လောက်ကိုင်ဒေသစစ် ဘေးသင့်ပြည်သူတွေ အတွက် ငွေကျပ် ၅ သိန်းလှူဒါန်းခဲ့တဲ့ အိမ့် ချစ်

ြ

မန်မာဂီတဆုပေးပွဲ ၂ဝ၁၄မှာ ပရိသတ်အားပေးမှု အများဆုံးနှဲု့ I Love Artist Female  ဆုကို ရရှိခဲ့တဲ့ အဆိုတော်အိမ့်ချစ်က ကိုးကန့် ဒေသစ စ်ဘေးသင့်ပြည်သူတွေ အတွက် သွားရောက်လှူဒါန်းတဲ့ ရွှေသံစဉ်ဖောင်ဒေးရှင်းနဲ့အတူငွေကျပ် ၅သိန်းလှူဒါန်းခဲ့ပါတယ်။ I Love Artist  ဆုအဖြစ် ရရှိခဲ့တဲ့ ရွှေနှစ်ကျပ်သားစလုံးကို အလှူဒါနပြုလုပ်သွားမယ်လို့ဆိုတဲ့အိမ့်ချစ်က “အိမ့်ချစ်က ရွှနှစ်ကျပ်သားရခဲ့တယ်။ ဆုအဖြစ် ရတဲ့ရွှေနှစ်ကျပ်သားနဲ့ ညီမျှတဲ့ တန်ဖိုးကို အကုန်လှူပစ်မယ်လို့ ရည်ရွယ်ထားပါတယ်။ အခု ပထမဦးဆုံး ၅သိန်းစလှူတယ်။ လောက်ကိုင် တိုက်ပွဲကနေ ကျသွားတဲ့ စစ်သည်တွေရယ်၊ရဲဘော်တွေ၊ ပြည်သူတွေအတွက် သွားလှူမယ့် ရွှေသံစဉ်ဖောင်ဒေးရှင်းနဲ့ ၅သိန်းလှူလိုက်တာပါ” လို့ ဆိုပါတယ်။
မြန်မာဂီတဆုပေးပွဲ ၂ဝ၁၄မှာ ‘I love Artist’ ဆုရရှိအောင် ကြိုးစားပေးကြတဲ့ ပရိသတ်တွေကိုကျေးဇူး အထူးတင်ရှိပြီး ပရိသတ်အတွက် အလှူဒါနပြုလုပ်သွားခြင်းဖြစ် ကြောင်းဆိုတဲ့ အိမ့်ချစ်က “ဒီဆုက အိမ့်ချစ်ကို ပရိသတ်ကပေးတာလေ။ပရိသတ်က အိမ့်ချစ် ဆုမရရအောင် ဝိုင်းပြီး ကြိုးစား ပေးထားတဲ့ ဆုလေးဖြစ်တဲ့အတွက် ပရိသတ်သာဓုခေါ်နိုင်မယ့် အလုပ်မျိုးကို ပြန်ပြီးလုပ်တဲ့ သဘောပါ။အဲဒီအတွက်ကြောင့် မို့လို့အိမ့်ချစ် လည်း ကုသိုလ်ရ၊ပရိသတ်တွေလည်း ကုသိုလ်ရမယ့် လှူဒါန်းမှုတွေကိုပဲ ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။
Shwe FM 2014  ဆုပေးပွဲမှာလည်း ပရိသတ်တောင်းဆိုမှုအများ ဆုံး သီချင်းဆုကို ‘မနေတတ်သော အလွမ်း’သီချင်းနဲ့ဆုရရှိခဲ့တဲ့ တေးသံရှင်အိမ့် ချစ်အနေနဲ့ MMA 2014  မှာ ရရှိခဲ့တဲ့ ‘I Love Artist’ဆုဟာ အိမ့်ချစ်ရဲ့ ဒုတိယ မြောက်ဂီတဆုဖြစ်ပါတယ်။ဂီတဆုတွေနဲ့ပတ်သက်ပြီး အိမ့်ချစ်ရဲ့ ပီတိက “တွန်း အားတွေ အများကြီးဖြစ်စေပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ နောက်မှာ ကိုယ့်ပရိသတ်တွေက ကိုယ့်ကို အားပေးနေတယ်။ ချစ်နေတယ်ဆိုတာ သိရတဲ့အသိတစ်ခုက အိမ့်ချစ်အလုပ်လုပ်တဲ့နေရာမှာအများကြီးအားတက် စေပါတယ်။ Shwe FM ရတဲ့ဆုကလည်း ပရိသတ် အများဆုံးဝိုင်းပြီးတော့ ရွေးပေးကြလို့ရတာပါ။ အဲဒီအတွက်ကြောင့်မို့လို့ ပရိသတ်နာမည်နဲ့ ရွှေ တိဂုံဘုရားမှာရွှေတစ်ကျပ်သားလှူခဲ့တယ်။ ဒီ MMA ဆုမှာလည်း ပရိသတ် ကအပြည့်အဝထောက်ခံပေးပြီးတော့ ရွေးချယ်တာဖြစ်တဲ့အတွက် ဒီဆုက ပရိသတ်နဲ့ပဲသက် ဆိုင်တယ်။ အဲဒီအတွက်ကြောင့် မို့လို့ ရွှေနှစ်ကျပ်သား စလုံးကို လှူမှာပါ” လို့ အိမ့်ချစ်ကပြောပါတယ်။မေလ ၂ရက်နေ့မှာ ‘အချစ်ရေး’ အမ်တီဗီထွက်ရှိမယ့်အိမ့်ချစ်က မေလ ၉ရက်နေ့ အမျိုး သားကဇာတ်ရုံမှာ ပြုလုပ်မယ့် ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့ ပြုလုပ်မယ့် ရှိုးကလည်း သေချာသွားပြီဖြစ်ကြောင်းဆိုပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment