မတ်လ ၃ ရက်နေ့တွင် မန္တလေး၊ မတ်လ ၁ဝ ရက်နေ့တွင်ရန်ကုန်မြို့ များ၌ မွန်းအောင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်မည်


မြန်မာပြည်သို့ ပြန်လည်ရောက် ရှိနေသည့် တေးသံရှင်မွန်းအောင်၏ အမှတ်တရတစ်ကိုယ်တော်ဂီတ ဖျော်ဖြေပွဲကို မတ်လ ၃ ရက်နေ့တွင် မန္တလေး မြို့၊ ဒိုင်းမွန်းပလာဇာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ‘ဝတ်မှုန်ကူးတဲ့ည’ ဟုအမည်ပေးထားသည့် တေးသံရှင် မွန်းအောင်၏ တစ်ကိုယ်တော်ဖျော် ဖြေပွဲကို  Legacy Music Network  မှ စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရ ပြီး ရန်ကုန်တွင်တစ်ပွဲ၊မန္တလေးတွင် တစ် ပွဲပြုလုပ် သွားမည်ဟုလည်းသိရ သည်။
“ကိုမွန်းအောင် ဟိုမှာကတည်း က ပြောထားတာရှိတယ်။ အခု သူ ပြန်လာတော့ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ စီစဉ်ဖြစ်တာပါ။ ရန်ကုန်မှာ တစ်ပွဲ၊ မန္တလေးမှာတစ်ပွဲလုပ်မယ်။ မန္တလေးမှာတော့ မတ်လ ၃ ရက်နေ့ ဒိုင်းမွန်းပလာဇာမှာ လုပ်ပါမယ်။တီးဝိုင်းကတော့ သူအရင်လက်တွဲခဲ့ တဲ့သူတွေေ ရာ၊ ဒီဘက်ကလူတွေပါ ပါတဲ့ တီးဝိုင်းနဲ့တီးမယ်။ အဓိက ကတော့ သူ့သီချင်းတွေကို တစ်ကိုယ် တော် အများကြီးဆိုမှာပါ။ တခြား အစီအစဉ်အနေ နဲ့တော့ မပါပါဘူး။ သူ့သီချင်းတွေလည်း နားမထောင်ရ တာကြာပြီဆိုတော့ သီချင်းပုဒ်ရေ ၃ဝ ကျော်လောက် သူဆိုမှာပါ” ဟု မွန်းအောင်၏ပွဲ ကိုစီစဉ်သူ Legacy Music Network  မှ ဦးကိုကိုလွင်က ပြောသည်။ မွန်းအောင်၏ ရန်ကုန် ဖျော်ဖြေပွဲကိုတော့ မတ်လ ၁ဝ ရက် နေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဟုလည်း သိရသည်။ တေးသံရှင်မွန်းအောင်သည် ၁၉၈ဝ ကျော်ကာလများက ထင်ရှားခဲ့ေ သာ တေးသံရှင်တစ်ဦးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကာလအပြီးတွင် ပြည်ပသို့ ထွက်ခွာသွားခဲ့ကာ ယခု နှစ် ၂ဝ ကျော်ကြာသည့်အချိန် ၂ဝ၁၅ နှစ် ဆန်းတွင် ပြည်ဝင်ခွင့် ပြန်လည်ရရှိ၍ မြန်မာပြည်သို့ ပြန် လည်ရောက်ရှိလာခဲ့သည်။ မိုးလုံး မှိုင်း၊ ၈/၈၂ အင်းလျား၊ စိန္ဆမာန ဥာဏ်၊ အရေးကြီးပြီ စသည့်သီချင်း များအပြင် ပရိသတ်ရင်သို့ ရောက်ရှိ စေခဲ့သည့်တေးသီချင်းကောင်းများ ဖြင့်ထင်ရှားခဲ့သည့်မွန်းအောင်၏ မန္တလေးတစ်ကိုယ်တော်ေ ဖျာ်ဖြေပွဲ လက်မှတ်များကိုကျပ်၃ဝဝဝဝ၊ ၂ဝဝဝဝ၊၁ဝဝဝဝသတ်မှတ်ထား ကြောင်းလည်းသိရသည်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment