အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပြည်သူ့ရင်ပြင်၌ ဂီတဖျော်ဖြေပွဲပြုလုပ်မည်


မတ် ၈ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက်ရည်ရွယ်၍ Ox Fam Myanmar မှ ကြီးမှူးကျင်းပသည့် ဂီတဖျော်ဖြေပွဲကို မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် အခမဲ့ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “အမျိုးသမီးများ ဦးဆောင်ရေး အခွင့်အလမ်းများဖန်တီး ပေး” ဟူသောအကြောင်းအရာဖြင့် အမျိုးသမီးလှုပ်ရှားမှုများကို ပြုလုပ်နေသော Ox Fam Myanmar မှ စီစဉ်သော ထိုပွဲတွင် တေးသံရှင်များအဖြစ် သျှီ၊ ဆုန်သင်းပါရ်၊ ရေဗက္ကာဝင်း၊ မို့မို့လွင်၊ ထွန်းရတီ၊ ဝတ်ရည်ထက်၊ ဂျူဝယ်လ်၊ စိမ်းလဲ့လဲ့၊ လီလီမြင့်၊ အက်စ်တာ၊ ကေကေမိုးတို့နှင့်အတူ ဧည့်သည်အဆိုတော်အဖြစ် ဘိုဖြူနှင့်ဝေလတို့ ပါဝင်မည်ဖြစ်ကာ Ros တီးဝိုင်းဖြင့် တီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည့် အဆိုပါပွဲကို ညနေ ၄ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment