မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဘဝမှာ တိုးတက်အောင်မြင်ဖို့၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နိုင်ဖို့၊ ဘယ် လိုေ လ့လာသင်ယူနေထိုင်ရမလဲဆိုတာကိုအနုပညာလောကမှာ အမျိုးသမီးတေးရေးဆရာမ တစ်ယောက်အနေနဲ့ ထူးချွန်တဲ့ တေးရေးမေသော် ထံ မေးမြန်းဖြစ်ခဲ့ပါ တယ်။ တေးရေး မေသော်ရဲ့ ဖြေကြားချက်က
” အဓိကကတော့ မိမိကိုယ်ပိုင်စိတ်ဓာတ်နဲ့ စိတ်ထားတတ်ဖို့ပါပဲ။ မိမိကိုယ်သာလျှင် မိမိပိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ မိမိကိုယ်ကို ကောင်းအောင်၊ မိမိကိုယ်တိုင် ကစပြီး တန် ဖိုးရှိတဲ့သူ တစ် ယောက်ဖြစ်အောင်၊ ဘဝမှာ ရှင်သန်နေထိုင်ရမယ့် အချိန် တွေတိုင်းမှာ ရုန်းကန်လှုပ်ရှား မှုအားလုံး(အဆိုး၊အကောင်း)မှန်သမျှကို ရဲရင့်ပြတ်သားစွာ ရှင် သန်ရပါမယ်။ ရိုးသားစွာနဲ့ ကြိုးစားမှုတိုင်းအတွက် အောင် မြင်မှုရလဒ်ဆိုတာ အချိန်တစ် ခုခုမှာတော့ ပေးအပ်ခြင်းခံရမှာပါ” လို့ ပြောပါတယ်။
ဆက်လက်ပြီး အမျိုး သမီးတွေနဲ့ ပတ်သက်လို့ မကြာခဏတွေ့ရလေ့ရှိတဲ့အကြမ်းဖက်ခံရမှုတွေဘာကြောင့် ဖြစ်ပွားတာလဲဆိုတာကို တေးရေး မေသော်ထံ ဆက် လက် မေးမြန်းခဲ့ရာ ” အကြမ်းဖက်မှုတွေအတွက်ကတော့ ရှေးလူကြီးများပြောသလို ” အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ် ” ဆိုသလို အနေ၊ အထိုင်၊ အသွား အလာ၊ အပြောအဆို မတတ်ရင်ဖြစ်စေ၊ ကိုယ့်ဘဝ၊ ကိုယ့်ကုသိုလ် ကံမှာပါလာလို့ဖြစ်စေ အမျိုးသမီးများဟာ အကြမ်းဖက် စော်ကားမှုကို ခံရတတ်ပါတယ်။ အဓိကကတော့ မိမိတို့ နေထိုင်ရာပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းက အရေးကြီးပါတယ်” လို့ ပြောပြခဲ့ပါတယ်။ တေးရေးမေသော်ဆိုတဲ့နာမည်တစ်လုံးရအောင် အနုပညာလောကမှာ အမျိုးသမီးတေးရေးတစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့ရတဲ့ မှတ်မှတ် ရရအခက်အခဲ တချို့ကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ ” အခက်အခဲတွေက တစ်ခုထက်မကပါဘူး။ သို့ သ်ာလည်း အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ခြင်းဖြင့်သာ” လို့ တေးရေးမေသော်က ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအမျိုး သမီးများ နေ့နဲ့ ပတ် သက်လို့ တေးရေး မေသော်ရဲ့ ဂုဏ်ပြုစကားသံက ” အမျိုးသမီး၊ အမျိုးသားဆိုတဲ့ ခွဲခြားမှုဟာ စွမ်းဆောင်နိုင်မှုနဲ့ မသက်ဆိုင်ပါဘူး။ အရာရာအားလုံး နီးပါးကို စွမ်း ဆောင်နို င်တဲ့ မြန်မာအမျိုးသမီးတွေအများကြီးရှိပါတယ်။အဲဒီအတွက် ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။
မျိုးမောင်
Source:popularmyanmar.com
0 comments:
Post a Comment