက်အခဲ ကြုံတွေ့ စေတာ ဘာတခုမှ မရှိဘူး။ မိုင်းလားဒေသအတွင်းထွက်တဲ့ ဆန်နဲ့တခြားသီးနှံတွေ ဟာ ဒေသခံလူထုအတွက် လုံ လောက် တယ်။ တခြားလူသုံးကုန် တွေလဲ တရုတ်ဘက်က ၀င်လာတယ်လေ” - ဟု အဆိုပါ မည်မဖေါ်လိုသူ အရာရှိကပြောသည်။

“ဒီဘက်ကသာ ဟိုဘက်ကိုသွားခွင့်မပေးတာ။ ဟိုဘက် ဝင်လာတဲ့ကုန်တင် ကားကြီးတွေ ဝင်ခွင့် မပေးပေမယ့် ယာဉ်ငယ်တွေနဲ့ ကဲ့ယူနေကြတာဘဲ။ လူတွေကိုလဲ အရမ်းစစ်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ်ပေးမစီးတော့ဘူး။ ဆင်းပြီးတော့ တွန်းရတယ်၊ မိုင်းလား မှတ်ပုံတင် ကိုင်တဲ့လူတွေကိုလဲ အရမ်းရစ်တယ်။ ထိုင်းဘက်က လာတယ်ဆိုပြီး ကျနော့် ယောက္ဖနဲ့ ကျနော့်အမကိုတယောက်ဘတ်ငွေ ၅၀၀၀ ညှစ်တယ်။ တာ့ပိန်းမှာညှစ်တာ” - ဟု ဒေသခံ စိုင်းနွဲ့ ကပြောသည်။

မြန်မာအစိုးရကမိုင်းလားတပ်ဖွဲ့အား ဖုန်ကြားရှင်းဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် ပတ် သက်ဆက်နွယ်ခြင်း၊ ဆက်သွယ်သတင်းပေးခြင်း၊ လူအားငွေအားအပြင် အခြားသော စစ် ရေး ထောက်ပံ့မှုများပေးနေသည်ဟု စွပ်စွဲထားသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့ ကိုးကန့်တပ်ဖွဲ့နှင့်မြန်မာအစိုးရအကြားဖြစ်ပွားသော တိုက်ပွဲနောက် ပိုင်း မိုင်းလားတပ်ဖွဲ့နှင့် ယခုကဲ့သို့ ချုပ်ချယ်ကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်သည်။ ထို့အတူ မတ်ခ်ျ ၄ ရက်နေ့ကလည်း မြန်မာအစိုးရ တပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးနှင့် သံချပ်ကာ ကားများ ကျိုင်းတုံ - မိုင်းလား နယ်ခြား တာ့ပင်းတံတားဂိတ် သို့ ချထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese



  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment