တစ်မိနစ်အတွင်း သင်ပိုမို ကြည့်ကောင်းသွားစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၅)ချက်





သင့်အသားအရေ၊ အလှအပ စတာတွေနဲ့ ပတ်သက်ပြီး တစ်မိနစ်အတွင်း ကြည့်ကောင်းသွားစေဖို့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။
၁။သင့်မျက်နှာပေါ် ရေခဲတုံးလေးတွေနဲ့ ချွေးပေါက်ကျဉ်းသွားအောင် လုပ်ပါ။
မျက်နှာသစ်ပြီးတဲ့နောက် မျက်နှာပေါ် ရေခဲတုံးလေးတွေ တင်ထားလိုက်ပါ။ ဒီလို လုပ်ပေးခြင်းဟာ သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ကျဉ်းသွားစေနိုင်ပါတယ်။ တင်မထားချင်ဘူးဆိုရင်လည်း လက်ကလေးနဲ့ကိုင်ပြီး မျက်နှာပေါ် ပွတ်ပေးပါ။ အေးမြတဲ့ခံစားချက်ဟာ သင့်မျက်နှာပေါ်က ယောင်ရမ်းနေတာတွေ ရှိရင်တောင် သက်သာစေနိုင်ပါတယ်။
၂။အရေပြားကျန်းမာစေဖို့ မျက်နှာပေါင်းတင်ကပ်ခွာ သုံးပေးပါ။
တစ်ခါတစ်လေ နာမည်ကြီး ပေါင်းတင်ဆေးတွေ သုံးတာမျိုးထက်၊ ဗီတာမင်ပြည့်ဝတဲ့ မျက်နှာပေါင်းတင်ကပ်ခွာလေးတွေ မကြာမကြာ ကပ်ပေးတာက ပိုထိရောက်ပါတယ်။ စက္ကန့်ခြောက်ဆယ်လောက်သာ ကပ်ထားနိုင်တဲ့ မျက်နှာကပ်ခွာလေးတွေပါ။ မျက်နှာအရေပြားမှာ ရေဓာတ်ပြည့်ဝသွားရင် သင့်မျက်နှာလေးဝင်းပြီး ကြည့်ကောင်းနေပါလိမ့်မယ်။
၃။လည်ပင်းအနောက်နားလေးကို နှိပ်ပေးပါ။
လည်ပင်းက ကြွက်သားတွေ တင်းနေရင် ဘယ်လိုမှ နေလို့ မကောင်းနိင်ပါဘူး။ ဒါဟာ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်နေတဲ့ သွေးကြောတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် လည်ပင်းနောက်နားလေးကို ဖြေးဖြေးချင်း နှိပ်ပေးပါ။ တစ်မိနစ်လောက် နှိပ်ပေးလိုက်တာနဲ့ အကြောတွေလျော့၊ ကြွက်သားတင်းနေတာတွေ ပျောက်ပြီး နေလို့ကောင်းသွားပါတယ်။ အဲ့ဒီလို သက်သာသွားတဲ့အခါ သင့်မျက်နှာအနေအထားလည်း ပိုလန်းဆန်းလာပါလိမ့်မယ်။
၎။သင့်မျက်လုံး၊ ပါးနဲ့ နှုတ်ခမ်းကို အရောင်တင်ဖို့အတွက် နှုတ်ခမ်းနီ Lipstick ကို သုံးနိုင်ပါတယ်။
တကယ်လို့များ သွားရလာရမယ့် အချိန်ကကပ်နေပြီမို့ သင်မိတ်ကပ်တွေ၊ အိုင်းရှဲဒိုးတွေ ဆွဲဖို့ အချိန်မရတော့ဘူးဆိုရင် သင်အကြိုက်ဆုံး နှုတ်ခမ်းနီကို ထုတ်ပြီး မျက်လုံးအရောင်ခြယ်တာ၊ ပါးနီအဖြစ်သုံးတာမျိုးတွေ လုပ်နိုင်ပါတယ်။ နှုတ်ခမ်းနီတစ်တောင့်ရှိရုံနဲ့ အလုပ်ဖြစ်ပြီနော်။
၅။ကော်ဖီအကျန်လေးနဲ့ သံလွင်ဆီရောပြီး ကြမ်းနေတဲ့ အသားအရေကို နူးညံ့သွာေးအာင် လုပ်ပေးပါလိမ့်မယ်။
မနက်ခင်း ကော်ဖီဖျော်သောက်တဲ့အခါ ကော်ဖီစက်လေးထဲမှာ ကပ်ကျန်နေခဲ့တဲ့ ကော်ဖီအနှစ်လေးတွေကိုယူ၊ သံလွင်စီနဲ့ရော ကိုယ်ခန္ဓာပေါ် သုတ်လိမ်းပြီး ရေချိုးလိုက်ပါ။ သင့်အသားအရေပိုမိုလှပသွားတယ်ဆိုတာ သင်ခံစားရပါလိမ့်မယ်။
Ref:cosmopolitan.com
မေသော်
Source:trend.com.mm 






Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment