အစိုးရအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်အကြွေးကို တောင်းပန်ဝန်ချပြီး အမြန်ဆုံးပြန်ဆပ်သင့်ဟု ဒေါက်တာညိုညိုသင်း သုံးသပ်



ကျောင်းသားထုသာမက ပြည်သူ လူထုတရပ်လုံးကို အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့သည့် အစိုးရအနေဖြင့် ပြည်သူ အပေါ်တင်နေသည့် အကြွေးကို တောင်း ပန်ဝန်ချပြီး အမြန်ဆုံးပြန်ဆပ်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာညိုညိုသင်းက ပြော ဆိုလိုက်သည်။
ဒေါက်တာညိုညိုသင်းက ““ရွေး ကောက် တင်မြှောက်ခြင်း ခံရတဲ့ အစိုးရလို့ ပြောပြီးတော့ ကျောင်းသားထုသာမက ပြည်သူတရပ်လုံးကို အကြမ်းဖက်လုပ်ရပ် ဆက်တိုက်ကျူးလွန်လာခဲ့တဲ့ ဒီအစိုးရဟာ အကြမ်းဖက်ဖြေရှင်းခဲ့တဲ့ ပြည်သူလူထုကို တောင်းပန်ဝန်ချပြီးတော့ တင်နေတဲ့ အကြွေးကို အမြန်ဆုံးပြန်ဆပ်ပေးပါလို့ ကျွန်မအနေနဲ့ ပြောလိုပါတယ်””ဟု ပြော ကြားသည်။

အမျိုးသား အပညာရေး ဥပဒေနှင့် ပတ်သက်ပြီး လက်ပံတန်းမြို့၌ အာဏာ ပိုင်တို့၏ ပိတ်ဆို့ခံထားရသော ကျောင်း သားသပိတ်စစ်ကြောင်းကို မတ်လ(၅)ရက် က ရန်ကုန်မြို့တွင် ထောက်ခံဆန်္ဒပြခဲ့ သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတချို့ကိုအသုံးပြုကာ အကြမ်းဖက် နှိမ်နင်းခဲ့သည့်ဖြစ်စဉ်အပါ အ၀င် မတ်လ(၁၀)ရက်က ပဲခူးတိုင်းဒေသ ကြီးအစိုးရက လက်ပံတန်း ပင်မသပိတ် စခန်းကို အင်အားသုံးအကြမ်းဖက်ဖြေရှင်း ခဲ့မှုတို့အပေါ် ဒေါက်တာညိုညိုသင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ကျောင်းသားသပိတ်ကို အကြမ်း ဖက်ဖြိုခွင်းရန်အမိန့်ပေးသူသည် အောက် ခြေရှိအခြေအနေကို သေသေချာချာ နား မလည်သလို၊ နားလည်အောင်ရှင်းပြပေး နိုင်မည့်သူလည်းမရှိလို့ဖြစ်ကြောင်း၊ ငါးမိနစ် လောက်အကွာအဝေးကို အလံကိုင်ခွင့် နဖူးစည်းခွင့်မပေးဘဲနဲ့ လက်နက်ချသည့် ပုံစံနှင့် အိမ်ကိုပြန်ရန် ခွင့်ပြုခဲ့တာဖြစ်လို့ ကျောင်းသားထုက လက်မခံခဲ့တာဖြစ် ကြောင်း သူမက ဆိုသည်။
““ရန်ကုန်မြို့မှာရှိတဲ့ မိဘတွေဆီကို ငြိမ်းချမ်းစွာ ပြန်ဖို့ကြိုးစားခဲ့ခြင်းဖြစ်ပါ တယ်။ ဒါဟာ သူတို့က ဆူပူဆန်္ဒပြဖို့ရည် ရွယ်ချက်နဲ့ ရန်ကုန်ကိုပြန်တာမဟုတ်ဘူး။ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လေးပွင့်ဆိုင်ရလဒ်တွေ ကိုစောင့်ကြည့်ဖို့ရည်ရွယ်ချက်နဲ့ ရန်ကုန် မြို့ကို ပြန်လည်ပြီးတော့ ၀င်တဲ့သဘော ဖြစ်ပါတယ်””ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံဆန်္ဒပြသူများအား ရဲတပ်ဖွဲ့ဝင် များနှင့်အတူ တာဝန်လက်ပတ်အနီဝတ် ဆင်သူများက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီး မှုများမှာ ဥပဒေနှင့်အညီဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ တာဝန်ရှိသူများသည် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း သာဖြစ်ကြောင်း မတ်လ (၈)ရက်ကပြော ဆိုထားသည်။

ဒေါက်တာညိုညိုသင်းက ““သူတို့ ကို အကြမ်းဖက်ဖြိုခွင်းလိုက်တော့လို့ပြော တဲ့ ီနခင်ငသည ၾေုနမ် မ်ားကို ဒီအေန အထားကိုမြင်မယ်ဆိုရင် ကလေးတွေ သွားချင်တာဟာ ကိုက် ၃၀၀၊၄၀၀ ပဲရှိ တယ်။ ဒီနေရာလေးကိုပဲ သူတို့သွားချင် တယ်။ ဟိုး မန်္တလေးကတောင် ချီတက် လာခဲ့ပြီးပြီ။

သူတို့တောင်းတဲ့ တောင်းဆို ချက်က အင်မတန်မျှတတယ်။ ဒီလောက် ချီတက်လာပြီး မိုင် ၂၀၀ ကျော်ချီတက် လာပြီးပြီ။ ဒီအကွာအဝေးလေးဟာ သူတို့ ရဲ့အလံလေး သူတို့ရဲ့ နဖူးစည်းလေးနဲ့ ချီတက်ခွင့်ကိုမပေးဘဲ အကြမ်းဖက်လုပ် ရပ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်””ဟု ထောက်ပြပြောဆိုသည်။
အဆိုပါလုပ်ရပ်များအပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းအနေဖြင့် ကိုလိုနီခေတ်၊ ဆိုရှယ် လစ်ခေတ်ဥပဒေများအမိန့်များက ပြည်သူ လူထုကို အမှန်တကယ် အကာအကွယ် ပေး၊ မပေး ပြန်လည်သုံးသပ်ရန်လိုအပ် နေပြီး နီးစပ်ရာ လွှတ်တော်ကိုယ်စားလှယ် များမှတဆင့် လွှတ်တော်သို့ တင်သွင်း ဆောင်ရွက်ရန်လည်းရှိကြောင်း ကိုမြအေး က ဆိုသည်။

ရဲလင်းထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment