18th February 2015
ကိုလိုနီစနစ်မှ ရုန်းထလာခဲ့ကြသောနိုင်ငံအတော်များများမှာ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်ကို ကျင့်သုံးခဲ့ကြသည်။ အတော်အတန်လည်း ကျယ်ပြန့်ခဲ့ပါ၏။ ၁၉- ရာစုအ လယ်ခန့် ဒုတိယကမ္ဘာစစ် ဝန်းကျင်၌ ကျောက်ရုပ်ကို ခေါင်း ညိတ်အောင် ပြောနိုင်သည်ဆိုသည့် ကွန်မြူနစ်ကလည်း အပြိုင်အား ကောင်းလာခဲ့ရာ အရင်းရှင်စနစ်ကို ကြီး မားစွာ ခြိမ်းခြောက်နိုင်ခဲ့သော နိုင်ငံရေးစနစ်တစ်ခုဖြစ်ခဲ့သည်။ အရင်းရှင်စနစ်ကို အမေရိကန်တို့က ဦးဆောင်ခဲ့ပြီး ကွန်မြူနစ်စနစ်ကို ဆိုဗီယက်တို့က ဦးဆောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသောအခါ ဂျာမနီနိုင်ငံကြီး နှစ်ပိုင်းပြိုကွဲသွားပြီး အနောက် ဂျာမနီမှ အရင်းရှင်စနစ် ကျင့် သုံးသော အနောက်ဥရောပနှင့် ပို၍ ရင်းနှီးကာ၊ အရှေ့ဂျာ မနီ မှာကား ဆိုဗီယက်တို့၏သြ ဇာခံဖြစ်လာခဲ့သည်။ ဗီယက် နမ်သည်လည်း နှစ်ပိုင်းကွဲ သွားခဲ့ပြီး တစ်ပိုင်းကအနောက် အုပ်စုနှင့် ပို၍ရင်းနှီးကာ တစ်ပိုင်းက ဆိုဗီ ယက်တို့နှင့် ပို၍ချစ်ကြည်ခဲ့ သလို၊ ကိုရီးယားသည်လည်း တောင်-မြောက် ကိုရီးယားဟူ၍ နှစ်ပိုင်းကွဲခဲ့ပြန်သည်။
တစ်ဦးက တစ်ဦးထက် ပိုတော်သွားတယ်
အရင်းရှင်စနစ်နှင့် ကွန်မြူနစ် တို့အပေါ်မသုံးသပ်တော့ပါ၊ သို့သော်လည်း တစ်ဖက်နှင့် တစ်ဖက်ကိုကိုယ်စားပြုသော ခေါင်းဆောင်များ၏ အရေးပါပုံကပွဲတစ်ပွဲ၏ အနိုင် အ ရှုံး ကို အဆုံးအဖြတ်ပေး သည့်အပေါ် မီးမောင်းထိုးပြလိုပါသည်။ ဆိုဗီယက်တို့ကလည်း သူ့ နိုင်ငံရေးစနစ်၊ သူ့သြဇာ ကြီးမား ရန်ဖြန့်ကြက်သလို အမေရိကန်တို့ က လည်း သူ့သြဇာကြီးမားရန် ကြိုး စားခဲ့ကြသည်။ ထိုစဉ်ကာလ၌ ကမ္ဘာကြီး သည်အခြေခံလူတန်းစားထု အလွန် တရာကြီးမားသည်ဖြစ်ရာ ‘ဆင်းရဲ ချမ်းသာမရှိ’ ‘သူ့ပေါင် မုန့်တစ်လုံး-ကိုယ့်ပေါင်မုန့် တစ်လုံး’ ဟူသော ဆိုဗီယက်တို့၏ ဝါဒဖြန့်ချိမှုက အခြေခံလူတန်းစားထု၏ ရင်ကို ကောင်းစွာထိသွားစေ သည်။ နိုင်ငံ တော်တော်များများသည် ‘အနီ ရောင်’ သို့ ပြောင်းသွားခဲ့ကြ၏၊ ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရ ခဲ့သော မြန်မာနိုင်ငံသည်ပင် ကွန်မြူနစ်စာအုပ်နှင့် အတွေးအခေါ် များ ဝန်းရံခြင်းခံရသည် ဖြစ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိုစဉ်က ခေါင်းဆောင် အတော်များများပင် လျှင်ကွန်မြူနစ်များ ဖြစ်ခဲ့ကြလိုက် ပါသေးသည်၊
ထိုသူများကို အပြစ် ဆို၍မရ၊ လက်လှမ်းမီခဲ့ရသော သူတို့ဝန်းကျင်၏ သြဇာလွှမ်းမိုး ခံခဲ့ရသည်မှာ သဘာဝဖြစ်ပါသည်၊ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်းက ဆိုရှယ် လစ်ဖြစ် သွားပြီး၊ ဖဆပလထဲမှ ကွန်မြူနစ်များကို ထုတ်ပယ်ခဲ့ လိုက်သည်။နိုင်ငံရေးစနစ်အပေါ် ဝါဒဖြန့် ချိမှုတွင် ဆို ဗီယက်တို့ နှာတစ်ဖျား မက သာလွန် သွားခဲ့ သည် ဟု ယေဘုယျကောက် ချက်ဆွဲနိုင်သည်၊ ပျံ့နှံ့နှုန်း မြင့်မား လာသောကွန်မြူနစ်စနစ်ကို ရပ် တန့်ရန် အမေရိကန်တို့ အပြင်း အထန် စဉ်းစားကြရတော့သည်။ ဒုတိယကမ္ဘာစစ် ပြီးခါစလည်း ဖြစ်၍ စစ်အတွင်း နိုင်ငံတော်တော် များများလည်း စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ကြသည်။ အမေ ရိကန်က စစ်ဒဏ်ကို မခံခဲ့ရဘဲ လက်နက်ရောင်း၍ ကြီးမားစွာ အကျိုးအမြတ်ထွက်ခဲ့သည်။
ကွန်မြူနစ်ဝါဒ၏ ပျံ့နှံ့မှုကိုဦး စွာ ရပ်တန့်စေရန် အမေရိကန်တို့ မဟာဗျူဟာချသည်။ သမ္မတထရူး မင်းလက်ထက်၌ ချမှတ်သော မူ ဝါဒဖြစ်၍ Truman Doctrine ဟု အသိ များကြသည်။ ကွန်မြူနစ် နိုင်ငံတစ်ခု၏ ဘေးနိုင်ငံများကို အရင်းရှင်ဓန သွတ်သွင်းခင်းဖြင့် ဝန်းရံပိတ်ဆို့သည့် မဟာဗျူဟာ (Containment Strategy) ဖြစ်သည်။ ဤ အ တွက် လျင်မြန်ထိရောက်သော စီးပွားရေး၊ စစ်ရေး အကူအညီပေးခြင်းကို ဆောင်ရွက်ပေးခြင်းဖြင့် ထိုနိုင်ငံအပေါ် အမေရိကန်က ကြိုတင်သြဇာလွှမ်းမိုးထားစေသော မဟာ ဗျူဟာ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးမာရှယ်၏အယူအဆ သဘောတရားဖြစ်၍မာရှယ်စီမံကိန်း (Marshall Plan) ဟု ကျယ်ပြန့်ခဲ့သည်။ အချိန်တိုအတွင်း လျင်မြန် ထိရောက်စွာ သြဇာ ဖြန့်ကြက်ထားနိုင်ခဲ့ရာ အင်အားဖြင့်ကျယ်ပြန့်လာသော ဆိုဗီ ယက်ကွန်မြူနစ်တို့၏ ဝါဒကူးစက်မှု စတင်ရပ်တန့်သွားစေခဲ့သည်။
ဤဖြစ်ရပ်ကို ကောက်ချက်ဆွဲလျှင် နှစ်ဖက်လုံး လူတော်များ၏ စီးချင်းထိုးပွဲဖြစ်ခဲ့ပြီး အမေရိကန်တို့က ပို၍ကောင်းမွန်သော မဟာဗျူဟာကို ချမှတ်ကျင့် သုံးနိုင်ခဲ့ သည် ကို တွေ့ရလိမ့်မည်။ နောက် ဆုံး စစ်အေးကာလ တစ်လျှောက် အမေရိကန်-ဆိုဗီယက်တို့ ဘတစ် ပြန်-ကျားတစ်ပြန် ပြိုင်ဆိုင်ခဲ့ပြီး ၁၉၈ဝ နှစ် ကာလများအဆုံးတွင် ဆိုဗီ ယက်ယူနီယံကြီး ဗြန်းဗြန်းကွဲကာ ကွန်မြူနစ်စနစ်ကြီး တစ်ခုလုံးမျှကျဆုံးသွားခဲ့ပါသည်။ ဆိုရလျှင်နှစ်ဖက်လုံး တော်ကြ ပါ၏။ သို့သော်လည်း တစ်ဖက်က တစ်ဖက်ထက် ပို ၍ တော်သည့် သဘောကို တွေ့ရသည်။ သူက ကိုယ့်ထက် ပိုတော်၍ ဒူးထောက် လိုက်ရသော ဖြစ်ရပ်မျိုးသည် တန် တန်ရာရာ ရှိလှသည်ဟု ဆိုချင်ပါသည်။
အဆိပ်ပြင်း စင်ကာပူ
စင်ကာပူသည် သယံဇာတ အားဖြင့် ဘာမှမရှိ။ လူဦးရေအားဖြင့် လည်းကောင်း၊ နိုင်ငံ၏ အကျယ်အဝန်း အားဖြင့်လည်း ကောင်းများစွာ သေးငယ်လှသည် ဖြစ်ရာ များစွာ အန္တရာယ်ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ အချိန်မရွေး ဝင်တိုက် လာနိုင်သော အင်ဒိုနီး ရှားကို အမြဲ တမ်း စိုးရွံ့နေရသည်၊ ၁၉၆၅-ခုနှစ် လွတ်လပ်ရေး ရခါစတွင် လီကွမ်ယူ သည် သူ့နိုင်ငံလုံခြုံရေးအတွက် မလေးရှားနှင့် ပေါင်းခဲ့ရ၏။ မလေးရှားမှ ကန် ထုတ်လိုက်သောအခါ လီကွမ်ယူသည် မိုးစက်များနှင့် အတူမျက်ရည်ကျခဲ့ရသူ ဖြစ်သည်။ ယနေ့ စင်ကာပူသည် တစ်ဦးချင်းဝင်ငွေတွင် အနောက်အုပ်စုကိုယှဉ်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံးသော ဘဏ္ဍာရေးအချက်အခြာအဖြစ် သူ့နိုင်ငံကို တည်ဆော က်ကာ ပြည်ပအန္တရာယ် ကို ဘဏ္ဍာရေးထီးဖြင့် ကာကွယ် ထားနိုင်ခဲ့သည့်အခြေအနေအထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ လီကွမ်ယူ၏ မဟာဗျူဟာမှာ သူ့လူတွေကို တော်ခွင့် ပေးသည်၊ သူကိုယ်တိုင်ကလည်း ပို၍တော်အောင်ကြိုးစားသည်။ သူက ပို၍တော်အောင်ကြိုးစားနိုင်ခဲ့သဖြင့် စီးပွားရေးတိုးတက် သွားပြီး၊ နိုင် ငံရေး အရလည်းကောင်းစွာထိန်းချုပ်ထားနိုင်ခဲ့ ပြန်သည်။ တစ်ကမ္ဘာလုံး အကြမ်းဖက် အတွက် ကျီးလန့်စာ ဖြစ်နေရသည့် အချိန်တွင်စင်ကာပူ၌အကြမ်းဖက် တို့အသံကျယ် ကျယ် ပင် မထွက်ရဲ ကြ။ တစ်ဖက်ကို တော်ခွင့်ပေး သည်၊ ကိုယ်ကပို၍ တော်အောင် ကြိုးစားခဲ့၏။
သူကတော်သည် မဟုတ်၊ ကိုယ်က ညံ့ခြင်းသာ
အချို့သော ဖြစ်ရပ်များသည် ရယ်စရာ ကောင်းလှသည်။ တစ် ဖက်က တော်လွန်းလှ၍မဟုတ်၊ ကိုယ်က သူ့ထက် ညံ့သောကြောင့် ရှုံးနိမ့်ကြရ ခြင်း ဖြစ်သည်။ ဤအဖြစ် မျိုးက ရင်နာဖွယ်ရာ ကောင်းလှသည်၊ ဘောလုံးပွဲ တော်တော်များများတွင် တွေ့ရပါလိမ့်မည်။ တစ်ဖက်အသင်း က ကိုယ့်ထက် ပြတ်ပြတ်သားသား ခြေသာသည် မဟုတ် ဘဲကိုယ်က ရှုံးနိမ့်လိုက်ရသည့်အဖြစ်မျိုး၊ ကိုယ် က တစ်ဦးချင်း ခြေသာပါသော် လည်း အချိတ်အဆက် မမိသော ကြောင့် သို့မဟုတ် တစ်ဦးချင်း မလိုလားအပ်ဘဲ တစ် ကိုယ်ကောင်း ဆန်စွာ ခြေစွမ်းပြလွန်မှုများကြောင့် ရှုံးနိမ့် သွားရသည့်ပွဲမျိုးမှာ ရင်နာ စရာများစွာကောင်းလှသည်ဟု ဆို ရပါလိမ့်မည်။ တစ်ခါတစ်ရံတွင် မြန်မာ့နိုင်ငံရေးကို ဤသို့သော ရှုထောင့်က စဉ်းစားမိသည်။ သက် ပြင်း အကြိမ်ကြိမ်ချမိသည်ဟုသာ ရေးလိုတော့သည်၊ တစ်ဖက်က တစ်ဖက်ထက် ပိုတော်နေသည်လား၊ သို့မဟုတ် တစ် ဖက်က တစ်ဖက်ထက်ပိုညံ့ နေသည့်အဖြစ်လား …
တစ်ဖက်က အာဏာရှိသည်၊ တစ်ဖက်က သြဇာရှိသည်၊ နှစ်ခု စလုံး ပါဝါကြီးများ ဖြစ်ကြ၏။ ဤ ပါဝါကြီးနှစ်ခုလွန်ဆွဲနေသမျှ အနုတ် လက္ခဏာသာဖြစ်၍ နိုင်ငံနှင့်လူ မျိုး အ တွက် များစွာဆုံးရှုံးမှု ဖြစ် စေကြောင်း၊ ဤပါဝါနှစ်ခု ပူးပေါင်း နိုင်ပါကSynergy ဟူသော သာမန် လွန်အပေါင်းလက္ခဏာများ ရရှိ စေနိုင်ကြောင်း ဆောင်း ပါးအချို့ ရေး သား ခဲ့ဖူးပါသည်။ ဤသို့နှင့် စနစ်ကောင်းကို စွန့်ခွာ၍ နိုင်ငံ ရေးစနစ်သစ်ကို ကျင့်သုံးသော ခေတ်တစ်ခေတ်သို့ ရောက်လာခဲ့သည်။ ၂ဝ၁၅- ရွေးကောက်ပွဲ၏ ရလဒ်သည် အ ထက်ပါရှုထောင့်၏အဖြေကိုပေးမည့် ဖြစ်ရပ်ဖြစ်လာ ပါလိမ့်မည်။ ပိုတော်သောကြောင့် ဖြစ်လာသော ရလဒ်သာ ဖြစ်ပါစေဟု ဆန္ဒပြုရပြီး၊ ပိုညံ့သောကြောင့် ဖြစ် လာသော ရလဒ်မျိုး မဖြစ်ပါစေ နှင့်ဟုသာ ရင်တွင်းဖြစ်ရပါသည်။
မကြာသေးမီနှင့် ဖြစ်ဆဲ ကျောင်းသားများ၏ အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စသို့လည်း အတွေး ရောက်မိပြန်သည်။ တောင်းဆိုသူနှင့် တောင်း ဆိုခံသူတို့၏ လက်ရည်စမ်းပွဲ တစ် ခုဟု လေ့လာနိုင်သည်၊ ရေးစရာ တွေးစရာ အများကြီး ရှိလာသည်၊ အဆုံး တွေးရလျှင် နောက်ကွယ်မှ ကိစ္စရပ်များကိုပါ ထည့်သွင်း စဉ်း စား သင့်ကြ သည်။ တစ်ဖက်က ချ မှတ် ကျင့်သုံးခဲ့သော မဟာဗျူဟာ မှန်ကန်ပါသလား။ တုံ့ပြန်သူဘက်က ခင်းကျင်းသော မဟာဗျူဟာ ရော မှန်ကန်ပါသ လား။ ဖြစ် ရပ် တစ်ခု ဖြစ် လာခဲ့ပြီဟု ဆိုလျှင် မြင်သာထင်သာသော မြင် ကွင်းတို့သည် သာမန်အများ ပြည် သူတို့ အာရုံပြုစရာ ဖြစ်လေ့ရှိပြီး၊ တာဝန် ရှိသူတို့ကမူ သာမန်အများ ပြည်သူများ မမြင်နိုင် သည့် UnderlyingCause ဟူသော တိမ်မြုပ် နေသည့် အရေးကိစ္စများသို့တိုင် မြင်အောင် ကြည့်တတ်ရသည်။ ဤအတိမ်အနက်ပေါ်တွင် မဟာ ဗျူဟာများ ဖြစ်လာရပါ၏။
ဤသည်က တောင်းဆိုသူများ နှင့် တာဝန်ရှိသူများ၏ အပိုင်း၊ သူတို့ ရှုထောင့် သူတို့ အားစမ်းမှု ဖြစ်သည်။ ကိုယ့်အနေဖြင့်လည်း စစ်တုရင် ထိုးသည့်ပွဲကို ဘေးက ပွဲကြည့် သူတစ်ဦးအနေဖြင့်ဘယ် ဖက်က ဘယ်ရွှေ့ကွက်ကို ရွှေ့နိုင် လျှင် ပို၍ ကောင်းမည်လား ဟု စဉ်းစားမိပြန်သည်။ နှစ်ဖက်လုံးကို မိမိအမြင်ဖြင့်တစ်ထပ်တည်း မကျ ခဲ့ပါချေ။ သို့ဆိုလျှင် ကိုယ့်ကိုယ် ကိုယ်ပြန်မေးရန် မေးခွန်း ပြန်၍ ဖြစ်လာရပါလိမ့်မည်။ သူတို့ကပဲ ပို၍ တော်နေကြ သည်လား … မိမိကပဲ ပို၍ညံ့နေသည် လား … တစ်ခုခုတော့ တစ်ခုခု ဖြစ် နေမည်မှာ အမှန်ဖြစ်ပါသည်။ ၂ဝ၁၅-သည် မြန်မာ့နိုင်ငံရေး အရွေ့သစ်တစ်ခု၏ စမ်းသပ်ခံနှစ် ဖြစ်သည်၊ အရေးအကြီးဆုံး နှစ် တစ်နှစ် ဖြစ်ပြီး၊ ရင်ဖို လှိုက်မော ဖွယ်ရာများကို တစ်နှစ်လုံး တွေ့ရ မည့်ပွဲ ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် ရာတော့ ကောင်းသည်ဟု ဆိုချင်သည်။ တစ်ဖက်က ပိုတော်သော ကြောင့် ဖြစ်လာမည့်ရလဒ်များနှင့် တစ်ဖက်က ပိုညံ့သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်တို့၏တန်ဖိုး မတူညီနိုင်ပါလားဟုသာ မြင်တွေ့ရပါသည်။
နေဇင်လတ်
Source:popularmyanmar.com
0 comments:
Post a Comment