ဘကြီးဖြိုးနဲ့ ဦးနေဝင်း အယ်လ်ဘမ်ကြောင့် ဂီတလောကထဲမှာ ရပ်တည်နိုင်တာပါလို့ ဆိုတဲ့Snare အဖွဲ့


မေလ ၂ဝရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ ဂီတ ထူးချွန်ဆုပေးပွဲ၂ဝ၁၄မှာဆောင်းရာသီအကောင်း ဆုံးရက်ပ်သီချင်းဆုနဲ့တစ်နှစ်တာ အကောင်းဆုံး ရက်ပ်အယ်ဘမ်ဆုကိုSnare အဖွဲ့က ရရှိခဲ့ပါတယ်။ “ကျွန်တော်တို့ ဂီတလော ကထဲမှာ ၁ဝ နှစ်ဖြတ်သန်းခဲ့ပေမယ့် ဆုတွေနဲ့တော့ အလှမ်းဝေးတ ယ်” လို့ ဆိုခဲ့တဲ့ Snare အဖွဲ့ရဲ့ ပီတိက “တအားပျော်တယ်ဗျ။ အကဲဖြတ်တဲ့ ဒိုင်လူကြီးတွေရော၊ ပရိသတ်တွေ ရော တစ်နိုင်ငံလုံးကို ကျေးဇူး တင်ပါတယ်။ ဒီအခွေလေးက ကျွန်တော်တို့နှစ် ယောက်ရဲ့ နာမည်လည်း ဖြစ်ပါတယ်။ ဒီအခွေလေးထွက်ပြီးမှာ ကျွန်တော်တို့ဘဝလည်း အများ ကြီး ပြောင်း လဲပါတယ်။ ကျွန်တော်တို့ သီချင်းတွေအများကြီး အောင်မြင်ပါတယ်။ ရှိုးတွေဆိုလာနိုင်ပါတယ်။ အင်္ကျီဆိုင်တွေ ဖွင့်လာနိုင်ပါတယ်။ ကျွန်တော်တို့Snare Two Men Show  ကို ၂ဝ၁၄မှာ ကျင်းပလာနိုင်ပါ တယ်။ အဲဒါက ဘကြီးဖြိုးနဲ့ ဦးနေဝင်းအယ်လ် ဘမ်ထွက်လို့ ကျွန်တော်တို့ ဒီလောကထဲမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ သိရပါတယ်။
Snare Show  ကို အခွေပြန် ထုတ်ဖို့စီစဉ်နေတဲ့Snare အဖွဲ့အ နေနဲ့ မေလမှာ အမေရိကမှာ ရှိုးဆိုမယ့်အစီအစဉ်ကို လည်း မေးမြန်းဖြစ် ခဲ့ရာSnare အဖွဲ့က ဖြိုးလေးက “၃၊ ၄လလောက်တော့ ကြိုတင်ပြင်ဆင်ရတယ်။ အမေရိကဆိုတော့ ဗီဇာကခက်တယ်။ ကျွန်တော်တို့ဆိုခဲ့ တဲ့ ရှိုးတွေ၊ ထွက်ခဲ့တဲ့အခွေတွေ၊ ကျွန်တော်တို့ Snare တွေ သေသေချာချာပြရတယ်။ အဲဒါတွေရှာပြီး တော့ ဗီဇာတင်ရတာပေါ့။ သီချင်းတိုက်တာ ကတော့ ကျွန်တော်တို့ ဒီကြားထဲမှာ ရှိုးတွေကလည်းရှိနေတယ်။ ဒီလူတွေကလည်းအမြဲတွေ့နေရတာဖြစ်တဲ့အတွက်အထူးတလည်ကြီး သီချင်း တိုက်နေစရာတော့ မရှိပါဘူး” လို့ ပြောပါတယ်။ဆက်လက်ပြီး Snare အဖွဲ့ရဲ့ ၂ဝ၁၅မှာ ထွက်ရှိလာမယ့် သီချင်းအသစ်တွေအကြောင်း ကိုလည်း မေးမြန်းခဲ့ ရာ “ကျွန်တော်တို့ အတွဲခွေတစ်ခွေလုပ်နေတယ်။ စိုင်းစိုင်းတို့  Frenzo  ဘက်ကလူတွေနဲ့ ဒီဘက်က လူတွေနဲ့လုပ်နေတာေ တ်ာတော်ကြာပြီ။ အဲဒီအ ခွေထွက်ဖို့ရှိတယ်။ကျွန်တော်တို့ Snare Live Show ကို အခွေပြန်ထုတ် ဖို့ရှိတယ်။ ပြီးတော့ကျွန်တော်တို့ တတိယ အခွေအတွက် သီချင်းတွေစုနေ တယ်” လို့ ဖြိုးလေးက ဖြေကြားခဲ့ပါတယ်။
    မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment