ဥရောပသမဂ္ဂ သံအမတ် ဒလမြို့တွင် ဆိုက်ကားနင်း

ဆိုက်ကားနင်းနေသော အီးယူသံအမတ် (ဓာတ်ပုံ − EU FB)
 ဥရောပသမဂ္ဂသံအမတ်ကိုဘီယားသည် ဖေဖော်ဝါရီ နောက်ဆုံးပတ်က ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ဒလမြို့သို့ သွားရောက်၍ ဒေသခံများ၏ အသက်ရှင်နေထိုင်မှုနှင့် အခက်အခဲများလေ့လာခဲ့သည်။
ဒေသခံများ၏ ဘ၀ရပ်တည်မှုကို ပိုမိုနားလည်စေရန် သွား ရောက်လည်ပတ်ခြင်းဖြစ်ပြီး အပြန်ခရီးတွင် သင်္ဘောဆိပ်ကမ်းအထိ သံအမတ်က ဆိုက်ကား နင်း၍ ဆိုက်ကားစီးသူ၏ အမြင်ရှုထောင့်ကို ဆိုက်ကားဆရာအား ခံစားစေခဲ့ကြောင်း ဥရောပသမဂ္ဂသံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် မည်သို့ ကူညီပံ့ပိုးနိုင်မည်ကို သွားရောက်လ့လာသော သံအမတ် သည် ရပ်ကွက်ဈေးဆိုင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ သွားရောက်ခဲ့သကဲ့သို့ ရပ်ကွက်ဘိလိယက်ခုံတွင်လည်း ဒေသခံများနှင့် ဘိလိယက်ကစားခဲ့သည်။
ယခင်နှစ်က ဗြိတိန် သံအမတ် အင်ဒရူးပက်ထရစ်သည်မြစ်တစ်ဖက်ကမ်းမှ ရန်ကုန်မြို့ သို့ လာရောက်အလုပ်လုပ်သူများ၏ ခရီးသွားလာမှုကို ခံစားသိရှိနိုင်ရန် ဒလမြို့သို့ သွားရောက်လေ့လာခဲ့ဖူးပြီး လုပ်ငန်းခွင်ဝင်ရန် ခရီးဝေးလံသောခက်ခဲမှုကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
ဗြိတိန်သံအမတ်က ဒလမြို့ သို့ သွားရောက်လေ့လာစဉ် ဆိုက်ကားစီးနင်း၍ လေ့လာခဲ့ခြင်းဖြစ်ပြီး ယခုအခါဥရောပသ မဂ္ဂသံအမတ်က ဒလမြို့တွင် ကိုယ်တိုင်ဆိုက်ကားနင်း၍ ဒေသခံများ၏ ဘ၀ကို လေ့လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ကနေဒါသံရုံးမှ သံအမတ်ကတော် လင်ဒါမက်စ်ဒိုဝယ်လ်ကလည်း ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ကားအစီးရေ အလွန်များပြားနေ၍ ၎င်း၏ကား ယာဉ်ကြောရှုပ်ထွေးမှုထဲ ထပ်မံ မပါဝင်စေရန် ဆုံးဖြတ်ခဲ့သည်ဆိုကာ ခရီးသည်တင်ဘတ်စ်ကားများကို အသုံးပြုစီးနင်းလျက်ရှိသည်။
By
နေလင်းထွန်း    













































Source:7daydaily.com


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment