၂ဝ၁၄ အတွက် အကောင်းဆုံးရက်ပ် ဂီတသမားဆုရှင် ရန်ရန်ချန်းရဲ့လက်ရှိ ဂီတလှုပ်ရှားမှု


Acid  အဖွဲ့နဲ့အတူ မြန်မာပြည်ဟစ်ဟော့ပ်ရဲ့ မျိုးစေ့ကို ချပေးခဲ့သူ တွေထဲက ရန်ရန်ချန်းက ဖေဖော်ဝါရီလ ၂ဝရက်နေ့မှာ ကျင်းပ တဲ့၂ဝ၁၄ မြန်မာ့ ဂီတထူးချွန်ဆုပေးပွဲမှာ နွေရာသီ အကောင်းဆုံး ရက်ပ်သီချင်းဆုနဲ့ ၂ဝ၁၄တစ်နှစ်တာအတွက် ရက်ပ်ဂီတသမားဆုကိုရရှိခဲ့ပါတယ်။ ခုလိုဆုနှစ်ဆု ရရှိခဲ့တဲ့အပေါ် ရန်ရန်ချန်း ရဲ့ခံစားမှုက  “ဘယ်လိုဖြစ်လဲဆိုတော့ ငယ်ငယ်တုန်းကအချိန်မှာ သာရရင် တအားကို ဟေးဟေးဟားဟားဖြစ်နေမှာပေါ့။ အခုကျတော့ ပီတိဖြစ်ဝမ်းသာရတာပါပဲ။ ငယ်ငယ်က တအား တက်ကြွနေတဲ့အချိန်တအားကြိုးစားနေတဲ့အချိန်တုန်းက ဒါမျိုးဆုဆိုတာ မရှိဘူး။ အဲ့ဒီလိုအခါမျိုးမှာ ပိုရချင်တယ်။ ဘာဖြစ် လို့လဲဆိုတော့သူငယ်ချင်းတွေနဲ့ တပျော်တပါးယူချင်တယ်” လို့ ရန်ရန်ချန်းက ပြောပါတယ်။
ရန်ရန်ချန်းက သူရရှိခဲ့တဲ့ ဆုတွေကို အမှတ်တရအနေနဲ့ သိမ်းထား မှာဖြစ်ပြီးဆုရရှိတဲ့အမှတ်တရအလှူအတန်းတွေလုပ်မယ်ဆို ရင်လည်း သူစုထားတဲ့ ငွေထဲကပဲ လှူမှာဖြစ်ပြီးဆုကိုတော့ ဒီအ တိုင်းပဲ အမှတ်တရသိမ်းထားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ခုလိုဆုရရှိ လိုက်ခြင်းက သူ့အတွက်တွန်းအားတစ်ခုလို ပိုဖြစ်စေတယ်လို့လည်းဆိုတဲ့ ရန်ရန်ချန်း က “အလုပ်တွေပို လုပ်ဖြစ်ဖို့တွန်းအားပေးသလိုဖြစ်တယ်။ အလုပ်တွေပို လုပ်ရမယ်။ ဒီလောကထဲက မင်းဘယ်မှမသွားနဲ့လို့ပြော လိုက်သလိုပါပဲ။ အခုကျွန်တော့်အနေနဲ့သီချင်းတွေလည်း အမြန်ဆုံးလုပ်ဖြစ်နေ ပါပြီ။   လောလောဆယ်တော့ ဂျေမီ၊ဂျီတုန်းတို့နဲ့ သုံးယောက်အတွဲ တစ်ခွေထွက် ဖို့ရှိမယ်။ အဲ့ဒါက သင်္ကြန်အပြီးမှာ ထွက်မှာပါ။သီချင်းပုဒ်ရေ ကတော့နှ စ်ယောက်ပေါင်းကို အများကြီးမပါ ပါဘူး။ ၆ ပုဒ်၊ ၇ပုဒ်လောက် ပါမယ်။ အတွဲတစ်ခွေထွက်ဖို့ရှိ ပါတယ်” လို့ ရန်ရန်ချန်းက ပြောပြခဲ့ပြီး အဲဒီအ ခွေ ကို တော့ ပြင်ဦးလွင်မြို့မှာသွားရောက်အသံ သွင်းယူ ဖန်တီးထားတယ်လို့လည်း သိရပါတယ်။
ရဲရဲ
Source:popularmyanmar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment